28 March 2024 /

See today's Peace Related News

BGF အမှတ် (၁၀၂၂) တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်နှင့် ကေအိုင်စီ တွေ့ဆုံမေးမြန်း

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မဲကနယ်ကျေးရွာတွင် ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၂၁ရက်နေ့က ကျင်းပပြုလုပ်သည့် နယ်ခြားစောင့် တပ်၏ (၈)နှစ်ပြည့် တပ်နှစ်ပတ်လည်နေ့တွင် ၎င်းတို့၏ ရပ်တည်ချက် အမြင်သဘောထားများနှင့် ပတ်သက်၍ BGF အမှတ် (၁၀၂၂) တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်နှင့် ကေအိုင်စီ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၊ ရွေးကောက်ပွဲမတိုင်ခင်ကာလ တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)မှ နယ် ခြားစောင့်တပ်(BGF)အဖြစ်သို့ အသွင်ကူးပြောင်းကာ ဖွဲ့စည်းခဲ့ရာ ကရင်ပြည်နယ်တွင် BGF တပ်ရင်း ၁၃ရင်း ရှိလာခဲ့ပြီး ၎င်းတို့ ၏ သတ်မှတ်နယ်မြေများ၌ အခြေစိုက် ရပ်တည်လျှက်ရှိကြသည်။

မေး – နယ်ခြားစောင့်တပ်(BGF) ဖွဲ့စည်းတည်ထောင်ခြင်း (၈)နှစ်ပြည့်မြောက်နေ့မှာ ဘယ်လို သတင်းစကားများ ပြောကြားချင်ပါ သလဲ။

ကျနော်ပြောချင်တာက ကျနော်တို့ကရင်ပြည်နယ်မှာ ပိုးကရင်၊ စကောကရင်တွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်း အများ ကြီး ရှိတယ်။ ရှိနေသော်လည်းပဲ ကျနော့်အနေနဲ့ပြောချင်တာက ကရင်လူမျိုးအချင်းချင်းတွေပဲဖြစ်တယ်။ လက်နက်ကိုင်ပြီး ယူနီ ဖောင်းဝတ်ကာ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်ပဲ လုပ်ဆောင်နေကြတာ ဖြစ်တယ်။ ကျနော်ဖြစ်စေချင်တာက ကျနော်တို့ အချင်းချင်းကြား ချစ်ခင်ရမယ်၊ နားလည်မှုရှိရမယ်။ အချင်းချင်း ပစ်ခတ် သတ်ဖြတ်ကြမယ်ဆိုရင် ပိုးကရင်သေလည်း ကရင်သေ တာပဲ။ စကောကရင်သေလည်း ကရင်သေတာပဲ။ ဒါကြောင့် ကရင်အမျိုးသားအချင်းချင်း နားလည်မှုမရှိရင် ပိုပြီး သေကြေပျက် စီးကြမှာပဲ။ ဒါကြောင့် ကျနော်ပြောချင်တာက ကရင်ပြည်သူလူထု မိဘဘိုးဘွားဆရာသမားတွေအနေနဲ့ ကျနော်တို့ရဲ့ သဘော ထား ခံယူချက်တွေကို လေ့လာကြည့်ပါ။ အဓိက ကတော့ ကျနော်တို့ တိုင်းပြည်တစ်ခုထဲမှာ အတူတကွ နေထိုင်ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ သျှမ်း(ရှမ်း) ချစ်ခင်ကြမယ်။ စည်းလုံးကြမယ်ဆိုမှ တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်မှာဖြစ် တယ်။

မေး – DKBA ကနေ နယ်ခြားစောင့်တပ်အသွင်ပြောင်းသွားတဲ့ ကာလတစ်လျောက်မှာ ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရတာမျိုးရှိလဲ။

ကျနော်တို့ နယ်ခြားစောင့်တပ် အသွင်ပြောင်းသွားခါစတုန်းက ကျနော်တို့ ကရင်အမျိုးသားတွေက ကျနော်တို့ကို အမျိုး မျိုးမြင်ကြပါတယ်။ ကျနော်တို့ အပွင့်တွေပြောင်းလဲတတ်လိုက်တော့ ကျနော်တို့ကို စစ်တပ်ရဲ့ လက်ကိုင်တုတ်အနေနဲ့လည်း မြင် ကြတယ်။ တချို့က ဗမာတွေရဲ့ခွေးအဖြစ် မြင်ကြတာလည်း ရှိတယ်။ ဘယ်လိုမြင်ပြီးပြောပါစေ မလိုဘူး။ ကျနော်က အထဲမှာနေ ပြီးတော့မှ ကျနော့်အမျိုးသားတွေကို ကာကွယ်ပေးနိုင်တာပဲ။ ဒီအလုပ်ကိုမှ ကျနော်မလုပ်ရင် ကျနော့်ကြောင့် ကျနော့်လူမျိုးတွေ ထိခိုက်နစ်နာမှာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကို သန္ဒိဌာန်ချပြီးတော့ ကျနော့်တိုင်းပြည်နဲ့ ကျနော့်လူမျိုးအတွက် လုပ်နေတယ်။ လုပ် တဲ့နေရာမှာလည်း ကျနော့်ကိုယ်ပိုင်တပ်၊ ကိုယ်ပိုင်နယ်မြေ၊ ကိုယ့်လက်နက်က ကိုယ့်လက်ထဲမှာပဲ ရှိတယ်။

မေး – နယ်ခြားစောင့်တပ် အသွင်ပြောင်းခြင်းအားဖြင့်ကော ကိုယ့်လူမျိုးတွေရဲ့ အကျိုးစီးပွားကို ဘယ်လောက်ထိ ဖြစ်ထွန်း အောင် လုပ်ဆောင်ပေးနိုင်တာ ရှိလာလဲ။

ဘယ်လို အကျိုးဖြစ်ထွန်းလဲဆိုတာ ဒါကတော့ ကိုယ့်ရဲ့ ခံယူချက်သဘောထားအပေါ်မှာပဲ မူတည်တယ်။ လက်နက် တွေ ကိုယ်စီကိုင်ပြီးတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် လုပ်ဆောင်တဲ့နေရာမှာ အရင်က ကျနော်တို့ DKBA ဘဝတုန်း ကလည်းပဲ ဘာသာ၊ သာသနာတိုးတက်ဖို့ ကျနော်တို့ လုပ်ဆောင်နိုင်တယ်။ ကျနော်တို့ ကိုယ့်လူမျိုးအတွက် ဘယ်လောက်လုပ် ဆောင်နိုင်သလဲ ဘယ်လောက်မလုပ်ဆောင်နိုင်လဲဆိုတာ ဒီလိုနေ့မျိုးမှာ အားလုံးမြင်တွေ့တဲ့အတိုင်း ဒီကရှိတဲ့ နို့ဖိုး၊ ထီးမူးထ၊ မဲကနယ် စတ ဲ့ဒီမှာရှိတဲ့ ဒေသပေါင်းစုံက တိုင်းရင်းသားတွေနဲ့ အားလုံးပါဝင်နေတာ နောက်ပြီး နိုင်ငံခေါင်းဆောင်တွေနဲ့ အဆင် ပြေအောင်လို့ ညှိနှိုင်းဆွေးနွေးပြီးတော့ အတူတကွ ပူးပေါင်းလုပ်ဆောင်ရတာပဲ။

မေး – ကွဲပြားနေတဲ့ ကရင်တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေကြား စည်းလုံးညီညွတ်မှု ပြန်လည်ရရှိဖို့ကိုကော ဘယ် လိုတိုက်တွန်းပြောဆိုချင်လဲ။

ကျနော်တို့ အချင်းချင်းကြားမှာ လိုက် ချိတ်ဆက်နေဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူလက်နက်ကိုင်တဲ့ သဘော ထားက ဘယ်လိုလဲ။ နိုင်ငံရဲ့ဥပဒေက ဘယ်လိုရှိနေလဲဆိုတာကို ရင်းနှီး ညှိနှိုင်းရယူပြီးတော့မှ မကြာမကြာ တွေ့ကြမယ်ဆိုရင် တော့ အကောင်းဘက်ကို ဦးတည်မှာပဲ။ ဝေးဝေးသွားမယ်ဆိုရင်တော့ အဆိုးဘက်ကို ဦးတည်သွားမှာပဲ။ အချင်းချင်းကြားမှာ သွေးထိုးမှုတွေရှိလာရင်လည်း အဆင်မပြေမှုတွေ ရှိလာမယ်။ ပြဿနာတက်လို့ တပ်အချင်းချင်း ပစ်ကြခတ်ကြတာ ဘာမှမဖြစ် ပေမဲ့ တကယ်တမ်းကျတော့ ပြည်သူလူထုတွေက ထိခိုက်နစ်နာတာပဲ။ ကိုယ့်ကိုယ်ကို လူမျိုးအတွက် အလုပ်လုပ်နေတယ်လို့ ပြောတဲ့နေရာမှာ ကိုယ့်လူမျိုးက ဘယ်လိုဖြစ်ချင်တာလဲ။ ကိုယ့်ပြည်သူက ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို လိုချင်ကြတယ်။ ဒါကြောင့် ကျနော်တို့ လက်နက်ကိုင်တဲ့ အဖွဲ့တွေအနေနဲ့ ညှိနှိုင်း တွေ့ဆုံတာ မလုပ်ဘူး။ မချစ်ကြဘူး။ ပူးပေါင်း မလုပ်ဆောင်ကြ ဘူးဆိုရင် ဘယ်လိုလုပ်မလဲ။

မေး – ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီး ချမှတ်ခဲ့တဲ့ မူ(၄)ချက်အပေါ်မှာကော ဘယ်လိုသဘောထား ခံယူချက် မျိုး ရှိနေသေးလဲ။

ကရင့်လက်နက် ကရင့်လက်ထဲမှာ ရှိရမယ်ဆိုတဲ့အတိုင်း အခု ကျနော်လုပ်နေတာလည်း ကျနော့်ရဲဘော် ကျနော့် လက်နက်၊ ကျနော့်လက်ထဲမှာပဲ ရှိနေတုန်းပဲဆိုတာ မျက်မြင်ကိုယ်တွေ့ပဲ။ ဝတ်စုံကတော့ နိုင်ငံတော်ဝတ်စုံပဲ။ ဒါပေမဲ့ နိုင်ငံ တော်အလုပ်ကို လုပ်ဆောင်နေပေမဲ့လည်း ကျနော်တတ်သလောက်တော့ ကြိုးစားလုပ်ဆောင်နေတာပဲ။ အဓိက ကတော့ ဝေဖန်တာ တစ်ခုထဲမဟုတ်ဘဲနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့၊ စည်းလုံးနိုင်ဖို့နဲ့ ဖိနှိပ်မှုတွေကို အတူတကွ နည်းလမ်းရှာဖို့က အဓိက ဖြစ်တယ်။

မေး – လက်ရှိ ဖော်ဆောင်နေဆဲ ငြိမ်းချမ်းရေးတည်ဆောက်မှု ဖြစ်စဉ်အပေါ်မှာကော ဘယ်လိုသဘောထားအမြင်ရှိပါသလဲ။

ငြိမ်းချမ်းရေးကို တကယ်လိုလားရင် တစ်ဦးနဲ့တစ်ဦး ချစ်ခင်မှုရှိရမယ်။ နားလည်မှုရှိရမယ်။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် သူတို့ မှာ ဥပဒေဆိုတာ ရှိတာပဲ။ ဒီနိုင်ငံမှာနေပြီး ဒီနိုင်ငံရဲ့ ဥပဒေကို မလိုက်နာဘူး။ ဒီဥပဒေအတိုင်း မသွားနိုင်ဘူးဆိုရင် စိတ်ဝမ်းကွဲမှု တွေနဲ့ ပြည်သူလူထုတွေပဲ ထိခိုက်နစ်နာမှာဖြစ်တယ်။ ရာထူးနေရာက အဓိကမဟုတ်ဘူး။ အဓိက လုပ်ရမှာက စည်းလုံးညီညွတ် ဖို့နဲ့ ကိုယ့်ပြည်သူလူထုကို ချစ်မြတ်နိုးဖို့ဖြစ်တယ်။ ကိုယ့်တိုင်းပြည် ကိုယ့်ပြည်နယ် အေးချမ်းမှပဲ နိုင်ငံတကာက ရောက်လာပြီး ပူး ပေါင်းလုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ နိုင်ငံတကာက ပူးပေါင်းလုပ်ဆောင်မှပဲ ကိုယ့်နိုင်ငံက တိုးတက်ဖွံ့ဖြိုးလာမှာဖြစ်တယ်။ ဖွံ့ဖြိုး တိုးတက်မှုရှိမှပဲ ကိုယ့်အမျိုးသားရေးအတွက် လုပ်ဆောင်ပေးနိုင်မှာဖြစ်တယ်။