ရေးမြို့နယ် ကုလားဂုတ်ကျွန်း လူသတ်မှုအတွက် တပ်မတော်အရာရှိတစ်ဦး ထောင် ၁၀ နှစ်ချခံရ

0
231

ရေးမြို့နယ်၊ ကုလားဂုတ်ကျွန်း၌ ယမန်နှစ်က အရပ်သားတစ်ဦးအပေါ် လူသတ်မှုကျူးလွန်ခဲ့သည့် တပ်မတော်အရာရှိတစ်ဦးကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် တရားရုံးက မေလ ၂၀ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ယမန်နှစ် မေလလယ်အတွင်း ကုလားဂုတ်ကျွန်း၌ တာဝန်ကျသော ခမရ (၅၈၇) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးအောင်ကိုမင်းက အလယ်ဆိပ်နေ သစ်ဝါးလုပ်ငန်းလုပ်ကိုင်သူ ကိုတင်စိုးမြင့်အား မှတ်ပုံတင်စစ်ဆေးရန်အကြောင်းပြု၍ တပ်စခန်းသို့ ခေါ်ဆောင်သွားရာမှ လူသတ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်သည်။

အရပ်သား၏မြေယာအငြင်းပွားမှုကိစ္စရပ်ကို ဝင်ရောက်ဖြေရှင်းမှု၊ အရက်သေစာသောက်စားမူးယစ်မှုတို့ဖြင့် တပ်မတော်အက်ဥပဒေအရ စွဲချက်တင်၍ အကျဉ်းစစ်တရားရုံးတို့ဖြင့် စစ်ဆေးစီရင်ပြီး အဆိုပါပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာမှ နယ်ဘက်တရားသို့ နိုဝင်ဘာလအတွင်းက လွှဲပြောင်းပေးခဲ့သည်။

အဆိုပါပြစ်မှုကျူးလွန်သူအား ရာဇသတ်ကြီး ပုဒ်မ – ၃၀၂ လူသတ်မှုဖြင့် မော်လမြိုင်ခရိုင်တရားရုံး၌ တရားစွဲဆို၍ ယမန်နှစ် ဒီဇင်ဘာလတွင် အမှုစတင်ကြားနာစစ်ဆေးခဲ့ကြောင်း တွေ့ရှိခဲ့သည်။

သေဆုံးသူ(ကိုတင်စိုးမြင့်) ၏ဇနီး မခင်ဆွေတင့် (အသက် ၃၆ နှစ် (ဘ) ဦးချမ်းအေး) က ၂၀၁၈ ခုနှစ် မေလ ၁၈ ရက်နေ့တွင် အဆိုပါတပ်မတော်အရာရှိအား လူသတ်မှု ၃၀၂ ဖြင့် လမိုင်းမြို့ရဲစခန်း၌ အမှုဖွင့်ခဲ့ကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here