29 March 2024 /

See today's Peace Related News

ကချင်ဒီမိုကရက်တစ်ပါတီ KDP ပါတီ ဥက္ကဌ ဦးကွမ်ကရောင် အောင်ခမ်း နှင့် တွေ့ဆုံမေးမြန်းခြင်း

ကချင်ပါတီပေါင်းစည်းရေးဟာ ၅ ကျော်ကြိုးစားခဲ့ရာ ယခု “Kachin State Party” KSP ပါတီအဖြစ် ပါတီ ၄ ခုမှ သဘောတူ အတည်ပြုပြီ ဖြစ်ပါသည်။ ပေါင်းစည်းရေး ခရီးစဉ် သမိုင်းနှင့် လက်ရှိ အခြေအနေ အပြင် ရှေ့ဆက်သွားရမည့် မူဝါဒ ရေးဆွဲရေး ကဏ္ဍများအထိ KNG က တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

ဦးကွမ်ကရောင် အောင်ခမ်း

မေး ။ ။ ရှေးဦးစွာ ကချင်နိုင်ငံရေးပါတီများဖြစ်တဲ့ KDP ၊ KSDP ၊ KNC နှင့် UDPKS ဒီ ၄ ပါတီ ပေါင်းစည်းသွားတဲ့အတွက် ဆရာ့ခံစားချက်လည်းသိပါရစေ။

ဖြေ ။ ။ ဟုတ်ကဲ့ကျနော်က ပြည်သူလူထုတစ်ယောက်အနေနဲ့အတိုင်းမသိဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ပေါင်းစည်းရေး ဆိုတာက အချိန်အတိုင်းအတာတစ်ခုကို ကြာရှည်စွာစောင့်ဆိုင်းရတယ်။ ခက်ခက်ခဲခဲပေါင်းစည်းခဲ့ရတဲ့အတွက်ကြောင့်ဖြစ်တယ်။

မေး ။ ။ ယခုလို ၄ ပါတီပေါင်းစည်းလာရန်အတွက်ဘယ်အချိန်ကစပြီး စတင်ခဲ့ကြသလဲ။

ဖြေ ။ ။ ပါတီပေါင်းစည်းရန်အတွက် ၂၀၁၃ ကစပြီးစတင်ခဲ့ကြတယ်။ အဲ့ဒီအချိန်ကစပြီး ကျနော်ဖားကန့်ကို ရုံးခွဲဖွင့်နိုင်ရန်အတွက် ကချင်စာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့များ နဲ့အတူ ဘာသာရေးဆရာများကို ပါတီပေါင်းစည်းနိုင်ရန်အတွက် စတင် တင်ပြခဲ့သည်။ ၂၀၁၃ ကစပြီး ပါတီပေါင်းစည်းရန်ကြိုးစားခဲ့ပေမဲ့ ယခုနှစ် ၂၀၁၈ မှသာပေါင်းစည်းနိုင်ခဲ့တယ်။

မေး ။ ။ ပါတီပေါင်းစည်း ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြပေးပါအုံး။

ဖြေ ။ ။ ကချင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ နဲ့အတူ ဘာသာရေး ဆရာများ၊ တာဝန်ရှိသူများက ရှေးဦးစွာ ပါတီပေါင်းစည်းရန် ကျနော် နဲ့အတူပါဝင်ခဲ့တယ်။ ၂၀၁၃ ကစပြီး ပါတီများပေါင်းစည်းလာ ရန် ဆောင်ရွက်ခဲ့တယ်။ ၂၀၁၄ မြစ်ကြီးနား စီတာပူ နှစ်ခြင်းအသင်းတော်မှာ ပါတီအားလုံး ကိုခေါ်ပြီး ပါတီပေါင်းစည်းရန်လုပ်ငန်းကို စတင်ပြောဆိုလာခဲ့တယ်။ အဲ့ဒီအချိန်တုန်းက နဂိုမူရင်းရှိနေသော ပါတီ KDP၊ KSDP၊ KNCD စသော ပါတီ ၃ ခုရှိတယ်။ အဲ့အချိန် ညီနောင်ဖြစ်တဲ့ လီဆူပါတီများလည်း ပါဝင်ခဲ့တယ်။ ပေါင်းစည်းရေးကို စတင်ပြောဆိုလာတဲ့အချိန် “ကျနော်တို့ လီဆူပါတီ တွေက မြန်မာနိုင်ငံလုံးဆိုင်ရာ လီဆူရေးရာ လုပ်ဆောင်နေသောကြောင့် ပါတီပေါင်းစည်းရေးမှာ မပါဝင်နိုင်ကြောင်းဆိုသည် ” ပြောဆိုလာတယ်။

ထိုနည်းတူ KNCD ပါတီအဖွဲ့လည်း စာနဲ့ သူတို့ အဲချိန်မှာတော့ ပါဝင်နိုင်ခြင်းမရှိသေးကြောင်း ပြောလာသည်။ ပြီးတော့ KSDP နဲ့ KDP ကို ပါတီပေါင်းစည်းရန်ပြောတော့ KSDP ပါတီကလည်း အဆင်မပြေသေးကြောင်း ၂၀၁၅ ရွေးကောက်ပြီးမှဘဲ ပါဝင်ဆောင်ရွက်မည်ဟု ပြန်ပြောတဲ့အတွက် ကျနော် တို့ KDP အနေနဲ့က ပါတီပေါင်းစည်းအရန်အမြဲလိုလားခဲ့တဲ့အတွက် ပြည်သူတွေနဲ့အတူ လက်တွဲသွာမယ်လို့ဆုံးဖြတ်ထားတယ်။

အဲ့ဒီတစ်ကာလမှာ နားလိုက်ရတယ်။ နောက်အချိန်ကာလကြာလာပြီး ဦးလမောင် လတောင် နဲ့ ဦးနောင်ခိုင်အောင်နော် တို့က ကချင်နိုင်ငံရေးပါတီးများ ပေါင်းစည်းနိုင်ရန် ပြန်လည်ကြိုးစာလာကြတယ်။ မြစ်ကြီးနား YMCA နဲ့ စိန့်ပက်ထစ်ရစ် ကတ်သစ်လစ်ဘုရားကျောင်း ၂ နေရာမှာ ဆွေနွေးခဲ့ကြတယ်။ ပြန်လည်ဆွေးနွေးတဲ့အချိန်နဂိုမူလဆုံးဖြတ်ချက်အတိုင်းKSDP ပါတီက ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာ ပါဝင်နိုင်မယ်လို့ပြန်ပြောသောကြောင့် ၂၀၁၄ ဒီဇင်ဘာ ၃၁ နေ့မှာ KNCD နဲ့ KDP က စိန်ပက်ထစ်ရစ် ကတ်သစ်လစ် ဘုရားကျောင်းမှာပါတီပေါင်းစည်းရေကို ပြန်လည်ဆွေးနွေးခဲ့တယ်။ အဲ့အချိန် ဒီပါတီနှစ်ခုက ပူးပေါင်းရန်သဘောတူခဲ့ပြီး KNC (Kachin National Congre )ပါတီအသစ်တစ်ခုကို ဖွဲ့လှစ်ခဲ့တယ်။ KNC ပါတီအသစ်ကို KNCD က ဥက္ကဌ အဖြစ် Dr.Hkyet Aung ကိုခန့်အပ်ခဲ့ပြီး KDP က Zung Sau ကို အတွင်းရေးမှူးခန့်အပ်ခဲ့ပြီး KNC ပါတီအဖြစ် စတင်ဖွင့်လှစ်ခဲ့သည်။ ဒါပေမဲ့ ၂၀၁၅ ဇန်နဝါရီ ၃ရက် ညနေပိုင်းတွင် KNCD ပါတီမှ ဥက္ကဌ နဲ့ အတွင်းရေးမှူးများက သဘောမတူကြောင်း အသိအမှတ် မပြုပေးကြောင်း ပြောဆိုလာသောကြောင့် ပြန်လည်ပြိုကွဲသွားခဲ့တယ်။

ဒါကြောင့် ၂၀၁၅ ရွေးကောက်ပွဲကိုခက်ခက်ခဲခဲရင်ဆိုင်ခဲ့ကြသည်။ ပြီးရင် ၂၀၁၆မှာ ဒီပါတီ ၃ခု ပြန်လည်ပေါင်းစည်းရန် ကြိုးစားပြီးဆွေးနွေးတဲ့ အခါပြန် ပူးပေါင်းရန်အဆင်မပြေခဲ့ဘူး။ ပြီးရင် နောက်ထပ် လော်ဝေါ်ပါတီများ ပြန်လည်ပါဝင်ခဲ့ကြတယ်။ လော်ဝေါ်ပါတီအပါအဝင်စုစုပေါင်း ၄ပါတီ ပူးပေါင်းပြီး “ကချင်နိုင်ငံရေးပါတီများပူးပေါင်းဆောင်ရွက်ရန်ရေးကော်မတီ KPCC” ကိုဖွင့်လှစ်နိုင်ခဲ့ကြပြီး ၂၀၁၆-၂၀၁၇ ၂နှစ်တိတိ ၄ ပါတီက ပူးပေါင်းခဲ့ပြီး နိုင်ငံရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။ ၂၀၁၇ နောက်ပိုင်းတွင် ပါတီပေါင်းစည်းရေးလုပ်ငန်းများ ပိုပြင်းထန်လာသဖြင့် LNUDP လော်ဝေါ် ပါတီ များက ပါတီပေါင်းစည်းရေးကို ဆက်လက်မပါဝင်နိုင်သောကြောင်းကိုပြောဆိုလာသဖြင့် ကျန်ရှိနေတဲ့ ၃ ပါတီများက ၂၀၁၈ ဇန်နဝါရီလတွင် ပြည်သူလူထုများနဲ့အတူ ဆွေးနွေးပွဲ များကို အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်။ ကချင်ပါတီများဖြစ်တဲ့ KDP KSDP KNC UDPKS ပါတီတစ်ခုတည်းဖြစ်ရန် အတွက်ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ ၁၇ဦးမှ ဦးဆောင်ဆွေးနွေးခဲ့တယ်။ သြဂုတ်လ ၁ရက်နေ့တွင် ပါတီအမည်သစ်ကို ဆွေးနွေးနိုင်ခဲ့ကြပြီး သြဂုတ်လ ၁၁ရက်နေ့တွင် အလံနဲ့တံဆိတ် ကိုဆွေးနွေးတိုင်ပင်နိုင်ခဲ့ကြသည်။ ယခုချိန်မှာတော့ ၄ ပါတီအဖြစ် ပေါင်းစည်းနိုင်ခဲ့ပြီး ပါတီအမည်သစ်ကိုက KSP ပါတီအဖြစ် ဖွင့်လှစ်နိုင်ခဲ့တယ်။

မေ ။ ။ ဒါဆိုရင် ဆရာတို့အနေနဲ့ ပါတီပေါင်းစည်းရေးတွင် တော်တော်အခက်အခဲတွေကြုံတွေ့ရမှာဘဲ ဒီအပေါ်မှာ အနည်းငယ်ပြောပြပေးပါလာ။

ဖြေ ။ ။ အခက်အခဲတွေကရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ KDP အနေနဲ့က သိပ်မရှိပါဘူး။ တစ်ခြားပါဝင်ပေါင်းစည်းမည့် ပါတီဝင်တွေက မူပေါ်လစီတွေအနည်းငယ်ရှိကြတယ်။ အဲ့လိုပြောလို့ ကျနော်တို့မှာမရှိဘူးလား ဆိုတော့ ပါတီတိုင်းဟာ မူပေါ်လစီတွေရှိပါတယ်။ အခုကျွန်တော်တို့မှာဖြစ်နေတဲ့အခြေအနေက ပါတီပေါင်းရမယ့်အခြေအနေဖြစ်နေတယ်။ တကယ်လို့မပေါင်းခဲ့ရင် ကျနော်တို့ပြည်နယ်ဟာ နစ်နာဆုံးရှုံးမူတွေအများကြီးဖြစ်လာမယ်။ ဒါကြောင့်ဘယ်လိုအခြေအနေဘဲဖြစ်ဖြစ် ရအောင်ပေါင်းစည်းရမယ်လို့ စိတ်ရှည်လက်ရှည် ပေါင်းစည်းခဲ့တာပါ။

မေး ။ ။ ယခုလို ပါတီပေါင်းစည်မူဖြစ်လာတဲ့ ရည်ရွယ်ချက်အပေါ်အနည်းငယ်ရှင်းပြပေးပါအုံး။

ဖြေ ။ ။ ယခုလိုဘာကြောင့်ပါတီပေါင်းစည်းလာရသလဲဆိုတော့ ပါတီအင်အား တစ်ခုကို ထူထောင်နိုင်မှသာ ကျနော်တို့ရဲ့ကြီးမားတဲ့ ပြည်နယ်ကိုစောင့်ရှောက်နိုင်မှာပါ။ ကိုယ့်ပြည်နယ်ဟာ ဘိုးဘွားပိုင်အမွေအနှစ်တွေဖြစ်တယ်။ ဒါကိုမိမိကိုယ်တိုင် ဦးဆောင်မှသာဖြစ်မယ်။ ဒါမှမဟုတ်ရင် တစ်ခြားလူမျိုးတွေလက်အောက်ကိုရောက်သွားမှာပါ။ ဒီလိုဦးဆောင်တော့မယ်ဆိုရင် စည်းလုံးရမယ်။ ဒါမှသာ အားလုံးကအားကိုးတဲ့ထိုက်တဲ့အဖွဲ့အစည်းဖြစ်လာမယ် ။ နောက်ဖြစ်လာမယ့် စီးပွားရေး၊ နိုင်ငံရေး၊ ကျန်းမာရေး၊ လူမျိုးရေး၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်း၊ အုပ်ချုပ်ရေး၊ လူ့အခွင့်အရေး အားလုံးအတွက် လုပ်ဆောင်သွားရမယ်။ နောက်မှုပေါ်လစီများကိုချမှတ်သွားဖို့ပြင်ဆင်နေပါပြီ။ လုပ်ငန်းလုပ်ဆောင်သွားတဲ့အခါ ကျနော်တို့ပါတီတစ်ယောက်အနေနဲ့ဘဲမဟုတ်ဘဲ ပြည်သူလူထုအားလုံးရဲ့တာဝန်လည်းဖြစ်ပါတယ်။ တစ်ခြားလူမျိုးတွေလည်း လက်တွဲပါဝင်လာဖို့ဖိတ်ခေါ်ပါတယ်။ အားလုံးဝိုင်းဝန်း ပါဝင်သွားဖို့လည်းမျှော်လင့်ပါတယ်။

မေး ။ ။ နောက်ထပ်အရေးကြီးဖြစ်တဲ့မှုဝါဒတွေကို ဘယ်လိုချမှတ်သွားဖို့ရှိလဲ။

ဖြေ ။ ။ ဒီမှုဝါဒကိုချမှတ်သွားဖို့ဆိုရင် ပထမဆုံးအနေနဲ့က ၁၉၄၇ပင်လုံကတိကဝတ်များနဲ့အတူ မြန်မာနိုင်ငံပေါင်းစည်းအဖွဲ့မှာ ပါဝင်တယ်။ စစ်မှန်တဲ့ ဖက်ဒရယ်နဲ့ ကိုယ့်တိုင်းပြည်ကို တည်ဆောက်လာရမယ်။ ဖွဲ့စည်းတည်ဆောက်ထားတဲ့ တရားမှုဘောင်များ၊ အုပ်ချုပ်ရေးပိုင်းများလည်း ကျနော်တို့ရဲ့ပေါင်းစည်းရေး အထဲရောအပြင်ရော ဖက်ဒရယ်ပုံစံအတိုင်းသွားမည်ဖြစ်တယ်။ ဒါကြောင့် မူပေါ်လစီကို တဆင့်ပြီးတဆင့် လုပ်ဆောင်သွားမယ်။

မေး ။ ။ KSP ပါတီအမည် အသစ်အနေနဲ့ကော နောက်ထပ်ဘယ်လောက်ထိ လုပ်ဆောင်သွားဖို့ရှိလဲ။

ဖြေ ။ ။ KSP ပါတီအနေနဲ့က နှစ်ဆင့်လုပ်ဆောင်သွားမယ်။ ပထမ အနေနဲ့က Kachin State ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ကျနော်တို့လူတွေ ကိုယ်တိုင်း စီမံခန့်ခွဲနိုင်အောင် ကြိုးစားသွားမယ်။ ဒုတိယအဆင့်အနေနဲ့ မြန်မာနိုင်ငံအဆင့် အတူ ပေါင်းစည်းရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်။ အဆင့် ၂ဆင့်နဲ့ လုပ်ဆောင်သွားဖို့ရှိပါတယ်။

မေး ။ ။ ဆရာတို့အနေနဲ့ပေါင်းစည်းရေး နဲ့ပတ်သက်ပြီး စိုးရိမ်တဲ့ အရာကဘာဖြစ်နိုင်မလဲ။

ဖြေ ။ ။ စိုးရိမ်မှုတွေက ဘာမှမရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ပါတီပေါင်းစည်းရေမှာ ကြည်ဖြူစွာလက်တွဲခဲ့ရင် ဘာစိုးရိမ်စရာ မရှိတော့ဘူး။ ကျနော်တို့ဘဲမဟုတ်ဘူး ပြည်သူလူထုတွေရောပါဝင်လာမယ်။ ငွေရေးကြေးရေး ကအစ ပြည်သူလူထုတွေနဲ့အတူပူးတွဲမယ်ဆိုတော့ ဘာမှစိုးရိမ်စရာမရှိပါဘူး။