၂၁ ရာစုပင်လုံ တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အတွေ့အကြုံ

0
371

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးအစည်းအဝေးအပြီး ရရှိခဲ့သော သဘောတူညီချက်များ အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ဆက်လက်ဆွေးနွေးမည့် အကြောင်းရာ၊ ယခု ညီလာခံက မည်မျှအထိ အကျိုးရှိမည်နည်း ဆိုသည့်အကြောင်းများကို ညီလာခံ ဖြစ်မြောက်ရေး UPDJC အဖွဲ့ဝင် ဒေါက်တာမနမ်တူးဂျာ အား မေးမြန်းတင်ပြထားသည်။

မေး။ ။ဇူလိုင် ၁၁ နှင့် ၁၆ ကြားမှာ ပြုလုပ်ခဲ့တဲ့ ၂၁ရာစုပင်လုံ တတိယ အကြိမ် အစည်းအဝေးညီလာခံမှာ ဆွေးနွေးသဘောတူခဲ့တာတွေကို ပြောပြပါ။

ဖြေ။ ။၂၁ရာစု ပင်လုံညီလာခံ တတိယအကြိမ် အစည်းအဝေးမှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ လူမူရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍ ၅ ခု ဆွေးနွေးခဲ့တယ်။ ထိုကဏ္ဍ ၅ ခုကို ကိုယ်စားလှယ်များက ပါဝင်ဆွေးနွေးခဲ့ပြီး သဘောထား ဆုံးဖြတ်ချက်ကို ချမှတ်ပြီးမှ နောက်ဆုံးအဆင့် ညီလာခံနေ့ လက်မှတ်ရေးထိုး နိုင်ခဲ့တယ်။

မေး။ ။ ရရှိခဲ့တဲ့ ဒီကဏ္ဍ ၅ ချက် ကို တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေဘက်က ဘယ်လောက်ထိ ထောက်ခံ ခဲ့သလဲ။

ဖြေ။ ။ NCA လက်မှတ်ရေးထိုတဲ့အဖွဲ့ ၁၀ ဖွဲ့ အားလုံး ကထောက်ခံခဲ့ပါတယ်။ နောက် NCA လက်မှတ် မရေးထိုတဲ့ မြောက်ပိုင်းအဖွဲ့များလည်း ပါဝင်ခဲ့တာကိုတွေ့ရတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ် အားလုံးတက်ရောက်လာတဲ့ အတွက် သဘောတူညီမူရရှိ ခဲ့သည့် ၁၄ချက်အပေါ် အများကြီး ကွာဟမယ်လို့တော့ မထင်ပါဘူး။

မေး ။ ။ သဘောတူညီမှုရရှိခဲ့သည့် အချက် ၁၄ ချက် က ဘယ်လောက်ထိ အရေးကြီးသလဲ။

ဖြေ ။ ။ သဘောတူညီမူရရှိထာတဲ့အချက်များက အရမ်းအရေးကြီးတယ်။ သဘောတူညီထားတဲ့အချက်များကို အစိုးရ၊ စစ်တပ်၊ လွတ်တော်၊ တိုင်းရင်းသားအုပ်စု၊ နိုင်ငံရေးပါတီများ အုပ်စု ၅ ခုမှ ကိုယ်စားလှယ်များက လက်မှတ်ရေးထို အတည်ပြုခြင်း ဖြစ်တယ်။ ပြီးရင် တိုင်းရင်းသားပေါင်းစုံများက အသိသက်သေ များလည်းလက်မှတ်ထိုး ခြင်းဖြစ် သည်။ ဒါကြောင့်အများကြီးခိုင်လုံပါတယ်။ ပင်လုံညီလာခံပြီးဆုံး သွားရင်သာမက ဖက်ဒရယ်အခြေခံမူ ချမှတ်ပြီးတာနဲ့ ပြည်ထောင်စုသဘောတူညီတဲ့ စာချုပ် လက်မှတ်ရေးထိုး ရမည်ဖြစ်ပါသည်။ အဲ့ဒီအတွက် ယခု လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဒီအချက်အလက်တွေက ပြည်ထောင်စု သဘောတူညီတဲ့ စာချုပ်မှာ ပါဝင်သွား မည်ဖြစ်သည်။ ပြီးတာနဲ့ ပြည်ထောင်စု လွတ်တော်က အသိအမှတ်ပြုသွားမယ်။

မေး။ ။အားလုံး မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးပိုင်းမှာရော ဘယ်လို ဆွေးနွေးခဲ့ကြပါသလဲ။

ဖြေ။ ။ ဒီအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ရဲ့ မိန့်ခွန်းမှာ ၂၀၂၀ မတိုင်မှီ ငြိမ်းချမ်းရေး ရရှိအောင်လုပ်ဆောင်သွား မယ် လို့ပြော တယ်။ ဘာကိုဆိုလိုချင်တာ လဲဆိုတော့ ပင်လုံညီလာခံကို ဆက်လက်လုပ်ဆောင်သွာမယ်။ ပြီးရင် ဖက်ဒရယ်စနစ်ကိုချမှတ် သွားမယ်။ ပြီးတာနဲ့ပြည်ထောင်စုသဘောတူညီမူ စာအုပ်ချုပ်ပြုလုပ်မယ်။ ပြီးရင်ပြည်ထောင်စုလွတ်တော်က အတည်ပြုမယ်။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကြမ်းရေးဆွဲမယ်ပြန်ပြီးပြည်ထောင်စုလွတ်တော်က အတည်ပြုမယ် ရွေးကောက်ပွဲပြုလုပ် လိုက်တာနဲ့ ငြိမ်းချမ်းရေး ရပြီလို့ဆိုနိုင်ပါသည်။ ဒါကြောင့်ယခုအစည်းအဝေးလုပ်ဆောင်ခြင်းသည် ငြိမ်းချမ်းအတွက်ပင်ဖြစ်သည်။

မေး။ ။ ပြည်နယ်ဖွဲ့စည်းပုံ နှင့် ကိုယ်ပိုင်ပြဌာန်းချက်တွေကို ဆွေးနွေးမှုမှာ ထည့်သွင်းခြင်း မရှိသေးတဲ့အပေါ် ရှင်းလင်းပေးပါ။

ဖြေ။ ။ ဘာကြောင့် ဆွေးနွေးမူမှာမပါခဲ့လဲ ဆိုတော့ စစ်တပ်အနေနဲ့ နိုင်ငံတော်၏ အစိတ်အပိုင်းဟူသမျှသည် ဘယ်တော့မှ မခွဲထွက်ရ ဟူသောအချက်အပေါ် ယနေ့ထိ တိုင်းရင်းသားအုပ်စုများက လက်မခံသောကြောင့်ဖြစ်သည်။ စကားလုံးအခေါ်အဝေါ်အပေါ်မပြေလည်သေးသောကြောင့် ယခုချိန်ထိဆွေးနွေးဖို့ အဆင်မပြေတာဖြစ်သည်။ ဒါကြောင့်လုံးဝမဆွေးနွေးခဲ့ဘူ။ နောက်ထပ်မျှော်လင့်ချက်ရှိတာက ၄ကြိမ်မြောက် အစည်းအဝေးမှာ ပါဝင်လာမည်လို့ထင်တယ်။ ဒီအစည်းအဝေးမတိုင်မှီ ပြေလည်အောင်ဆွေးနွေးရမည် ဖြစ်သည်။ ဒါကြောင့် တပ်မတော်ဘက်က တောင်းဆိုနေတဲ့ ခွဲမထွက်ရ ဟူသော အချက်ကိုပြေလည်အောင်ဖြေရှင်းပေးနိုင်တဲ့နည်း ရှာကိုရမယ်။ တပ်မတော်ဘက် စိတ်ကျေနပ်နိုင်တဲ့ သဘောထား မျာကို တိုင်းရင်းသားများက လုပ်ဆောင်ပေးနိုင်ရင် ပြည်နယ်ဖွဲ့စည်းပုံ နဲ့ ကိုယ်ပိုင်ပြဌာန်းချက် ဟူသောအချက်များကို ထည့်တွင်းဆွေးနွေးပေးမယ်လို့ ယုံကြည် တယ်။ သူတို့ ကိုယ်တိုင်လည်း ဒီအချက်၂ခုကိုပါဝင်ဆွေးနွေးရန်သဘောတူ ထားခြင်းဖြစ်သည်။

မေး။ ။အစိုးရအနေနဲ့ ၂၁ရာစုပင်လုံ အစည်းအဝေးကို ၂၀၂၀မှာ အပြီးဆောင်ရွက်သွားမယ်လို့သိရတယ်။ ဒီအပေါ်မှာရော ဘယ်လို သုံးသပ်ချင်သလဲ။

ဖြေ။ ။ သမ္မတ ဦးသိန်းစိန်လက်ထက်၂၀၁၆ ဇန်နဝါရီ လတွင်ကျင်းပသော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် သဘောထား ဆုံးဖြတ်ချက်ချထားတယ်။ ညီလာခံကို တစ်နှစ် ၂ကြိမ်ကျင်းပမည်ဖြစ်သည်။ ညီလာခံကို ၃နှစ် နဲ့ ၅ နှစ်အတွင်း ပြီးအောင် ကျင်းပမည် ဆုံးဖြတ်ထားတယ်။ ၂၀၁၆ မှာ ၂ ကြိမ် ပြုလုပ်တယ်။ ၂၀၁၇ မှာ တစ်ကြိမ်သာပြုလုပ်တယ်။ ၂၀၁၈ မှာက ၂ကြိမ်ပြုလုပ်မယ်။ စုစုပေါင်းပင်လုံညီလာခံအစည်းအဝေးက ၆ ကြိမ်ပြုလုပ်ရမည်။အခု ၃ကြိမ် ပြီးပြီ။ နောက် ၃ကြိမ် လိုသေး တယ်။ ကျန်ရှိသေတဲ့ ပင်လုံညီလာခံအစည်းအဝေးမှာ တိုင်းရင်းသားတွေ တောင်းဆိုမူအရ ပြည်ဝတဲ့ ဖက်ဒရယ်ရရှိရန် ပြည်နယ်ဖွဲ့စည်းပုံ နဲ့ ကိုယ်ပိုင်ပြဌာန်းချက် ပါဝင်ရန်လိုအပ်တယ်။ ဒီအချက် ၂ ခု ပါဝင်ဆွေးနွေးမှသာ ဖက်ဒရယ်မူ ချမှတ်တာနဲ့ ပြည်စုံသွားမယ်။ ဒါကြောင့် ခွဲမထွက်ရဆိုတဲ့အချက်နဲ့ ကိုယ်ပိုင်ပြဌာန်းချက်ဆိုတဲ့ အချက်၂ခု ကို ဘယ်လိုပြင်ဆင်ရမယ်ဆိုတာက အဓိကအချက်ဘဲ။ ဒီအချက် ၂ခုရဲ့ ပြသာကို မဖြေရှင်းဘဲ ဆက်ပြီး ညီလာခံ အစည်းအဝေးကို ပြီးအောင်ကျင်းပသွားပေမယ့် အကျိုးမဝင်နိုင်ပါဘူး။ ၄ ကြိမ်မြောက်ညီလာခံအစည်းအဝေ မတိုင်ခင် ဒီအချက်၂ခုရဲ့ ပြသာနာကိုအမြန် ဖြေရှင်းဖို့ လိုအပ်တယ်။

မေး။ ။ညီလာခံပြုလုပ်ကျင်းပခဲ့တဲ့ ပထမအကြိမ် နဲ့ ဒုတိယအကြိမ် အပြင် အခု တတိအကြိမ် ထူးခြား ကွာခြားချက်တွေကို ပြောပြပါ။

ဖြေ။ ။ ဒုတယအကြိမ်က ပိုးပြီးပြည့်စုံတယ်။ ဘာကြောင့်လဲဆိုတော့ အချက် ၃၇ချက်သဘောတူညီမူ ရရှိထားတယ်။ ဒီတစ်ခေါက်က ၁၄ချက်ဘဲ။ ဒါပေမဲ့ ဒုတိယအကြိမ်မှာမပါတဲ့ အချက်တွေကို ဖြည့်စွက် လိုက်တာတော့ ဟုတ်ပါတယ်။ အချက်တွေအားလုံ ပေါင်းလိုက်ရင်တော့ များသွားပြီး တိုးတက်သွားတယ်လို့တော့ ဆိုရတာပေါ့။

မေး။ ။အစိုးရအနေနဲ့ ၄ ကြိမ်မြောက်အစည်းအဝေး မတိုင်မှီ မြောက်ပိုင်းလက်နက်ကိုင်များနဲ့နောက်ထပ် ဘယ်လို တွေ့သွား ဖို့ရှိသလဲ။

ဖြေ။ ။အခြေအနေကိုကြည့်ရင် ဆက်ဆွေးနွေးသွား ဖို့အများကြီးရှိပါတယ်။ မြန်မာစစ်တပ်နဲ့ ကချင်တော်လှန်ရေးအဖွဲ့များက ဆက်လက် ဆွေးနွေးသွားဖို့ များမယ်။ အချင်းချင်းရင်းနှီးမှုတွေပိုရရှိလာမယ်။ ပြီးရင်ပြည်တွင်းစစ်ငြိမ်းချမ်းမူ တွေရလာမယ်။ ညီလာခံပွဲကိုလည်းအကြိမ်ကြိမ်တက်ရောက်မူတွေဖြစ်လာမယ်။ ဒီအခြေအနေမှာ ဘဲရပ်တည် နေမှာမဟုတ်ဘဲငြိမ်းရေး စားပွဲ ပေါ်မှာ စည်းလုံးညီညွတ်မူတွေရှိလာမယ်။

မေး။ ။နောက်ဆုံးအနေနဲ့ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ရဲ့ပြောဆိုချက်အရ KIA/KIO က ဘာသာရေးနဲ့ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်ဟု ပြောဆိုသည့် အပေါ်သုံးသပ်ပေးပါ။

ဖြေ။ ။ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က တာကို ဦးတည်ပြီး ပြောဆိုမယ်ဆိုရင် မှားတယ်။KIA/KIO ဖြစ်လာတာဘာသာရေးကြောင့် မဟုတ်ဘူး။နိုင်ငံရေးပြသာနာ ကြောင့်ဖြစ်လာတယ်။ ဖြစ်ခဲ့သည့်အချိန်ကိုဦးတည်ပြီး ပြောရမယ်ဆိုရင် သက္ကရာဇ် ၅၈- ၅၉ လောက်မှာ ရန်ကုန်တက္ကသိုလ်မှာ 7Starအစည်းအဝေးတွေပေါ် ထွက်လာ ချိန်အစည်းအဝေးခေါင်းဆောင်းတွေက တစ်ပြည်ထောင်စုစနစ်ကို မကြိုက်ကြဘူး။ အဲ့တာက ၄၇ ခုနှစ်ဖွဲ့စည်းပုံသည် တစ်ပြည်ထောင်စု စနစ်ဖြစ်သည်။ ဗိုလ်ချုပ်အောင်က ပြည်ထောင်စု ဖက်ဒရယ်စနစ်ကို ကတိပြုထားတယ်။ဒါပေမဲ့ ဒီစနစ်ကိုအကောင်အထည် မလုပ်ဘူး။ ဒါကြောင့်နိုင်ငံအတွင်း တိုးတက်မူမရှိသေးဘူး။ အာဏာခွဲဝေမူ မျှသမူမရှိဘူ။ ဗဟိုအစိုးရအာဏကို လျှော့ချရမယ်။ နိုင်ငံတိုးတက်ရေး အများကြီးအားနည်းနေတယ်။ ဒီပြသာနာအတွက် ပါလီမန်မှာဆွေးနွေးဖို့ တောင်းဆိုတဲ့ အခါ ပါလီမံအဖွဲ့တွေက် လက်ခံမူမရှိသည့်အတွက် လက်နက်ကိုင်တော်အဖွဲ့ပေါ်ထွက်လာခြင်းဖြစ်တယ်။KIA/KIO သက္ကရာဇ် ၆၀ နဲ့ ၆၁ ဖေဖဝါရီလ ၁၁ မှာပေါ်ထွက်လာခြင်းဖြစ်တယ်။ ဗုဒ္ဓဘာသာနိုင်ငံတော်အဖြစ်ကြေညာတကာ အဲ့ဒီနောက်မှာ မှဖြစ်တယ်။ ဒါကြောင့်ယခုလိုပြောဆိုခြင်းသည်မှားသည်ဟုပြောဆိုသည်။

မေး။ ။ နောက်ဆုံးအနေနဲ့ ၂၁ရာစုပင်လုံညီလာခံ အစည်းအဝေးက အဆုံးထိ လုပ်သွာနိုင်ပြီဆိုပေမယ့် တကယ် ငြိမ်းချမ်းရေးအတွက် အလုပ်ဖြစ်ပါ့မလား။

ဖြေ။ ။အခု ၂၁ရာစုပင်လုံ ညီလာခံ အစည်းအဝေး တတိယအကြိမ်ပြုလုပ်ခဲ့တဲ့အပေါ် သုံးသပ်ဝေဖန်မှု အမျိုးမျိုးတွေ့ရ ပါတယ်။ ကျတော်အနေတော့ ကောင်းခြင်းတစ်ခုလိုမြင်တယ်။ ဘာကိုဆိုလိုတာလဲဆိုတော့ ကောင်းရာသို့ တစ်လှမ်းခြင်း သွားနေရတယ်လို့ထင်တယ်။ အစည်းအဝေးကိုမလုပ်ရင် အခြေအနေတွေက အရင်ထက် ပိုဆိုးရွားလာနိုင်တယ်။ ပင်လုံ အစည်းအဝေးကို နားလိုက်တာနဲ့ ငြိမ်းချမ်းရေးဆိုတာကို မျှော်လို့တောင်မရတော့ဘူး။ ဒီအစည်းအဝေးထဲ ဆွေးနွေးသမျှက အကျိုးရှိမယ်။ ဒီတစ်ခေါက် အစည်းအဝေး ရဲ့ထူခြားမူက ပင်လုံညီလာခံအစည်းအဝေးကို တစ်နှစ်ကို ၂ကြိမ်ပုံမှန် ပြုလုပ်သွာမယ်ဆိုတာက သေချာသွားပြီ။ နောက်ဆုံးအချက်က ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ် နဲ့အညီ ဖွဲ့စည်းသွားမယ်လို့ ပြောဆိုသွားခြင်းဖြစ်တယ်။ ဒီအချက်တွေက တိုင်းရင်းသားများတောင်း ဆိုနေတဲ့ အချက်တွေ ဖြစ်သည်။ နောက်တစ်ခေါက် ဆွေးနွေးပွဲမှာသည်ထက် အကျိုးရှိမယ့်အချက်တွေကို ဆွေးနွေးသွားမယ်လို့ ယုံကြည်ပါတယ်။၂၁ရာစုပင်လုံအစည်းအဝေးကို ပါဝင်ပေးဖို့တိုက်သွန်း လိုက်ခြင်းဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here