“အင်အား ၅သောင်းရှိပါလျက်နဲ့ လွှတ်တော်ရုံးကလည်း ကရင် ဖြူတွေ ရွာနားမှာရှိပါလျက်နဲ့ ကရင်ဖြူတွေ လွှတ်တော်အထိ ဝင်ရောက် အရွေးချယ်ခံပိုင်ခွင့်မရှိတာ၊ မတက်နိုင်တာကို တော်တော်စိတ်မကောင်းဘူ” ကရင်ဖြူရေးရာကော်မတီ ဥက္ကဌ စောစိုးနိုင်

ကရင်ဖြူရေးရာကော်မတီ ဥက္ကဌ စောစိုးနိုင်အား ကေအိုင်စီ-ကရင်သတင်းဌာနက ဇွန်လဆန်းတွင် သွားရောက်တွေ့ဆုံမေး မြန်းထားခြင်းကို ဖော်ပြလိုက်ပါသည်။ ကေအိုင်စီ။ ။ ကရင်ဖြူရေးရာကော်မတီကိုဘယ်ခုနှစ်ကစပြီး ဘယ်လိုပုံစံဖွဲ့စည်းခဲ့တာလဲ။ ကရင်ဖြူရေးရာကော်မတီကို ကျနော်တို့ ၂၀၁၅ မှာ စတင်ဖွဲ့စည်းတည်ထောင်တယ်။ ဘာကြောင့် ဖွဲ့စည်းလဲဆိုတော့ ၂၀၁၄သန်းခေါင်စာရင်းမှာ ကရင်ရဲ့အောက်မှာ ကရင်ဖြူမျိုးနွယ်စုဆိုတာ ပါလာတယ်။ ကုဒ်နံပါတ်က ၃၀၂ ပါလာရဲ့သားနဲ့ သန်းခေါင်စာရင်းရောက်လာတဲ့အချိန်ကျတော့ မင်းတို့က ကရင်မဟုတ်ဘူး။ မင်းတို့ဒီကုဒ်ကို ပြောင်းထည့်ပါဆိုပြီး လာစည်းရုံး တဲ့အချိန်မှာ ဒီက ကျနော်တို့ ရပ်မိရပ်ဖတချို့က ငါတို့က ကရင်ဖြူဖြစ်တယ်။ ငါတို့ကုဒ်ကို ငါတို့ပေးမှရမယ်ဆိုပြီးတော့မှ အဲဒီမှာ အတိုက်အခံ အကြီးအကျယ် စကားများတယ်။ အငြင်းအခုန်ဖြစ်တယ်၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ရန်တောင်ဖြစ်တယ်။ ကျနော်တို့ ဒီလောက်လုပ်တာတောင် မပါတဲ့သူတွေရှိတယ်။ အဓိကကတော့ နေပြည်တော်ကောင်စီနယ်မြေမှာရှိတဲ့ ဥပမာ အလယ်ချောင်းအုပ်စုဆိုရင် ယခင်တုန်းက […]


KNU အထွေထွေအတွင်းရေးမှူးနှင့် တွေ့ဆုံမေးမြန်းခြင်း

“PPCM ကို ဖွဲ့တဲ့ရည်ရွယ်ချက်က လက်မှတ်ထိုးတဲ့ အဖွဲ့နဲ့ မထိုးတဲ့ အဖွဲ့တွေအကြား ကျယ်ကျယ်ပြန့်ပြန့် သွားနိုင်တဲ့ အနေအထားမျိုးကို ဖန်တီးနိုင်ဖို့ဖြစ်ပါတယ်” ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မေလ ၁၄မှ ၁၈ရက်နေ့အထိ ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း ၁ဝဖွဲ့၏ NCA_EAOs ထိပ်သီးအစည်းအဝေးတွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက လက်ရှိ ငြိမ်းချမ်းရေးဖော် ဆောင်မှုလုပ်ငန်းစဉ်ကို PPST စုဖွဲ့မှု ပုံစံမှ PPCM (Peace Process Consultative Meeting) လမ်းကြောင်းဖြင့် ဆက်သွားရန် အဆိုပြုချက်တစ်ရပ် ပြုလုပ်ခဲ့သည်။ ယင်းအဆိုပြုချက်အပေါ် EAOs ထိပ်သီးခေါင်းဆောင်များအကြား အဓိက ဆွေးနွေးစရာ ကဏ္ဍတစ်ခုဖြစ်ခဲ့သလို သဘောထားကွဲလွဲမှုများလည်း ထွက်ပေါ်လျက်ရှိသည်။ ၎င်းအဆိုပြုချက်ကိစ္စ အပါအဝင် ရှေ့ဆက် ကေအဲန်ယူ […]


“တဖက်နှင့်တဖက် NCA အပေါ် နားလည်လက်ခံမှု မတူညီကြရင်တော့ ငြိမ်းချမ်းရေးရှေ့အနာဂတ်ခရီး ဆက်လက်လျှောက်လှမ်းသွားဖို့က လွယ်ကူမှာတော့ မဟုတ်ပါဘူး”

မေလပထမပတ်က ကျင်းပပြီးစီးခဲ့သည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်အဖြစ်တာဝန်တိုးမြှင့်လိုက်သဖြင့် ဗဟိုနိုင်ငံရေးဌာနတာဝန်ခံဖြစ်လာသူ “နိုင်အောင်မငေး” အား မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင် ဆက်သွယ်မေးမြန်းခဲ့သည်။ မေး- မွန်ပြည်သစ်ပါတီကို ယေဘူယျအားဖြင့် ဘယ်လိုဖွဲ့စည်းထားပါသလဲ၊ သာမန်ပရိတ်သတ်တွေ သိရှိနိုင်အောင် ရှင်းပြပေးပါလား? ဖြေ-ကျနော်တို့ မွန်ပြည်သစ်ဗဟိုအဆင့်မှာ ပါတီရေးရာ၊ အုပ်ချုပ်ရေး၊ စစ်ရေးဌာနဆိုပြီး ဌာနကြီး ၃ ခု၊ ပြည်တွင်းရေးရာဌာနကြီးနဲ့ ပြည်ပရေးရာဌာနကြီး ၂ ခု စုစုပေါင်း ဌာနကြီး ၅ ခုရှိပါတယ်၊ ဒီဌာနကြီး ၅ ခုကို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် EC တစ်ဦးစီက တာဝန်ယူရတာပါ၊ ပါတီမှာအမြင့်ဆုံးအာဏာပိုင်ဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၉ ဦးထဲမှာ ၅ ဦးက ဒီဌာနကြီး ၅ ခုကို တိုက်ရိုက်ကိုင်တွယ်တာပေါ့။ မေး- ဒါဆိုရင် ပါတီရေးရာမှာ […]


“ ၂၀၂၀မှာ ငြိမ်းချမ်းရေးရ အောင်လုပ်မယ်ဆိုတာထက် ၂၀၂၀မှာ တစ်နိုင်ငံလုံး အပစ်ရပ်အောင်လုပ်မယ်ဆိုရင်တောင် ဖြစ်နိုင်ခြေရှိတယ်။ အထူးသဖြင့် တပ်မတော်ပေါ်မှာပဲ မူတည်တယ်”RISE ဒါရိုက်တာ နန်းမြသီတာနှင့် တွေ့ဆုံခြင်း

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်ပြီး ခြုံငုံသုံးသပ်ပြောဆိုပေးရန်အတွက် ကရင်ပြည်နယ်အခြေစိုက် (Research Institute for Society and Ecology – RISE) ၏ ဒါရိုက်တာ နန်းမြသီတာကို ကေအိုင်စီ သတင်းထောက် စအိုင်ဆူး က တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။


“အချက်အလက်ကောင်းတွေ ဘယ်လောက်ပဲစုဆောင်းခဲ့တယ်ဆိုဦးတော့ ပြည်ထောင်စုအဆင့်မှာ ဘယ်ချောင်ထိုးထည့်မှန်းမသိ ဖြစ်သွားတယ်”

ဗိုလ်မှူးကြီးကောင်းရွတ်သည် မွန်ပြည်သစ်ပါတီတွင် ၃၅ နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းစားအနားယူခဲ့သူ ဖြစ်သည်။ နဝတစစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီ ၁၉၉၅ ခုနှစ် အပစ်ရပ်ဆွေးနွေးပွဲများတွင် စစ်ဘက်ရေးရာကိစ္စရပ်များကို အဓိကဦးဆောင်ဆွေးနွေးခဲ့သူတစ်ဦးဖြစ်ခဲ့သည့်အတွက် လက်ရှိ NCA လက်မှတ်ရေးထိုးခဲ့သော မွန်ပြည်သစ်ပါတီအပေါ် ၎င်း၏အမြင်သုံးသပ်ချက်များအား မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင် မွန်ဘာသာဖြင့် တွေ့ဆုံမေးမြန်းချက်ကို မြန်မာပြန်ဆိုခဲ့ခြင်း ဖြစ်သည်။


Hpaula Gam Hpang: ‘I Tried to Find A Way for IDPs to Return Before Anyone Came to Help’

KNG speaks to the Kachin singer and songwriter who negotiated for IDP return with the Tatmadaw. Nearly 280 people from 46 displaced families in camps across Kachin State were recently able to go back to Nam San Yang village in Waingmaw Township, escorted by the Burma Army. Noted Kachin singer and songwriter Hpaula Gam Hpang […]


မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး၏ သတင်းစာရှင်းလင်းချက်

ထိုင်းမြန်မာနယ်စပ်တွင် ဖေဖော်ဝါရီ ၂၀ ရက်နေ့က မွန်ပြည်သစ်ပါတီ၏ ၇၂ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား သတင်းစာရှင်းလင်းပွဲ၌ မွန်သတင်းအေဂျင်စီ အယ်ဒီတာ ဗညားအောင်နှင့် အခြားသတင်းထောက်တို့၏မေးမြန်းချက်များအား မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း ဖြေကြားခဲ့သည်ကို စုစည်းတင်ပြခြင်း ဖြစ်ပါသည်။ မေး- NCA လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ နိုင်ငံရေးအရ မွန်ပြည်သစ်ပါတီ ဘာတွေဆောင်ရွက်နိုင်ခဲ့ပါသလဲ? ဖြေ-မွန်ပြည်သစ်ပါတီ ၂၀၁၈ မှာ NCA လက်မှတ်ရေးထိုးပြီးကတည်းက ကျနော်တို့ မွန်တိုင်းရင်းသား အကြား ညီညွတ်ရေးတည်ဆောက်ခဲ့တာက တစ်ခု၊ နောက်ဒုတိယအပိုင်းမှာ ပြည်တွင်းနိုင်ငံရေးပါတီတွေနဲ့ ချိတ်ဆက်ပြီး တွေ့ဆုံပြီး အမြင်ချင်းဖလှယ်ကြတာရှိတယ်၊ နောက်တတိယအပိုင်းမှာ ကျနော်တို့ပါတီ ရွယ်ရွယ်ချက်ဖြစ်တဲ့ ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးတွေ့ဆုံအဖြေရှာရေး ဆိုတဲ့အပိုင်းမှာ ပင်လုံညီလာခံကို တက်ခဲ့ပါတယ်၊ နောက်စတုတ္တအပိုင်းမှာ NCA လက်မှတ်ရေးထိုးပြီးနဲ့ မရေးထိုးသေးတဲ့ ဘဝတူတိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ရှေ့ဆက်ဘယ်လိုတိုက်ပွဲဝင်သွားကြမလဲ […]


ကေအဲန်ယူ ဒုတိယ ဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်နှင့်တွေ့ဆုံခြင်း

“တွေ့ဆုံဆွေးနွေးမှုတွေက တိုးတက်မှုမရှိတာလဲဆိုတာကတော့ ကျမတို့ ပြန်ကြည့်မယ်ဆိုရင် ရှင်းရှင်းလင်းလင်းပဲ ပေါ်လွင်နေပါတယ်။ စစ်တပ်ဘက်က နိုင်ငံရေးဆွေးနွေးမှုကို လက်မခံလို့ပဲဖြစ် တယ်” မြန်မာနိုင်ငံ အစိုးရနှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတို့ကြား လက်ရှိဖော်ဆောင်နေသော မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေမှုအခြေ အနေနှင့်ပတ်သက်ပြီး ကေအဲန်ယူ ဒုတိယ ဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၏ အမြင်သဘောထား၊ သုံးသပ်ချက်များကို စုစည်းတင်ပြလိုက်ပါ သည်။