EAOs ထိန်းချုပ် နယ်မြေများတွင် ၂၀၂၀ ရွေးကောက်ပွဲ အဖြစ်နိုင်ဆုံး ကျင်းပပေးနိုင်ရန် KNDP တိုက်တွန်း

0
197

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာနယ်မြေများနှင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများ၌ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲကို မဖြစ်မနေကျင်းပပေးနိုင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား ကရင်အမျိုးသားဒီမို ကရက်တစ်ပါတီ-KNDPက တိုက်တွန်းလိုက်သည်။

ဖားအံမြို့၊ Breeze Hotel ၌ ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ပြုလုပ်သော ပထမအကြိမ် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီ ဒုတိယအစည်းအဝေးအပြီး ယခုလို သတင်းထုတ်ပြန်ကြေညာလိုက်ခြင်း လည်းဖြစ်သည်။

KNDP ဥက္ကဌ မန်းအောင်ပြည်စိုးက “တိုင်းရင်းသားထိန်းချုပ်နယ်မြေတွေမှာ ၂၀၁၅ တုန်းက ရွေးကောက်ပွဲ မလုပ်ပေးခဲ့လို့ ကရင်တိုင်းရင်းသားတွေ ကရင်ပါတီကို မဲမပေးနိုင်ခဲ့ဘူး။ မဲပေးခွင့် ဆုံးရှုံးခဲ့တယ်။ ဒါကြောင့် ၂၀၂၀ မှာ မဖြစ်ဖြစ်အောင် မဲရုံဖွင့်ပေး၊ ရွေးကောက်ပွဲ ကျင်းပပေးပါလို့ တို့တိုက်တွန်းတောင်းဆိုရတာပေါ့ ” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်နယ်မြေအချို့ရှိနေသည့် ကြာအင်း ဆိပ်ကြီးမြို့နယ်တွင် ရွာပေါင်း ၄၀ ခန့်၊ ကော့ကရိတ်မြို့နယ်တွင် ရွာပေါင်း ၂၀ ကျော်၊ လှိုင်းဘွဲမြို့နယ်တွင် ၁၀ ရွာကျော်တု့ိ၌ ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ကြောင်း KNDP မြို့နယ် အလုပ်အမှုဆောင်ကော်မတီ တာဝန်ရှိသူများက ပြောသည်။

ထို့အပြင် KNDP အစည်းအဝေးအပြီးထုတ်ပြန်ချက်တွင် ပဋိပက္ခဖြစ်ပွားရာဒေသ မဟုတ်သော်လည်း အစိုး ရဌာန၌ ကျေးရွာအမည်မပေါက်သေးသောနယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေး၊ အမျိုးသား မှတ် ပုံတင်ကတ်ပြားမရှိခြင်းကြောင့် မဲပေးပိုင်ခွင့် ဆုံးရှုံးနေခြင်းကိစ္စများကို အချိန်မီဖြေရှင်းဆောင်ရွက်ပေးရန် သက်ဆိုင်ရာများအား တိုက်တွန်းကြောင်းလည်း ပါရှိသည်။

နှစ်ရက်တာပြုလုပ်ခဲ့သည့် KNDP ဗဟိုကော်မတီ အစည်းအဝေး၌ ပါတီဝင်များအပြင် KNU-ကရင်အမျိုး သား အစည်းအရုံးမှ ဥက္ကဌ စောမူတူးစေးဖိုး၊ တွဲဖက်အတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုမန်းငြိမ်းမောင်အပါအဝင် KNU တာဝန်ရှိသူများ၊ အရပ်ဖက်လူမှုအဖွ့ဲအစည်းမှ တာဝန်ရှိသူများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

KNU မှ ပဒိုမန်းငြိမ်းမောင်က “ကရင်တမျိုးသားလုံးရဲ့အရေးကို ကရင်အင်အားစုအသီးသီးက သူ့ထောင့် သူ့နေရာကနေ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်နေတဲ့အခါကျတော့ KNU ကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်တဲ့အနေနဲ့ KNDP ရဲ့အစည်းအဝေးလာတက်တာ ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်အခြေစိုက် ကရင်ပါတီ ၃ ပါတီပူးပေါင်းကာ ဖွဲ့စည်းထားသည့် KNDP ပါတီသည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် မှတ်ပုံတင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here