NCA-s ၁၀ဖွဲ့၏ တတိယအကြိမ်မြောက် ဆွေးနွေးချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ချက်များအပေါ် ညီလာခံ၏ ပြောခွင့်ရ ပူးဇင်ကျုံးနှင့် ဆက်သွယ်မေးမြန်းခြင်း

0
142

စက်တင်ဘာလ ၈ရက်မှ ၁၁ရက်နေ့အထိ ပြုလုပ်သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်-NCA လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်း(NCA-s EAO)၁၀ဖွဲ့၏ တတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲ၌ ၎င်းတို့၏ဆွေးနွေးချက်များနှင့် ရှေ့လုပ်ငန်းစဉ်များအတွက် ဆုံးဖြတ်ချက်များအပေါ် ညီလာခံ၏ ပြောခွင့်ရ ပူးဇင်ကျုံးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး- NCA-s EAO ရဲ့ တတိယအကြိမ်မြောက် ထိပ်သီးဆွေးနွေးပွဲရဲ့ ၄ရက်တာဆွေးနွေးမှုကနေ ဘာတွေ ရှေ့ဆက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာမျိုးရှိလဲ။

ကျနော်တို့ လုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲကနေ PPST(ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့)ရဲ့စုဖွဲ့မှုကို ပြန်လည်ပြီး တော့မှ သုံးသပ်တာတွေရှိတယ်။ PPSTကို နဂိုမူလတုန်းက NCA လက်မှတ်ရေးထိုးထားတဲ့ ၈ဖွဲ့နဲ့ လက်မှတ်ပြန်ထိုးတဲ့ နှစ်ဖွဲ့ ပေါင်း PPST+2 ဆိုပြီး ကျနော်တို့ ၁၀ဦးနဲ့ ဖွဲ့စည်းပါတယ်။ နောက်ပြီးတော့ PPST အဖွဲ့ကို အထောက်အကူပြုဖို့ အလုပ်အဖွဲ့ (Working Team)ကိုလည်း နဂိုမူလအတိုင်း ပြန်ဖွဲ့ထားပါတယ်။ ဒါပေမဲ့ ဖွဲ့ပုံဖွဲ့နည်းက PPST+2 ဆိုပြီး ၁၀ဦးဖွဲ့စည်းထားပါ တယ်။ ဒါကတော့ ကျနော်တို့ရဲ့ ဖွဲ့စည်းမှုပေါ့။ အဖွဲ့ခေါင်းဆောင်ကတော့ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးနဲ့ ဒုအဖွဲ့ ခေါင်းဆောင်က ဗိုလ်ချုပ်ကြီးယွက်ဆစ်ပေါ့။

နောက်ပြီး ဒုတိယအရေးကြီးတဲ့ ဆုံးဖြတ်ချက်အနေနဲ့ မြန်မာ့နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုပြန်သွားမလဲ ဆိုတဲ့ ဆုံးဖြတ်ချက်ရှိပါတယ်။ ကျနော်တို့ ဒီကနေ့ နိုင်ငံရေး အခင်းအကျင်းကို ကြည့်မယ်ဆိုရင် Working Group ကနေ UPDJC။ UPDJC ကနေ UPCကို တရားဝင် သုံးကြိမ်လုပ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကနေ့ အခင်းအကျင်းမှာ ဖက်ဒရယ်မူ၊ ကိုယ်ပိုင် ပြဌာန်းခွင့် တန်းတူအခွင့်အရေးနဲ့ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတဲ့ ကိစ္စတွေနဲ့ ပြည်ထောင်စုကနေ ခွဲမထွက်ရဖူးဆိုတဲ့ အစိုးရနဲ့ တပ်မတော်ရဲ့ တင်ပြချက်တွေက ရှေ့ဆက်လို့ မသွားနိုင်တော့တဲ့ အနေအထားမျိုးမှာ ရောက်တယ်။ ကျနော်တို့ ခွဲမ ထွက်ရဘူးဆိုတာကို လက်မခံဘူးဆိုလို့ရှိရင် ခင်ဗျားတို့လိုချင်တဲ့ ဖက်ဒရယ်မူတွေ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ တန်းတူအခွင့်အ ရေးတွေ ဒါရနိုင်မှာ မဟုတ်ဘူး။ ဒါကို အလဲအထပ်လုပ်ရမယ်ဆိုတဲ့ ကိစ္စပေါ်လာတော့ ကျနော်တို့ ရှေ့ဆက်သွားလို့မရတဲ့ အနေ အထားဖြစ်သွားတယ်။

နောက် လုံခြုံရေးပိုင်းဆိုင်ရာမှာလည်းပဲ တစ်ခုတည်းသော တပ်မတော်ကို လက်ခံရမယ်ဆိုတဲ့ တပ်မတော်ဘက်က တင်ပြလာတဲ့အပေါ်မှာ ကျနော်တို့ ဆွေးနွေးညှိနှိုင်းလို့မရသေးတဲ့ အနေအထားဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် က တစ်ဆို့နေတယ်လို့ ညီလာခံက သုံးသပ်တဲ့အတွက် ဒီတစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးအခြေအနေတွေ နိုင်ငံရေးဆွေးနွေးပွဲတွေကို ရှေ့ဆက်သွားလို့ရအောင် နိုင်ငံတော်အစိုးရဘက်က တကယ်ဆုံးဖြတ်နိုင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ၊ မြန်မာ့တပ်မတော် ဘက်က တကယ့် ဆုံးဖြတ်ချက်ပေးနိုင်တဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းက ထိပ်ပိုင်းခေါင်းဆောင်တွေ အလွတ်သဘောတွေ့ဆုံပြီးတော့မှ ကျနော်တို့ ဒီကနေ့ ကြုံနေရတဲ့ အခက်အခဲတွေ အဟန့်အတားတွေ တစ်ဆို့မှုတွေကို ဝိုင်းဝန်းအဖြေရှာကြမယ်ဆိုတဲ့ ကျနော်တို့ ဆုံးဖြတ်ချက်တစ်ခုကို ရပါတယ်။

အဲ့ဒီဟာကို အမြန်ဆုံး တွေ့ဆုံနိုင်အောင် အဲ့ဒီကိစ္စကို ဖြေရှင်းနိုင်အောင် ကျနော်တို့ ကြိုးစားကြမယ်လို့လည်း ပြောကြ တာ ရှိပါတယ်။ အဲ့ဒါပြီးမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ သက်ဆိုင်ရာလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နိုင်မှာဖြစ် တယ်လို့ ကျနော်တို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချပါတယ်။ နောက်အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုက ကျနော်တို့ ငြိမ်း ချမ်းရေးဖြစ်စဉ်မှာ NCA ကို လက်မှတ်ရေးထိုးထားတဲ့ ၁၀ဖွဲ့တင်မကဘဲနဲ့ လက်မှတ်မရေးထိုးရသေးတဲ့ ညီနောင်တိုင်းရင်းသား တွေရှိတဲ့အတွက် အဲ့ဒီအဖွဲ့တွေကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုပူးပေါင်းပါဝင် လုပ်ဆောင်သွားနိုင်မလဲဆိုတဲ့ ကိစ္စကို လည်း ကျနော်တို့ စဉ်းစားကြပါတယ်။

အဲ့လိုစဉ်းစားတဲ့နေရာမှာ မြန်မာပြည်ငြိမ်းချမ်းရေး တည်ဆောက်မှုအပေါ်မှာထားရှိတဲ့ ဘုံသဘောထားတွေ၊ နောက်မြန် မာပြည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ဘုံသဘောထားတွေ ဖက်ဒရယ်အခြေခံမူဆိုင်ရာ ဘုံသဘောထားတွေနဲ့ NCA ဆိုင်ရာ ဘုံသဘောထားတွေ လက်မှတ်မရေးထိုးသေးတဲ့ EAO တွေနဲ့ညှိပြီးတော့မှ ကျနော်တို့ ညှိလို့ရတဲ့ရလဒ်နဲ့ ရှေ့ဆက်ပြီးတော့မှ ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားလို့ရှိရင် ကောင်းမွန်တဲ့ရလဒ်တွေ ရလာမယ်။ ပိုအကျိုးရှိမယ်လို့ ကျနော်တို့ ယူဆတဲ့အတွက် အဲ့ဒီအ ပေါ် အခြေခံပြီးတော့မှ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးပါဝင်တဲ့ အစည်းအဝေး ကြီးတစ်ရပ်ပြုလုပ်ရန်အတွက် ကျနော်တို့ဆုံးဖြတ်ထားပါတယ်။

မေး – ဒီညီလာခံက ရှေ့ဆက်သွားမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ဘယ်လောက်အရေးကြီးလဲ။

ဒီညီလာခံတစ်ခုလုံးမှာ ရှေ့ဆက်သွားရမဲ့ ငြိမ်းချမ်းရေးခရီးစဉ်အတွက်ပဲ ကျနော်တို့ အလေးပေးပြီးတော့မှ ဆွေးနွေး တာ ဖြစ်ပါတယ်။ ဒီကနေ့ တရားဝင်းလိုင်းအနေနဲ့ သွားလို့ရတဲ့ဟာတွေကိုတော့ တတ်နိုင်သလောက် သွားပြီးပြီး။ နောက် ရှေ့ ဆက်ပြီးတော့မှ သွားမယ်ဆိုလို့ရှိရင် တစ်ဆို့မှုရှိတဲ့ ကိစ္စတွေကို မဖြေရှင်းဘဲနဲ့ ကျနော်တို့ကြားမှာရှိနေတဲ့ နက်ရှိုင်းတဲ့ ကွာဟ ချက်တွေကို မဖြေရှင်းဘဲနဲ့တော့ ကျနော်တို့ Union Peace conferences ၂၁ရာစုပင်လုံ အစည်းအဝေးကြီးကို သွားလို့ရှိရင် လည်းပဲ ဘာမှအကျိုးထူးလာစရာ မရှိဘူး။ ကျနော်တို့ ရလဒ်ကောင်းလည်း ရလာမှာမဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ ကြားထဲ မှာရှိနေတဲ့ ကွာဟချက်တွေကို အရင်ဖြေရှင်းဖို့ လိုတယ်လို့ ကျနော်တို့ ဒီအစည်းအဝေးကြီးမှာ ဒါကို အလေးပေးပြီးတော့မှ ဆွေး နွေးတာ ဖြစ်ပါတယ်။

မေး – အပစ်ရပ်အဖွဲ့နဲ့ အစိုးရ၊ တပ်မတော်အကြား ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရှေ့ဆက်သွားဖို့အတွက် ရှေ့မတိုးသာ နောက်မ ဆုတ်သာ အခြေအနေမျိုး ဖြစ်ပေါ်နေတဲ့ အဓိက ကြုံတွေ့ရတဲ့ အခက်အခဲတွေက ဘာတွေဖြစ်မလဲ။

အဓိက ကတော့ ကျနော်တို့ NCA အတိုင်း အကောင်အထည်မဖော်နိုင်တာက တော်တော်လေး အဓိကကျပါတယ်။ တကယ်ဆိုလို့ရှိရင် NCA က တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်း ၁၀ဖွဲ့နဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကြားမှာ ချုပ်ဆို တဲ့ စာချုပ်ကြီးဖြစ်ပါတယ်။ ဒါကိုလည်း အကောင်အထည်ဖော်ဖို့အတွက် သန္နိဌာန်ပြုကြပြီး ဖြစ်တယ်။ ဒါပေမဲ့ ဒီကနေ့ NCA ကို အကောင်အထည်ဖော်တဲ့နေရာမှာ အခက်အခဲ အများကြီးကြုံရတာ ကျနော်တို့တွေ့ရပါတယ်။

အဲ့ဒါဘာလဲဆိုတော့ ကျနော်တို့ ဒီပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ဖြစ်ပေါ်လာဖို့အတွက် သွားရမဲ့ အဆင့်လိုက် အဆင့်လိုက် လုပ်ရမဲ့လုပ်ငန်းတွေ ရှိပါတယ်။ အဲ့ဒီထဲမှာ အရေးကြီးဆုံးကတော့ ကျနော်တို့ ပြည်သူနဲ့ တွေ့ဆုံပွဲတွေ Public consultation၊ နောက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ National Dialogue တွေ၊ ဒါတွေက လုပ်ဖို့လိုအပ်တဲ့ ကိစ္စရပ် တွေ ဖြစ်ပါတယ်။ ဒါပေမဲ့လို့ ဒီကနေ့ အဲ့လိုလုပ်ဖို့လိုတဲ့ကိစ္စတွေကို အစိုးရနဲ့ တပ်ပိုင်းဆိုင်ရာကော လွတ်လွတ်လပ်လပ် လုပ်ခွင့် မပေးတဲ့အပေါ်မှာ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအားလုံး လူထုတွေ့ဆုံပွဲ မလုပ်နိုင်တဲ့ အဖွဲ့ အစည်းတွေ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်တဲ့အဖွဲ့အစည်းတွေ တော်တော်များများရှိပါတယ်။

နောက်တစ်ချို့က တစ်ကြိမ်ပဲ လုပ်ရတယ်။ နှစ်ကြိမ် သုံးကြိမ် လေးကြိမ် ငါးကြိမ် လုပ်ဖို့လိုအပ်တယ်။ ဒါပေမဲ့ ခွင့်မပြု ဘူးဆိုတဲ့ အနေအထားအောက်မှာ ကျနော်တို့ NCA ကို အကောင်အထည်ဖော်နေရတဲ့အတွက် အင်မတန်မှ အဟန့်အတား ဖြစ် ပါတယ်။ ဒါ့အပြင် ဒီထက် အဟန့်အတားဖြစ်စေတဲ့ အရာတွေက
ခွဲမထွက်ရဘူးဆိုတဲ့ကိစ္စကို ခင်ဗျားတို့ သဘောမတူဘူးဆိုလို့ရှိ ရင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေက အမြဲတမ်း နှစ်ပေါင်း (၇၀)ကြာ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြ ဌာန်းခွင့်တွေ၊ အမျိုးသားတန်းတူရေးတွေ၊ ဖက်ဒရယ်အခြေခံမူတွေ ဒါတွေ အားလုံးကို ဘာမှမလုပ်ပေးနိုင်ဘူး။ မလွဲပေးနိုင်ဘူး ဆိုတဲ့ တစ်ဖက်က ပြောလာတဲ့အပေါ်မှာ ဒါဟာ ရှေ့ဆက်သွားနိုင်ဖို့ ကြုံရတဲ့ တကယ့် ကြီးမားသော တစ်ဆို့မှုကြီး ဖြစ်ပါတယ်။
နောက်လုံခြုံရေးပိုင်းဆိုင်ရာမှာလည်းပဲ တစ်ခုတည်းသော တပ်မတော်ကို ခင်ဗျားတို့လက်ခံမှ ရှေ့ဆက်ဆွေးနွေးလို့ရ မယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်လာတဲ့အခါကျတော့ ဒါတွေက ကျနော်တို့အတွက် အဟန့်အတားဖြစ်စေတဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ ဒါကို မဖြေရှင်းဘဲနဲ့ ရှေ့ဆက်သွားမယ်ဆိုလို့ရှိရင်လည်း အဖြေကောင်း ရလဒ်ကောင်းရလာမှာ မဟုတ်ဘူး။ ဒါကို အရင်ဆုံး ဖြေ ရှင်းဖို့လိုတယ်လို့ ကျနော်တို့အနေနဲ့ ယူဆပါတယ်။

မေး – အပစ်ရပ် တိုင်းရင်းသားအဖွဲ့စည်းတွေကြားမှာ သူတို့ရဲ့ ကိုယ်ပိုင် မူဝါဒတွေ ရှိနေတယ်။ ဒီလို ရှိနေခြင်းကြောင့် အပစ် ရပ်အဖွဲ့တွေကြားမှာ ဘုံမူဝါဒဆိုင်ရာ ဘုံသဘောတူညီချက်ရရှိဖို့အတွက ်ဒီညီလာခံက နေ ဘယ်လိုချမှတ်နိုင်တာမျိုးရှိလဲ။

ကျနော်တို့ အဖွဲ့အစည်း ၁၀ဖွဲ့ကြားထဲမှာလည်း အဖွဲ့အစည်းအသီးသီး၊ ပြည်နယ်အသီးသီး၊ ဒေသအသီးသီးက လာတဲ့ အဖွဲ့အစည်းတွေဖြစ်ကြတဲ့အတွက် အားလုံးတူနေတယ်လို့တော့ မဟုတ်ပါဘူး။ ကွဲပြားမှုတွေ အများကြီး ရှိပါတယ်။ ဒီကွဲပြားမှု တွေကို အမြဲတမ်း ညှိပြီးတော့မှ ဒီကနေ့ နိုင်ငံတော်အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို သွားနေတာပဲဖြစ်ပါတယ်။ အဲ့ဒီလို စုစည်းတဲ့နေရာမှာ ကျနော်တို့ အခုဆိုရင် PPST(Peace Process Supporting Team) က အခရာ ကျပါတယ်။ ဒီအစည်းအ ဝေးကြီးကနေ ဘုံသဘောတူညီချက်တွေ၊ ဘုံလုပ်ငန်းစဉ်တွေ၊ ဖက်ဒရယ်အခြေခံမူတွေ ဒီမိုကရေစီဆိုင်ရာ အခြေခံမူတွေ ဒါတွေအားလုံးကို တူညီအောင် ကျနော်တို့ အမြဲတမ်း ညှိနေရတဲ့ အနေအထားမျိုးရှိပါတယ်။ ဒီတော့ ဒီကနေ ရှေ့လာမဲ့ ဆွေး နွေးပွဲတွေမှာ အလွတ်သဘောပဲဖြစ်ဖြစ်၊ တရားဝင်ပဲဖြစ်ဖြစ် ဆွေးနွေးတဲ့နေရာမှာ ဘုံသဘောထား ချမှတ်ထားပြီးသားဖြစ်တဲ့ နောက် ဘုံလုပ်ငန်းစဉ်တွေ ချမှတ်ထားပြီးသားဖြစ်တဲ့ အားလုံးသဘောတူညီမှု ရထားပြီးသားဖြစ်တဲ့ ဖက်ဒရယ်အခြေခံမူတွေ ဒီမို ကရေစီအခြေခံမူတွေအပေါ်မှာ ဆွေးနွေးသွားမှာဖြစ်တဲ့အတွက် ဒါတွေကိုလည်း အခုပြင်ဆင်နေတဲ့ အချိန်ကာလဖြစ်နေတယ် လို့ ကျနော်အနေနဲ့ ပြောလိုပါတယ်။

ကျနော်တို့ EAO ၁၀ဖွဲ့ကြားထဲမှာ အပစ်ရပ်အဖွဲ့ကြားထဲမှာပဲ မဟုတ်ဘဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံးနဲ့ ခြုံငုံမိ တဲ့ ဘုံသဘောထား ရပ်တည်ချက်တွေ၊ လုပ်ငန်းစဉ်တွေ၊ ဖက်ဒရယ်အခြေခံမူတွေ ဒါတွေကိုလည်း ချမှတ်နိုင်ဖို့ရန်အတွက် အပတ်တကုပ် ကြိုးစားနေတဲ့ အချိန်ကာလဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး – ဖြည့်စွက်ပြောကြားချင်တဲ့ အကြောင်းအရာ အခြေအနေလေးရှိရင်လည်း သိပါရစေ။

ကျနော်တို့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၀ဖွဲ့က ဆိုလို့ရှိရင် ဒီကနေ့ NCA လမ်း ကြောင်းပေါ်မှာ ရှိနေပါတယ်။ NCA အတိုင်းပဲ ကျနော်တို့ အကောင်အထည်ဖော်ချင်ပါတယ်။ ဒီ NCA လမ်းဟာ ဒီကနေ့ ပြည် ထောင်စုမြန်မာနိုင်ငံတော်မှာ နှစ်ပေါင်း ၆၀ကျော် ၇၀ကာလကျော်ကြာ ပြည်တွင်းစစ်ဖြစ်နေတဲ့ ကိစ္စကို ဒီလမ်းကြောင်းကနေပဲ အဖြေရှာနိုင်လိမ့်မယ်လို့ ကျနော်တို့ တထစ်ချ ယုံကြည်နေပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ငြိမ်းချမ်းရေး ရရှိသည်အထိ ကျနော်တို့ ကြိုးပမ်းဆောင်ရွက်သွားဖို့ သန္နိဌာန်ချထားပြီးဖြစ်တယ်လို့ ကျနော် ထပ်လောင်း ပြောချင်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here