“ ၂၀၂၀မှာ ငြိမ်းချမ်းရေးရ အောင်လုပ်မယ်ဆိုတာထက် ၂၀၂၀မှာ တစ်နိုင်ငံလုံး အပစ်ရပ်အောင်လုပ်မယ်ဆိုရင်တောင် ဖြစ်နိုင်ခြေရှိတယ်။ အထူးသဖြင့် တပ်မတော်ပေါ်မှာပဲ မူတည်တယ်”RISE ဒါရိုက်တာ နန်းမြသီတာနှင့် တွေ့ဆုံခြင်း

0
249

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ခြုံငုံသုံးသပ်ပြောဆိုပေးရန်အတွက် ကရင်ပြည်နယ်အခြေစိုက် (Research Institute for Society and Ecology – RISE) ၏ ဒါရိုက်တာ နန်းမြသီတာကို ကေအိုင်စီ သတင်းထောက် စအိုင်ဆူး က တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။

မေး – လက်ရှိ NCA ကို အခြေခံသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (ပြည်နယ်အဆင့်) မှာ CSOs/ Party/ MPs/ local Government တွေရဲ့ အခန်းကဏ္ဍ ဘယ်လိုအခြေအနေရှိပါသလဲ။ ဘယ်လိုပါဝင် လုပ်ဆောင်နေပါသလဲ။

အခုသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ယန္တရားက သူ့ရဲ့ Formal Process အရဆိုရင် ဒေသအလိုက် လူမျိုးအ လိုက်နဲ့ အကြောင်းအရာအလိုက် အဲ့မှာဆိုရင် CSO Forum ရှိတယ်။ တကယ်လို့ ပြည်နယ်အဆင့်လို့ ပြောမယ်ဆိုရင် ပြောလို့ရ တာက ဒေသအလိုက်က ဘာမှမလုပ်ရသေးဘူး။ သူတို့ မျက်နှာချင်းဆိုင်တောင် မတွေ့ရသေးဘူး။ ကော်မတီလည်း မဖွဲ့ရသေး ဘူး။ ဘာဆို ဘာမှ မစရသေးဘူး။ ပိုပြီးတော့ ဆိုးတာက ကျမတို့ ပြည်နယ်အဆင့်လို့ပြောမယ်ဆိုရင် အစိုးရကို ဦးဆောင်ဖို့အ တွက် ပေးထားတယ်။

ထူးခြားချက်အနေနဲ့ ပြန်ကြည့်မယ်ဆိုရင် အစိုးရမှာက လက်ရှိ NLD အစိုးရလက်ထက်ပေါ့။ အရင် ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဖွဲ့စည်းပုံမှာ သုံးဆင့်ရှိတယ်။ အပေါ်ဆုံးမှာ UPCC၊ သူက သမ္မတ ဦးဆောင်တယ်။ UPWC မှာက ဦးအောင်မင်း ဦးဆောင်တယ်။ ပြည်နယ်အဆင့်မှာဆိုရင် ပြည်နယ်ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဆိုပြီးရှိတယ်။ အဲ့ဒီ ပြည်နယ်ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီမှာ ဝန်ကြီးချုပ်ဦးဆောင်တယ်။ ပြီးရင် နယ်လုံပါတယ်။ တိုင်းရင်းသားရေးရာ ဝန်ကြီးပါတယ်။ ပြည့်စုံလားဆိုတော့ လွှတ်တော် အခန်းကဏ္ဍတော့ မပါဘူးပေါ့။ တိုင်းရင်းသားရေးရာဝန်ကြီးလို့ပြောရင် ကရင် ပြည်နယ်မှာက ကရင်ရေးရာဝန်ကြီးမရှိဘူး။ ပြည်နယ်အဆင့်ကို အသိအမှတ်ပြုထားတယ်။ နှိုင်းယှဉ်တာမဟုတ်ပေမဲ့ ဖွဲ့စည်းပုံ အရ ပိုပြီးတော့မှ ဆိုးလာတာကို လက်ရှိ NLD အစိုးရလက်ထက်မှာ Weak Point အနေနဲ့မြင်ရတယ်။ ညှိရတာခက်လာတယ်။

ခုနက ပြည်နယ်အဆင့် ၃ခုကို ဖျက်လိုက်ပြီးတော့မှ NRPC – အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကော်မ တီဆိုပြီး ဖြစ်လာတာ။ ပြန်ကြည့်မယ်ဆိုရင် သမ္မတအခန်းကဏ္ဍမရှိဘူး။ လက်ရှိ Peace Process မှာ။ ပိုပြီးတော့ ဆိုးတာက ပြည်နယ်အဆင့်မှာ အကုန်လုံးက ယန္တရားမရှိတော့ဘူး။ ဝန်ကြီးချုပ် အခန်းကဏ္ဍ မရှိတော့ဘူး။ ဝန်ကြီးချုပ်က ဦးဆောင်ရ မယ်ဆိုရင် Peace Process ကို ဝန်ကြီးချုပ်က မသိတော့ဘူး။ အစည်းအဝေးမှာ ဝန်ကြီးချုပ်တွေ တက်ခွင့်မရကြဘူး။ ရေးရာ ဝန်ကြီးတွေလည်း တက်ခွင့်မရဘူး။ လွှတ်တော်ဆိုရင် ပိုတောင်ဝေးသေးတယ်။

အဲ့ဒါကြောင့်မို့ ကျမတို့ ဒီပြည်နယ်အဆင့် ဒေသအလိုက်ပေါ့။ ပြည်နယ်အစိုးရ ဦးဆောင်ရမဲ့ ဒေသအလိုက် နိုင်ငံရေး ဆွေးနွေးပွဲတွေမှာဆိုရင်တော့ တခြားတိုင်းနှင့်ပြည်နယ်တော့ မသိဘူးပေါ့နော်။ ကရင်ပြည်နယ်မှာကျတော့ ပြည်နယ်ဝန်ကြီး ချုပ်ရဲ့ အခန်းကဏ္ဍမရှိတဲ့အခါမှာ ဘာဆိုဘာမှ မစရသေးဘူးပေါ့။ အဲ့တစ်ခုတော့တွေ့ရတယ်။ ပြည်နယ်အဆင့်မှာပြောမယ်ဆို ရင် Peace Process ပတ်သက်ပြီး လုပ်ပိုင်ခွင့်(Mandate)အာဏာရှိမနေဘူး။ အဲ့ဒီဟာကိုပြန်ကြည့်မယ်ဆိုရင် CSO၊ နိုင်ငံရေးပါ တီတွေက တပိုင်းထားလေး။ သမ္မတရဲ့အခန်းကဏ္ဍ၊ ဝန်ကြီးချုပ်တွေရဲ့အခန်းကဏ္ဍမရှိဘူးဆိုတော့ စဉ်းစားစရာတွေ ဖြစ်လာ တာပေါ့။ ဒါပေမဲ့ လုံ/နယ် – လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးရဲ့ အခန်းကဏ္ဍက ပိုကြီးမားလာတယ်။ ဘာကြောင့်လဲဆိုရင် JMC – ပစ်ခတ်တိုက်ခိုက်မှုပူးတွဲစောင့်ကြည့်ရေးကော်မတီမှာ သူ ပါနေတယ်လေ။ Peace Process ကို လုံခြုံရေးနှင့် နယ်စပ်ရေး ရာဝန်ကြီးက ပိုကိုင်တွယ်လာသလိုဖြစ်တယ်။

အခု Public Consultation (လူထုသဘောထားရယူမှု) တို့လိုမျိုး အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတို့မှာ များသောအားဖြင့် နယ်စပ်ရေးရာဝန်ကြီးကနေပြီးတော့မှ စာထုတ်ပြီးတော့မှ ဒါကို မလုပ်ဖို့ တားမြစ်တာတွေ တွေ့ရတယ်။ တကယ့်မူရင်းအနစ်သာရဖြစ်တဲ့ နဂိုရည်မှန်းထားတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ဆိုတော့ သမ္မတနဲ့ ဝန်ကြီး ချုပ်အခန်းကဏ္ဍ မပါလာတဲ့ဖြစ်စဉ်မှာ ဘယ်ဆီရောက်လဲ။ နောက်ပြီး ကြားကာလကို အကောင်အထည်ဖော်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ အခန်းကဏ္ဍမှ မရှိဘဲ။ ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်ရဲ့ ပူးပေါင်းဆောင် ရွက်မှု မရှိလာတဲ့အခါမှာ ကြားကာလလိုမျိုး ခုန IDP လို ကိစ္စမျိုးတို့လိုမျိုး စကားပြောရတာ ခက်လာတယ်။

မေး – ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေမှာ ငြိမ်းချမ်းရေးအတွက် ဘယ်လိုအပေးအယူ ညှိနှိုင်းချက်မျိုးတွေ လိုအပ် နေတယ်လို့ ထင်ပါသလဲ။

Political Dialogue က ပညာရှင်တွေ ပြောတာကတော့ compromise (အပေးအယူလုပ်ခြင်း)ပေါ့။ compromise လို့ပြောပေမဲ့ ကျမတို့ နိုင်ငံကိုပြန်ကြည့်ရမယ်ဆိုရင် ဘယ်သူနဲ့ ဘယ်သူက အပေးအယူလဲပေါ့။ အစိုးရရယ်၊ တပ်မတော်ရယ်၊ EAO(တိုင်းရင်သားလက်နက်ကိုင်အဖွဲ့အစည်း)တွေရဲ့ အပေးအယူလားပေါ့။ ဒါဆို နိုင်ငံတော်ဆိုတာ ဘယ်လို အဓိပ္ပာယ်လဲပေါ့။ ကျမတို့ အချုပ်အခြာအာဏာ ဘယ်က ဆင်းသက်လာသလဲပေါ့။ တကယ်လို့ အပေးအယူလို့ပြောရင် ကျမ မြင်တာကတော့ ခေါင်းဆောင်တွေပဲလို့မြင်တယ်။ ဆိုတော့ Inclusiveness မဖြစ်ဘူးပေါ့။

ဒီနိုင်ငံရဲ့ Concept ကိုပြန်ကြည့်မယ် ဆိုရင် ကျမတို့ နိုင်ငံက လွတ်လပ်ရေးနဲ့အတူ ပြည်တွင်းစစ်ဖြစ်တာလေး။ ဖြစ်တဲ့ ပြဿနာက ဒီဖွဲ့စည်းပုံအခြေခံ ဥပဒေကိုး။ ပြည်သူကို ကိုယ်စားပြုပြီးတော့မှ ပြည်သူက ယုံကြည်ပြီး ပြည်သူက ကျေနပ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေက ဒီနိုင်ငံမှာမဖြစ်ခဲ့လို့ ကျမတို့ ပြည်တွင်းစစ်ဖြစ်ခဲ့တာ။ ပြဿနာက အဲ့ဒါဖြစ်တယ်။ အုပ်ချုပ်ခံပြည်သူရဲ့ ဆန္ဒကိုမထင်ဟပ်တဲ့ အုပ်ချုပ်ခံပြည်သူကို အကာအကွယ်မပေးနိုင်တဲ့ ပြည်သူတွေကလည်း ယုံကြည်ထိုက်တဲ့ ဖွဲ့စည်းပုံအခြေ ခံဥပဒေ မဟုတ်လို့ ပြည်တွင်းစစ်ဖြစ်ခဲ့တာ။ တိုင်းရင်းသားတွေကလည်း တန်းတူမဟုတ်လို့ သူတို့လည်း မယုံကြည်လို့ ဒီဟာ ဖြစ်ခဲ့တာလေးနော်။ ၂၀၀၈မှာကလည်း အချုပ်အခြာအာဏာက ပြည်သူကနေ ဆင်းသက်လာရမယ်လို့ ရေးထားတာကိုး။ အခုသွားနေတဲ့ Peace Process က အများသဘောဆန္ဒနဲ့ ဒီနိုင်ငံကို ဘယ်လိုပြန်လည်တည်ဆောက်မလဲပေါ့။ လူ့ဘောင်ရဲ့ ကဏ္ဍအသီးသီးက ကိုယ်စားလှယ်အချင်းချင်းက ဆွေးနွေးတဲ့ဖြစ်စဉ်ကို သူက လုပ်မှာကို။
ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲရလဒ်နဲ့အညီ ပြည်ထောင်စုကို တည်ဆောက်မယ်လို့ သူတို့ပြောတယ်။ နိုင်ငံရေးဆွေးနွေးပွဲနဲ့အညီလို့ဆိုရင် ဘယ်သူက ဆွေးနွေးမလဲ ကဏ္ဍအစိတ်အပိုင်းအသီးသီးက ကိုယ်စားလှယ်တွေက ဆွေး နွေးကြမှာလား။ ဘယ်လိုဆွေးနွေးမလဲ။ ဒီနိုင်ငံကို အများသဘောဆန္ဒနဲ့အညီ ဘယ်လိုပြန်လည်ထူထောင်မလဲ။ ဒါဆိုရင် ဖယ်ထားခြင်းခံရတဲ့ လူ့ဘောင်အတွင်းမှာကြားရလေ့မရှိတဲ့ အုပ်စုတွေရှိတယ်၊ ဒေသတွေရှိတယ်။ သူတို့ရဲ့ အသံတွေကို ဒီနိုင်ငံ လုံးဆိုင်ရာတွေ့ဆုံဆွေးနွေးခြင်းမှာ ကျမတို့ ဘယ်လိုပါဝင်လာအောင် လမ်းဖွင့်ပေးမလဲ အဲ့ဒီအပေါ်မှာ ပြန်မူတည်တယ်လို့ထင် တယ်။ အပေးအယူကဆိုတော့ လမ်းဖွင့်ပေးလဲ All inclusive(လူတိုင်းပါဝင်မှု) မပါပဲနဲ့ ဒီရဲ့ ကြားခွင့်မရတဲ့ အုပ်စုတွေရဲ့ အသံတွေမပါဘဲနဲ့ ဒီနိုင်ငံကို ကျမတို့ တည်ဆောက်လို့ရပါ့မလားပေါ့။

မေး – 2018 အတွင်း Peace Process ရဲ့ တရားဝင်ဆွေးနွေးပွဲတွေကို KNU ယာယီရပ်ထားတာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဘယ်လိုသက်ရောက်မှုမျိုးဖြစ်ခဲ့သလဲ။

ငြိမ်းချမ်းရေး ဖြစ်စဉ်ကိုသွားတဲ့အခါမှာ Review (ပြန်လည်ဆန်းစစ်မှု)တွေလည်းလုပ်ဖို့လိုတာကို။ သူတို့ လုံလောက်တဲ့ Review လုပ်ရဲ့လားပေါ့။ ပြီးတော့ အခြေခံမူ ၁၁ချက်လို့ပြောတယ်။ အဲ့အခြေခံမူ ၁၁ချက်က အဲ့ဒီမူအတိုင်း အကောင်အထည် ဖော်ရဲ့လား။ အဲ့ဒါကို ပြန်သုံးသပ်တဲ့အခါမှာလည်း ဘယ်လောက်အထိ သုံးသပ်ပြီး ပြင်ဆင်ပြီးပြီးလဲဆိုတဲ့အပေါ်မှာ မူတည် တယ်။ အခုသွားနေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်က ပြည်သူပါဝင်မှု အရမ်းနည်းတယ်။ အောက်ခြေမှာတောင်မှ Public consultation တို့မှာ ပြည်သူနဲ့ လွတ်လွတ်လပ်လပ်တွေ့ဆုံနိုင်တဲ့ အခင်းအကျင်းက မရနေဘူး။ အဲ့ဒီအပေါ်မှာလည်း ပြန်ပြီးတော့မှ စဉ်းစားသုံး သပ်ဖို့လိုတယ်။ တကယ်ကို အများသဘောဆန္ဒနဲ့ ဒီနိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ ဖြစ်စဉ် ဖြစ်ရဲ့လားပေါ့။ KNU ယာယီရပ် ဆိုင်းတာ Ten plus ten နောက်ပိုင်းမှာလေးနော်။ Ten plus ten မှာ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်က ဘာတွေလဲ ကျမလည်း လိုက်ရှာကြည့်တာ မတွေ့ဘူး။

ဒါပေမဲ့ ကျမတို့ ကြားသလောက်က (ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူတွဲကော်မတီ)UPDJC Working commi-ttee ကနေပြီးတော့ အထက်အောက် ပုံစံမျိုးပြန်ဆင်းဖို့အတွက် အဲ့ဒီဆုံးဖြတ်ချက်ပါတယ်လို့ ကျမတို့ကြားတယ်။ တကယ်လို့ အဲ့လို ဖြစ်တယ်ဆိုရင် ကျမတို့ ဒီရဲ့အောက်ခြေပြည်သူတွေ ပြည်နယ်တွေရဲ့ သဘောဆန္ဒတွေမပါဘဲနဲ့ ကျမတို့ ပြန်ကြည့်ရင် UPDJC(ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူတွဲကော်မတီ)ရဲ့ ယန္တရားတည်ဆောက်မှုမှာ လူ ၅၀ထက်မပိုဘူး။ အဓိက က တော့ လုပ်နေတဲ့ သူက ၃၀နဲ့အရန်အနေနဲ့ဆိုရင် ၅၀လောက်ပေါ့။ ဒီနိုင်ငံရဲ့ အရေးအရာကို အဓိက လူ ၃၀နဲ့ ဆုံးဖြတ်လိုက်တာ က အဆင်ပြေပါ့မလားပေါ့။ EAO ဘက်ကလည်း တောက်လျှောက် ပမ်းလာပြီလေးနော်။ သွားရင်း သွားရင်းနဲ့ ပြန်မသုံးသပ်နိုင် ဘူး။ မူဘောင်ကိုပြန်ကြည့်မယ်ဆိုလည်း ဆုံးဖြတ်ချက်ချမှတ်ခြင်း ယန္တရားမှာလည်း ကနေ့အထိ တိတိပပ ဘယ်လိုဆုံးဖြတ်မှ ဒီ UPC မှာ ဆုံးဖြတ်ချက်ချမယ်ဆိုတဲ့ အများသဘောဆန္ဒနဲ့ဆုံးဖြတ်ချက်ကို မရနေဘူး။ အဲ့ဒါမရဘဲနဲ့ UPC က တောက်လျှောက် သွားနေတယ်။ အဲ့မှာ အစာမကြေဘဲနဲ့ ၃၇ချက်ကျလာတယ်။ နောက်ထပ် ဒရွတ်တိုက်ပြီးဆက်သွားတယ်။ အဲ့လိုသွားရင်းနဲ့ပဲ နောက်ထပ် ၁၄ချက်က အစာမကြေပဲနဲ့ ထပ်ကျလာတယ်။

အဲ့မှာ ကေအဲန်ယူက နည်းနည်း Alert သတိဝင်လာတယ်။ အဲ့ကနေ တောက်လျှောက်ပေါ့။ အဆင်မပြေမှုတွေဖြစ် တယ်။ သူတို့သွားနေတဲ့ ဖြစ်စဉ်အပေါ် ယုံကြည်မှု သိပ်မရှိတော့ဘူး။ သက်ရောက်မှုကတော့ နည်းနည်းငြိမ်သွားတယ်။ ဒရွတ် တိုက်မဖြစ်တော့ဘူးပေါ့။ ပြည်သူ့အသံတွေကို တိုင်းရင်းသားလက်နက်ကိုင်တွေက နည်းနည်းလေး ပြန်နားထောင်လာတယ်။
နောက်ပြီး ပညာရှင်တွေရဲ့ သုံးသပ်ချက်၊ အကြံပြုချက်တွေကို နားထောင်မဲ့အချိန်ပိုရလာမယ်။ အဲ့ဒီအပေါ်မှာ သူတို့ အဖွဲ့အ စည်းအတွင်းမှာကော အဖွဲ့အစည်းအပြင် ဒီမိုကရေစီ အင်အားစုထဲမှာကော တခြားသော ပညာရှင်တွေကြားမှာပေါ့ ပြန် ပြီးတော့ ဆွေးနွေးတဲ့အချိန်ပိုရလာပြီးတော့မှ တော်တော်ကြီးကို လေးလေးနက်နက် ဘယ်လို နောက်တစ်ဆင့်ကို ဆက်သွားမ လဲ review လုပ်ပြီး ဘယ်လို reform လုပ်မလဲဆိုတဲ့အခြေအနေအပေါ်မှာတော့ လေးလေးနက်နက် ပြန်စဉ်းစားနေတဲ့ အချိန်ရ သွားတယ်လို့တော့ ကျမမြင်တယ်။

မေး – အခုက အလွတ်သဘောတွေ့ဆုံမှုတွေနဲ့ သွားနေတဲ့အခြေအနေအရကော ငြိမ်းချမ်းရေးဖြစ်စဉ်က အပြောင်းအလဲတွေ ထပ်ရှိလာနိုင်မယ်လို့ ထင်သလား။ ဘယ်လို ပြောင်းလဲမှုတွေဖြစ်လာနိုင်သလဲ။

အလွတ်သဘောလို့ပြောရင် လွတ်လွတ်လပ်လပ်ရှိဖို့လိုသလို ဆွေးနွေးပွဲရဲ့ အခင်းအကျင်းမှာ တစ်ယောက်နဲ့တစ် ယောက် ဘယ်လောက်အထိ စကားပြောလို့ရမလဲ၊ ရင်ဖွင့်ခွင့်ရမလဲ။ အဆင်မပြေတာကို ပြောလို့ရမလဲ။ အရမ်းကြီး တင်းတင်း ကြပ်ကြပ်ကြီးမရှိတဲ့ လွတ်လပ်တဲ့တေ့ွဆုံ ဆွေးနွေးမှု နဖူးတိုက် ဒူးတိုက်အဲ့လို ဟုတ်ရဲ့လားပေါ့။ ဒါပေမဲ့ အရင် ဦးအောင်မင်း လက်ထက်ကဆို သူကိုယ်တိုင်လိုက်တွေ့တယ်။ အဆင်မပြေရင် သူကိုယ်တိုင်မေးတယ်။ လွတ်လွတ်လပ်လပ်ပြောခွင့်ရှိတယ်။ လက်ဖက်ရည်သောက်ရင်း၊ ညစာစားရင်းနဲ့ ပြောခွင့်ရတယ်။ သူကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိတဲ့ တောထဲနေ ရာတွေအထိ သွားပြီးတော့မှ ဘယ်လိုဖြစ်လို့လဲ အဲ့ဒါကို နားလည်အောင် သူကြိုးစားတယ်။

ဒါပေမဲ့ အခု NLD အစိုးရလက်ထက် ငြိမ်းချမ်းရေးကော်မရှင်ကော NRPCဘက်ခြမ်းကော တပ်ဘက်ခြမ်းကော တွေ့တဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုက အလွတ်သဘော မဆန်ဘူးလို့မြင်တယ်။ စိတ်လုံခြုံပြီးတော့မှ တကယ်ကို နွေးထွေးတဲ့ ရင်ဖွင့်ပြီးတော့မှ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ် ဆွေးနွေးတိုင်ပင်လို့ရတဲ့ အခင်းအကျင်း မဟုတ်ဘူးလို့တော့ ကျမအဲ့လိုမြင်တယ်။ ဆိုးလားဆိုတော့လည်း အခင်းအကျင်းကတော့ ဆိုးတယ်ပေါ့။ အကောင်းဘက်ခြမ်းက ပြန်ကြည့်တယ်ဆိုရင် ဖြစ်စဉ်က ဆက်ရှိနေသေးတယ်။ စကားပြောလို့ရသေးတယ်ပေါ့။

မေး – KNU အကြားမှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး သဘောထား ကွဲလွဲမှုတွေ ရှိနေတာပေါ့။ အခုဆိုရင် အဖွဲ့တွင်း ဟန်ချက်ညီညီ သွားနေပြီးလို့ ယူဆသလား။

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ အောင်မြင်သွားတာလဲ ၁၆ရာခိုင်နှုန်းသော နည်းပညာအထောက်အကူပြု ယန္တရား (Technical Support Mechanism) ရှိနေလို့ အားကောင်းခဲ့လို့ တော်တော် အောင်အောင်မြင်မြင်နဲ့ ကရင်အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကို ကျမတို့သွားခဲ့တယ်။ ဒီအတိုင်းပဲ လူမျိုးအလိုက်၊ ဒေသအလိုက် CSO ဖိုရမ်မှာပဲ ပြောပြော Technical Support Mechanism ဘယ်လောက်အားကောင်းလဲပေါ့။ အဲ့လိုမျိုးပဲ KNU ကြားမှာလည်း တစ်ဖွဲ့ချင်းအထဲမှာလည်း Technical Support Mechanism ဘယ်လောက်အားကောင်းလဲ။ အထူးသဖြင့် Communication ပေါ့။

အရှေ့က သွားနေတယ်။ အနောက်ကသူတွေက ဘာသတင်းအချက်အလက်မှမရဘူး။ ဘာကြောင့် ဒီလို ဆုံးဖြတ် လိုက်တာလဲဆိုတဲ့ နားလည်မှုပေါ့။ သူ့ရဲ့ဆုံးဖြတ်ရခြင်းရဲ့ အကြောင်းပြချက်ပေါ့။ အဲ့ဒီအပေါ်မှာ အကျေအလည်မရှိနေရင်တော့ သဘောထားကွဲလွဲမှုတော့ ရှိမှာပဲ။ သွားနေတဲ့အရှိန်က တအားမြန်တယ်လေး။ နေ့တိုင်းနီးပါး ပဒိုကွယ်ထူးဝင်းတို့က အစည်းအ ဝေးတွေရှိနေတာ။ လုံးဝ မအားကြဘူးပေါ့။ ကေအဲန်ယူ ဗဟိုကော်မတီ ဝင်တော်တော်များများက အမြဲတမ်းအစည်းအဝေး အစည်းအဝေးဖြစ်နေတာ ပြည်သူတွေနဲ့ တွေ့ခွင့်မရနေဘူးပေါ့။ သူတို့အဖွဲ့အချင်းချင်းကြားတောင် တွေ့ခွင့်မရနေဘူး။ အခုသူတို့ ယာယီရပ်ဆိုင်းတဲ့အပေါ်မှာ အဖွဲ့တွင်းဟန်ချက်ညီညီ သွားနိုင်ဖို့က သူတို့အချိန်ရသွားတယ်လိ့ုတော့ မြင်တယ်။

မေး – NCA လမ်းကြောင်းမှာ မူဘောင်အချို့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ ပြောကြရှိပါတယ်၊ ဘယ်လို အကြောင်းအရာ အချက်ကို အဓိကပြင်သင့်တယ်လို့ ထင်ပါသလဲ။ ဘယ်လောက် အတိုင်းအတာထိ ပြုပြင်နိုင်ပြီလို့ ယူဆသလဲ။

ကျမအနေနဲ့က ဆွေးနွေးပွဲတစ်ခုလုံးမှာပါမနေတော့ ပွဲကြည့်ပရိဿတ်တစ်ယောက်အနေနဲ့ ဘယ်လို မူဘောင်တွေကို ပြုပြင်ပြောင်းလဲရမလဲဆိုတာ ပြောဖို့ခက်ခဲတယ်။ NCA မှာကျမတို့ ပြန်ကြည့်မယ်ဆိုရင် NCA ရဲ့ အခြေခံမူမှာ ပထမဆုံး အခြေ ခံမူ (၁)မှာ အပစ်ရပ်ဖို့ပါတယ်။ တကယ်ပဲ တပ်မတော်က အပစ်ရပ်ဖို့ ဒီကနေ့အထိ ဘာလို့ မကြေငြာသေးတာလဲ။ အဲ့ဒီအခြေခံမူ ရဲ့ ပထမအဆင့်ကို မစနိုင်ဘဲနဲ့ ဒီနိုင်ငံရေးဆွေးနွေးပွဲကို မသွားနိုင်ဘူးလို့ မြင်တယ်။

အခြေခံမူ (ခ)မှာ လက်နက်ကိုင်ပဋိပက္ခအ ဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဦးစွာဆောင် ရွက်ရန်လို့ပါတယ်။ အဲ့မှာမှ တိုင်းရင်းသားပေါင်းစုံပါဝင်တဲ့ ပြည်ထောင်စုဆိုင်ရာကိစ္စရပ်တွေကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲမှာ ထည့်သွင်းစဉ်းစားဖို့ဆိုတော့ တကယ်တမ်း EAO ဘက်ခြမ်းက တစ်ခုတည်းသောတပ်မတော်ကို လက်ခံတယ်လို့မြင်တယ်။ ဒါပေမဲ့ ဘယ်လိုတပ်မတော်မျိုးလည်း ဆိုတာကိုပဲ မေးခွန်ပြန်ထုတ်ကြတာတွေ့ရတယ်။ နောက်တစ်ခုက ကျမတို့ နိုင်ငံတော်ကို လူမျိုးပေါင်းစုံ၊ နောက်ခံသမိုင်း ရိုးရာ ယဉ်ကျေးမှု၊ ဘာသာစကား အမျိုးသားလက္ခဏာ မတူကွဲပြားမှုတွေကို လက်ခံအသိအ မှတ်ပြုပြီးတော့မှ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံတို့နဲ့ တည်ဆောက်ထားတဲ့ ပြည်ထောင်စု လက္ခဏာတစ်ရပ်ကို နိုင်ငံသားအား လုံး စုပေါင်းဖော်ဆောင်ဖို့ဆိုပြီး အခြေခံမူမှာပါတယ်။ တကယ်ပဲ အဲ့လောက်ထိကို ဖွင့်ပေးရဲ့လား။ ဘာဖြစ်လဲဆိုရင် လွတ်လွတ် လပ်လပ်တောင် လူထုတွေ့ဆုံပွဲတွေ မပေးဘူး။ စကားပြောခွင့်တွေ မပေးဘူး။ NCA ထဲမှာပါတဲ့ အဲ့လိုအခြေခံမူတွေကိုပဲ လိုက်နာပါအုံးပေါ့နော်။

မေး – အပစ်ရပ်စောင့်ကြည့်ရေး ပူးတွဲကော်မတီ (ပြည်နယ်အဆင့်) JMC State level အနေနဲ့ စောင့်ကြည့်ရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဆောင်ရွက်နေမှု အခြေအနေ ဘယ်လိုရှိတယ်လို့ ထင်မိပါသလဲ။

JMC အနေနဲ့က အတွင်းရေးကိစ္စတွေဖြစ်တဲ့အတွက် ကျမတို့လည်း မသိရဘူး။ Public consultation တွေမှာ ထုတ် ပြောနေတာတွေကိုလည်း ကျမတို့ မကြားနေရဘူး။ အထူးသဖြင့် JMC State Level အနေနဲ့ စာအုပ်ထုတ်တာတို့၊ ပြည်သူ နဲ့တွေ့ပြီးတော့မှ စွမ်းရည်မြင့်သင်တန်းမျိုးတွေ၊ JMC လုပ်ငန်းတွေ ချပြတာတို့ အဲ့ဒါတော့ တွေ့ရတယ်။ ဒါပေမဲ့ ယေဘုယျ ခြုံကြည့်မယ်ဆိုရင် ပြည်သူက စိတ်ဝင်စားမှု တအား အားနည်းတယ်။ အထူးသဖြင့် JMC ရဲ့ အနှစ်သာရက ဒီအပစ်အခတ် ရပ်ဆိုင်းတာကို ခိုင်မာဖို့ဖြစ်တယ်။ အဲ့ဒါကြောင့် အပစ်က ရပ်လား၊ မရပ်လား ဘယ်သူက စည်းကမ်းဖောက်လဲဆိုတာ စစ်ရေး ဆိုင်ရာ လိုက်နာရမဲ့ စည်းမျဉ်းစည်းကမ်းအပေါ်မှာ မူတည်တာပေါ့။ အပစ်ရပ်တာကို ခိုင်မာဖို့ ဖွဲ့ထားတဲ့ ယန္တရားဖြစ်တဲ့အတွက် အပစ်ရပ်တာခိုင်မာဖို့ဆိုရင် ယုံကြည်မှုတည်ဆောက်ခြင်းကို အားပေးရမဲ့ ယန္တရားဖြစ်တယ်။ ပြည်သူတွေ ပါဝင်မှုကိုလည်း တံခါးဖွင့်နိုင်သလောက်ဖွင့်ပေးရမဲ့ တာဝန်ရှိတယ်။ ဒါပေမဲ့ တကယ်တမ်း မေးခွန်းထုတ်စရာရှိတာက JMC ရဲ့ အခန်းကဏ္ဍက အဲ့လောက်ဟုတ်ရဲ့လားပေါ့။

မေး – တပ်မတော်မှ ခွဲမထွက်ရနဲ့ တစ်ခုတည်းသောတပ်မတော် တည်ဆောက်ရေး သဘောတူချက် တောင်းခံတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ၊ ဘာပြောချင်ပါသလဲ။

တပ်ချုပ်ရဲ့ မိန့်ခွန်းမှာပါတယ်။ သူ့မိန့်ခွန်းမှာတော့ NCA အခန်း (၁)မှာပါတဲ့ အခြေခံမူ ၁၁ချက်အတိုင်း လိုက်နာဖို့။ NCA ပါ လမ်းပြမြေပုံအတိုင်းဆောင်ရွက်ဖို့ တို့တာဝန်အရေး သုံးပါး၊ လောကပါလာ ၃ပါး ဒါတွေသူပြောတယ်။ ခွဲမထွက်ရနဲ့ တစ်ခုတည်းသောတပ်မတော်ကိစ္စလည်း သူပြောတယ်။ ကျမတို့ ငြိမ်းချမ်းရေးဖိတ်ခေါ်တုန်းက ပြည်နယ်အဆင့်မှာ အခြေခံမူ (၅)ချက်၊ ပြည်ထောင်စုအဆင့်မှာ မူ (၈)ချက်ရှိတယ်။ မူ (၈)ချက်ရဲ့ ပထမဆုံးမူက ပြည်ထောင်စုမှ ခွဲမထွက်ရ မူပါတယ်။ ပြီးတော့ နောက်ဆုံးတစ်ချက်က တစ်ခုတည်းသော တပ်မတော်လည်းပါတယ်။

ဒါပေမဲ့ ဒေါက်တာဆလိုင်းလျံမှုန်း ပြန်ထုတ်တဲ့ စာမှာက သူက (၄)ချက်ကို လက်ခံပြီး ကျန် (၄)ချက်ကို လက်မခံ ဘူးပေါ့။ အဲ့မှာ (၄)ချက်ကို လက်ခံတော့ (၁)(၂)(၃)(၄)မှာ (၁)က ပြည်ထောင်စုကနေ ခွဲမထွက်ရက ပါပြီးသားဖြစ်တယ်။ ဒီအချိန်မှာမှ ဘယ်လိုဘာညာက တစ်မျိုးပေါ့နော်။ ဆိုတော့ NCA ထိုးဖို့ ဖိတ်ကတည်းက ပါတဲ့ (၅)ချက်(၈)ချက်က လက်ခံလို့ ဝင်တာလားပေါ့။

မေး – ၂၀၂၀ခုနှစ်မှာ ငြိမ်းချမ်းရေးရအောင်လုပ်ဆောင်မယ်ဆိုပြီး တပ်မတော်ဘက်က ပြောဆိုတဲ့အပေါ် ဘယ်လိုမြင်သလဲ။

ဖြစ်မှမဖြစ်နိုင်တာလေးနော်။ ငြိမ်းချမ်းရေးဖြစ်စဉ် မသိတဲ့သူကိုသွားမေးရင်သိနိုင်တာပဲ။ လောလောဆယ်ဖြစ်နေတဲ့ တိုက်ပွဲတွေတောင် ရပ်ဖို့တောင် မဖြစ်နိုင်တဲ့ဟာ ငြိမ်းချမ်းရေး ရဖို့ဆိုတာဝေးရောပေါ့။ ကျမက အခု ၂၀၂၀မှာ ငြိမ်းချမ်းရေးရ အောင်လုပ်မယ်ဆိုတာထက် ၂၀၂၀မှာ တစ်နိုင်ငံလုံး အပစ်ရပ်အောင်လုပ်မယ်ဆိုရင်တောင် ဖြစ်နိုင်ခြေရှိတယ်။ အထူးသဖြင့် တပ်မတော်ပေါ်မှာပဲ မူတည်တယ်။

မေး – မြန်မာ့ငြိမ်ချမ်းရေးမှာ နိုင်ငံတကာရဲ့ ပါဝင်မှုအခန်းကဏ္ဍ အခြေအနေကို ဘယ်လိုသုံးသပ်မိပါသလဲ။ ကရင်ပြည်နယ် အပေါ် ဘယ်လိုသက်ရောက်မှုရှိတယ်လို့ မြင်ပါသလဲ။

သက်သေထိုးထားတဲ့ နိုင်ငံတွေပေါ့။ ကျမအနေနဲ့က သူတို့တွေကို ဘာမေးခွန်းမှ မထုတ်ဘူးလားပေါ့။ NCA Deadlock ဖြစ်နေတဲ့အပေါ်မှာ။ ထုတ်ရင်လည်းထုတ်မှာပေါ့နော်။ ကျမတို့ မသိတာလည်းဖြစ်မယ်။ ဒါပေမဲ့ NCA ကို တချို့သော ဆွေးနွေးပွဲ တွေမှာ ကျမတို့ ပြန်ကြားမိတာက NCA က ထောင်ချောက်လို့ပြောတယ်။ ဘာကိုပြန်ပြီး သုံးသပ်လဲဆိုရင် ၁၉၉၄မှာ ကချင်တွေ က လက်မှတ်ထိုးတယ်။ ၁၉၉၅မှာ ကျောက်စိမ်းဥပဒေထွက်တယ်။ ကျောက်စိမ်းဥပဒေထုတ်လိုက်တော့ မကြာဘူး ကချင်ပြည် နယ် မြေပေါ်မြေအောက် ကုန်သွားတယ်။ အရင်တုန်းက အစိုးရဘက်ခြမ်းက ကျောက်စိမ်းနဲ့ပတ်သက်ပြီးတော့မှ စီမံကိန်းတွေ လုပ်ချင်ရင်တောင်မှ KIO/KIA မှာ ခွင့်ပြုချက်တောင်းရတယ်၊ ညှိနှိုင်းရတယ်။ ၁၉၉၅နောက်မှာတော့ ညှိနှိုင်းစရာမလိုတော့ဘူး။ နေပြည်တော်မှာသွားပြီးတော့ တရုတ်တွေက စာချုပ်ချုပ်လိုက်ရင် စိတ်ကြိုက်တူးလို့ရသွားပြီး။

အဲ့မှာတိုင်းရင်းသား EAO တွေရဲ့ အခန်းကဏ္ဍက အရမ်းကျတယ်။ အဲ့လို Bilateral ထိုးခြင်းသည် အနောက်အုပ်စု ပေါ့နော်။ နိုင်ငံတကာက သူက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဂရုစိုက်စရာ မလိုတော့ဘူး။ Legal Agreement ရှိပြီးသားဖြစ်တဲ့အတွက် ပြည်ထောင်စုအစိုးရနဲ့ လက်မှတ်ထိုးရင် ပြီးပြီးဆိုတဲ့ ပုံရိပ်ကို ဖမ်းတယ်။ အဲ့အတိုင်းပဲ NCA ထိုးပြီးလာတဲ့အချိန်မှာ တော်တော်များများ အသံတွေ ညံလာတာက မြေလွတ်မြေရိုင်းဥပဒေ တိုင်းရင်းသားနယ်မြေတွေ ကို သိမ်းခွင့်ပေးလိုက်တဲ့ ဥပဒေလို့ သူတို့က ပြောတယ်။ နောက်ပြီးတော့ ကာဆီနိုဥပဒေ ဒါတွေကလည်း တိုင်းရင်းသားဒေသ တွေမှာပဲရှိနေတော့ လောလောဆယ် ကရင်ပြည်နယ်မှာရောက်နေပြီး တရုတ်တွေ။

ဒီဥပဒေတွေကို တိုင်းရင်းသားတွေရဲ့ အသံမပါဘဲနဲ့ လျစ်လျူရှုပြီးတော့ လုပ်လိုက်တာဖြစ်တယ်။ စာချုပ်လက်မှတ် ထိုးလိုက်တာနဲ့ တိုင်းရင်းသားဒေသတွေ ဆုံးရှုံးလိုက်တာပဲ။ အခုဆိုရင် ဝင်လာပြီး Free Trade Zone တွေ။ ဆိုတော့ UPC က သဘောတူလိုက်တဲ့ (၅၁)ချက်ကိုတောင်မှ လိုက်နာမယ်ဆိုရင်တောင်မှ တိုင်းရင်းသားတွေအပေါ်မှာ မလုပ်သင့်ဘူး။ သက်သေ နိုင်ငံတွေကကော သူကိုယ်တိုင် သက်သေထိုးထားတဲ့ စာချုပ်ပေါ်မှာ သူကိုယ်တိုင်တောင်မှ တန်ဖိုးမထားဘူး၊ အလေးမထားဘူး အပေါ်မှာ မူတည်တယ်။ စီးပွားရေးလာလုပ်တယ်။ အစိုးရနဲ့ အဆင်ပြေရင်ပြီးရောဆိုတဲ့ အခြေအနေပေါ်မှာ မူတည်တယ်။ အဲ့ဒီ အပေါ်မှာ ကျမတို့က မေးခွန်းပြန်ထုတ်စရာဖြစ်တယ်။ ပြီးတော့ ကရင်မှာတော့ ကာစီနိုဥပဒေအရ တရုတ်တွေ ဝင်လာတယ်။ ကုန်စည်တွေလည်း ဒလဟော ဝင်လာတယ်။ ကျမတို့က ပြန်ပို့ရတာမျိုးတော့ သိပ်မရှိဘူးပေါ့။ နောက်ပြီးတော့ မသိလိုက်တဲ့ စီမံကိန်းတွေ ဘယ်လောက်ထိရှိနေမလဲဆိုတာတောင် မသိဘူး။ ပွင့်လင်းမြင်သာမှု ရှိမနေဘူး။

မေး – ဖက်ဒရယ် ပြည်ထောင်စု ဦးတည်ပြီး ဆွေးနွေးသွားနေကြတယ်ဆိုတဲ့အပေါ် နှစ်ဖက်လက်မှတ်ထိုးထားသူ အဖွဲ့တွေရဲ့ Road Map က လမ်းကြောင်း ကွာခြားမှုရှိသလား။ ဘယ်လိုမြင်သလဲ။

ဖက်ဒရယ်ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်နဲ့အညီ သွားမယ်လို့တော့ပြောတယ်။ နိုင်ငံရေးဆွေးနွေးပွဲ သွား နေတဲ့ မူဘောင်ကိုက NCA အပေါ်ကိုက အခုက အဓိပ္ပာယ်ပြန်ဖွင့်ဖို့လိုတယ်။ ဟိုအရင် NCA ထိုး၊ မထိုးခင်ကတည်းကိုက အဓိပ္ပာယ်ဖွင့်ဆိုမှုတွေက ဒီကနေ့အထိ အစာမကြေတာတွေ အခုထိ အကျိုးသက်ရောက်မှုရှိလာတယ်။ အဲ့ဒီအပေါ်မှာ ဖက်ဒ ရယ်ပြည်ထောင်စုကိုတည်ဆောက်ဖို့ ဦးတည်ပြီးတော့ ဆွေးနွေးနေကြတဲ့အပေါ်မှာ ကျမ သတိထားမိတဲ့ အင်တာဗျူးတစ်ခု ရှိတယ်။ အဲ့ဒါက ကရင်အမျိုးသားပါတီ ဒုဥက္ကဌ မန်းထိန်ဝင်စိန်ပြောတဲ့ဟာပေါ့။ ကျမတို့နိုင်ငံက နိုင်ငံရေးလမ်းကြောင်းပေါ်မှာ နင်းပြီးတော့မှ ကစားခြင်းခံရတယ်။ ကွန်မြူနစ်အားကောင်းပြီးတော့မှ ဆိုရှယ်လစ်စနစ်နဲ့ ဒီနိုင်ငံကို ပြန်လည်တည်ဆောက်ဖို့ ဖြစ်လာတဲ့အခါမှာ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ် ဖြစ်လာတယ်။

အခုလည်း ဒီမိုကရေစီ ပြည်ထောင်စုပြောလာတဲ့ ‘ဖက်ဒရယ် ဖက်ဒရယ်’ ပြောလာတော့ မြန်မာ့နည်း မြန်မာ့ဟန် ဒီမို ကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်လာမှာကို စိုးရိမ်တယ်လို့ပြောတယ်။ တကယ်တမ်းသွားနေတဲ့ အခြေအနေအရလည်း မယုံမ ကြည်တွေ သံသယတွေဖြစ်လာပြီးတော့ နောက်ဆုံး Deadlock ဖြစ်လာတယ်။ ဒီအပေါ်မှာ တိုင်းပြည်ကို ဘယ်လိုပုံစံနဲ့ တည်ဆောက်မလဲဆိုတာ နားလည်မှုရှိရှိနဲ့ သွားဖို့လိုတယ်။ Road Map ကလည်း တပ်မတော်က ငြိမ်းချမ်းရေး မူဝါဒ (၆)ချက်၊ NCA မှာက (၇)ချက်။ NLD အစိုးရက အရင်က သူတို့ ထုတ်ထားတဲ့ (၇)ချက်ရှိတယ်။ ‘ဝ’ ကလည်း ၂၁ပင်လုံမှာ နိုင်ငံရေးကို ဒီလို ဆွေးနွေးချင်ပါတယ်ဆိုပြီး သူ (၁၅)ချက် တင်လာတယ်။ UNFC ကလည်း သူတင်ထားတဲ့ (၉)ချက်ရှိတယ်။ ၈ချက်တော့ မွန်ပြည်သစ်ပါတီ လက်မှတ်ထိုးတုန်းက ငြိမ်းချမ်းရေးကော်မရှင်နဲ့ သဘောတူတဲ့ဟာတော့ ပါလာတယ်။ အဲ့ဒီအပေါ်မှာ ဘုံသဘောထားတစ်ခု ပြန်ပြီးတော့မှ ဆွေးနွေးဖို့လိုတယ်။

မေး – ဒေသတွင်း ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းအစဉ်အပေါ် နားလည်သိရှိမှု၊ ပါဝင်ပံ့ပိုးမှုအတိုင်းအတာ ဘယ်လိုရှိ တယ်လို့ သုံးသပ်နိုင်မလဲ။ ဘာတွေ လိုအပ်မလဲ။

နားလည်သိရှိဖို့က သတင်းရမှလည်း နားလည်မှာလေးနော်။ သတင်းအရင်းအမြစ် ဘယ်လဲပေါ့။ Public Relationship ပေါ့။ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ TV တိ့ု ရေဒီယိုတို့ အများကြီးပဲ အစိုးရအနေနဲ့ လုပ်လို့ရ တာတွေက။ လွှင့်လားပေါ့။ TV မှာ နောက်ဆုံး အခန်းဆက်တွေအနေနဲ့လုပ်လို့ရတယ်။ သူတို့ တကယ် နိုင်ငံရေးဆန္ဒ ကောင်းကောင်းရှိတယ်ဆိုရင် ပြည်သူက အဲ့ဒါမှ သိမှာလေး။ ပြီးတော့ ဘာကြောင့်နိုင်ငံရေးဆွေးနွေးပဲလုပ်ဖို့လိုလဲ ဘာကြောင့် NCA ထိုးဖို့လိုလဲ ဆိုတဲ့ Concept သဘောတရား အပေါ်မှာပြည်သူက နားလည်မှ Process ဖြစ်စဉ်အပေါ်မှာနားလည်မယ်။ Concept မရှိပဲနဲ့ Process ကို မသိဘူး၊ Process မရှိပဲနဲ့ Program တို့ Project တို့ Implementation – အကောင်အ ထည်ဖော်မှုတို့ လုပ်လို့မရဘူး။

ပြည်သူ သန်း ၅၀ကျော်မှာ နားလည်တဲ့ပြည်သူ နည်းနည်းပဲနဲ့ ကျမတို့ ဒီနိုင်ငံကို ဘယ်လိုမှ သွားလို့မရဘူး။ တကယ် တမ်း ဒီနိုင်ငံမှာလုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရက ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်လောက်ထိ ပြည်သူတွေ သိအောင်လုပ်ပေး သလဲပေါ့။ လူမှုကွန်ယက်လေးတစ်ခုနဲ့တော့ မလုံလောက်ဘူး။ ဒါတွေကို သုံးမတတ်တဲ့ပြည်သူ သန်းပေါင်းများစွာရှိတယ်။ MRTV တို့၊ SKY NET တွေမှာ လွှင့်ပေးလို့ရတယ်။ Community Radio တွေ ဖွင့်ပေးလို့ရတယ်။ ဘယ်လောက်သိရှိနားလည်သ လဲဆိုရင် ကျမတို့ မေးခွန်းပြန်ထုတ်လိုတာ ဘယ်လောက်ထိ သိရှိနားလည်အောင် လုပ်ပေးသလဲ။

လူမှုရေးရာသုတေသနအဖွဲ့(RISE- Research Institute for Society and Ecology )သည် ၂၀၁၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် နန်းမြသီတာဦးဆောင်၍ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး လူမှုပြောင်းလဲရေးနှင့်ချိန်ညှိပေါင်းစည်းမှု(Social Change and Reconciliation)၊ ငြိမ်းချမ်းရေးဖြစ်စဉ် (Peace Process)၊ တရားမျှတမှု(Justice)၊ တရားဥပဒေစိုးမိုးရေး(Rule of Law) နှင့် ရေရှည်တည်တန့် ဖွံ့ဖြိုးမှု (Sustainable Development) စသည့် လုပ်ငန်းစဉ်များကို လုပ်ဆောင်နေသော ဖားအံမြို့တွင် အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here