နှစ်ဖက်တင်းမာမှုများ ဖြေလျှော့နိုင်မှ ယုံကြည်မှုတည်ဆောက်နိုင်မည်ဟု JMC–U ဒုဥက္ကဌ ပြော

0
143

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နှစ်ဖက်တပ်များ တင်းမာမှုအခြေအနေများ ကို ဖြေလျှော့နိုင်မှသာ ယုံကြည်မှုတည်ဆောက်နိုင်မည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC_U) ဒုတိယ ဥက္ကဌ(၂) သူရဦးဘိုနီက ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့၊ ဇွဲကပင် သဘာဝဟိုတယ်၌ ယမန်နေ့( မတ် ၃ဝရက်)က JMC မှ ဦးဆောင်ပြုလုပ်သည့် ̔ ပစ်ခတ်တိုက်ခိုက်မှှု ရပ်စဲ ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွင်း ယုံကြည်မှှုတည်ဆောက်ခြင်း၏ အရေးကြီးသော အခန်းကဏ္ဍ ပညာရှင်များ စကားဝိုင်း̕ တွင် ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ငြိမ်းချမ်းရေးယူပြီး ယုံကြည်မှှုတည် ဆောက်ပြီးတဲ့နောက် အရင်ကထက်စာရင် တိုးတက်မှှုအများကြီးရှိတာ တွေ့ရတယ်။ ယုံကြည်မှှုတည်ဆောက်တယ်ဆိုတာ နေ့ချင်းညချင်း ဝုန်းဒိုင်းလုပ်လို့မရနိုင်ဘူး။ တဖြည်းဖြည်းတော့ လုပ်ရမှာပဲ၊ အဲဒီတော့ ဘာအခက်အခဲရှိလဲ၊ ရှိတဲ့အခက်အခဲတွေကို တစ်ယောက်နဲ့တစ်ယောက်နားလည်အောင် ဖြေလျှော့ပြီးမှ လုပ်သွားမယ်ဆိုရင် မရနိုင်စရာအကြောင်းမရှိပါဘူး။”ဟု JMC-U ဒုဥက္ကဌ(၂) သူရဦးဘိုနီက ပြောသည်။

လက်ရှိတွင် တစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များနှင့်အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ယာယီဆိုင်းငံ့ထားမှုများရှိသော်လည်း JMC အနေဖြင့် ရပ်နားထား မည်မဟုတ်ဘဲ ငြိမ်းချမ်းရေးအထောက်အကူပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သူရဦးဘိုနီ က ပြောသည်။

အဆိုပါစကားဝိုင်းမှာ NCA-အကောင်အထည်ဖော်မှှုဆိုင်ရာများနှင့် ပတ်သက်ပြီး တိုင်းနှင့်ပြည်နယ်အသီးသီးရှိ JMC-S (ပြည် နယ်အဆင့်) အရပ်သားကိုယ်စားလှယ်များ၏ ၆ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးပြီးနောက် ပြုလုပ်သည့် စကားဝိုင်းဖြစ် ပြီး ယခုကဲ့သို့ပညာရှင်များပါဝင်သည့် ငြိမ်းချမ်းရေး အထောက်အကူပြုစကားဝိုင်းကို ဖားအံမြို့အပြင် တောင်ငူနှင့် မော်လမြိုင် မြို့များတွင် တစ်ကြိမ်စီ ကျင်းပပြုလုပ်ခဲ့ပြီဟု သိရသည်။

စကားဝိုင်းတွင် ပါဝင်တက်ရောက်သည့် KNU/KNLA-PC မှ တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးကြီးစောကျော်ညွန့်က “ယုံကြည်မှု တည်ဆောက်ခြင်းဟာ ညှိနှှိုင်းခြင်းဖြစ်ပါတယ်။ ယုံကြည်မှှုတည်ဆောက်ခြင်းရတယ်ဆိုရင်တော့ နိုင်ငံရေး ဆွေးနွေးပွဲမှာ အဆင် ပြေပါတယ်။ ယုံကြည်မှှုတည်ဆောက်တာတော့ တကယ်ခက်ခဲပါတယ်။ ခေါင်းဆောင်ကြီးတွေ နိုင်ငံရေးစားပွဲဝိုင်းမှာ သွားတွေ့ တဲ့အခါကျတော့ ပုဂ္ဂိုလ်ရေးအရ ဘယ်လောက်ပဲ ယုံကြည်မှှုရှိနေပါစေ သူနဲ့ဆက်နွှယ်နေတဲ့ သူ့ရဲ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေရဲ့ ယုံကြည်မှှုအကုန်လုံးပါလာအောင်တော့ နည်းနည်းလေးတော့ အချိန်ယူရမယ်။ ဒီနေ့လုပ်တဲ့ပွဲကတော့ လက်ရှိရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တစ်စုံတရာ အကျိုးရှိမယ်လို့ မျှော်လင့်တယ်”ဟု ပြောသည်။

ယမန်နေ့ စကားဝိုင်းတွင် ကရင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်များ၊ တပ်မတော် ကိုယ်စားလှယ် များ၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရဌာနဆိုင်ရာ အဖွဲ့ကိုယ်စားလှယ်များ၊ JMC အရပ်သားကိုယ် စားလှယ်များ၊ အရပ်ဖက်အဖွဲ့၊ အစိုးရမဟုတ်သော အဖွဲ့အစည်း-NGO/INGO၊ ပြည်နယ်ရှိဘာသာရေးခေါင်းဆောင်များနှင့် လူထုများ စုစုပေါင်း တစ်ရာကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here