28 March 2024 /

See today's Peace Related News

ဗိုလ်ချုပ် ကြေးရုပ် ရွှေ့ဆိုင်းရေး ဆက်လက်လုပ်ဆောင်မည်ဟု ကရင်နီလူငယ်များ ပြော

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဂန္ဓာဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား ရွှေ့ဆိုင်းရေးကိစ္စကို အသွင် သစ်ပုံစံဖြင့် ဆက်လက်လုပ်ဆောင်မည်ဟု ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ယနေ့ ပြုလုပ်သည့် အစိုးရအဖွဲ့နှင့် ကရင်နီလူ ငယ်များအင်အားစုတို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကိစ္စဖြေရှင်းရေး ညှိနှိုင်းအစည်းအဝေး ပျက်ပြယ်မှုအပြီးတွင် ကရင်နီ လူငယ်အင်အားစုဘက်က ပြောဆိုလိုက်သည်။

ကရင်နီပြည်လူငယ်အင်အားစု သပိတ်ကော်မတီမှ ဒီးဒီ(ခ)စစ်မုန်းက “ကျနော်တို့ကတော့ အသွင်းသစ် ပုံစံတစ်မျိုးနဲ့ပဲ ကြေးရုပ်တု ရွှေ့ဆိုင်းရေးကို ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စ ဖြေရှင်းရေး ညှိနှိုင်းအစည်းအဝေး၏ အဖွင့်မိန့်ခွန်း၌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၏ ကြေးရုပ်တုကို လုံးဝမပြောင်းရွှေ့နိုင်ကြောင်းပြောဆိုခဲ့ပြောဆိုမှုကြောင့် ကရင်နီပြည်လူငယ်များအင်အားစု သပိတ်ကော် မတီမှ ဆက်လက်ညှိနှိုင်းရန် လမ်းကြောင်းများမရှိတော့သည့်အတွက် အစည်းအဝေးအား ရပ်နားကြောင်း တင်ပြပြော ဆိုခဲ့ပြီး အစည်းအဝေးကနေ ထွက်ခွာခဲ့သောကြောင့် ညှိနှိုင်းအစည်းအဝေး ပွဲပျက်ပြယ်သွားခဲ့သည်။

ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုမှ ဆွေးနွေးပွဲ အဖွင့်အမှာစကားပြောကြားရာ၌ ပြည်နယ်အစိုးရ၏ သဘောထားကို ပြော ဆိုရာတွင် ၎င်းက “ကျနော်တို့ ကယားပြည်နယ် အစိုးရအနေနဲ့ ဒီဗိုလ်ချုပ်ကြေးရုပ်တု ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဦး နှစ်ဖက် ဆွေးနွေးတဲ့အခါမှာ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ပေးသော်လည်းပဲ အဆင်မပြေတဲ့ အနေအထားတွေရှိခဲ့ပါတယ်။ ဒါ ကြောင့် ကယားပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ပတ်သက်ပြီး ကျနော်တို့လုံးဝ မပြောင်းရွှေ့ပေးဘူးဆိုတဲ့ အကြောင်းကို တင်ပြလိုပါတယ်”ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။