မြိုင်ကြီးငူစစ်ဘေးရှောင်များအတွက် ကောင်းမွန်သည့် အစီအမံများ ဖော်ဆောင်ပေးရန် KHRG တိုက်တွန်း

မြိုင်ကြီးငူစစ်ဘေးရှောင် စခန်း ၂ ခုတွင် နှစ်နှစ်ကျော်ကြာ နေရပ်မပြန်နိုင်သေးဘဲ ခိုလှုံနေရဆဲဖြစ်သည့် စစ် ဘေးရှောင် ၅,၀၀၀ ကျော်အတွက် ကောင်းမွန်သည့် အစီအမံများဖော်ဆောင်ပေးရန် အစိုးရနှင့် သက်ဆိုင် ရာတာဝန်ရှိသူများအား ကရင်လူ့အခွင့်အရေးအဖွဲ့ -KHRG က ယမန်နေ့ ( မေလ ၂၂ရက်) အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်သည်။ ၎င်းထုတ်ပြန်လိုက်သည့် စာမျက်နှာ ၆၀ကျော်ပါ အစီရင်ခံစာမှာ မြိုင်ကြီးငူ စစ်ဘေးရှောင်များနှင့် စစ်ဘေး ရှောင်စခန်း အခြေအနေမှန်များကို ထင်ဟပ်စေသည့် အကြောင်းအရာများကို ကွင်းဆင်း မေးမြန်းပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ -KHRGမှ သီးသန့် ပြုစုထုတ်ဝေလိုက်သည့် အစီရင်ခံစာလည်း ဖြစ်သည်။ KHRG မှ Program Director နော်ထူးထူးက “သူတို့နေရပ်ပြန်ဖို့က သူတို့ရပ်ရွာမှာ လက်နက်ကိုင်အဖွဲ့ တွေရှိ နေသေးတယ်။ […]

  • Author:
  • Date: May 24th, 2019
  • Category: News

မွန်ပြည်သစ်နှင့် မွန်ညီညွတ်ရေးပါတီ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး

အမျိုးသားရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ (NMSP) နှင့် မွန်ညီညွတ်ရေးပါတီ (MUP) နှစ်ဖက်ခေါင်းဆောင်များတို့ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်ရှိ မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေးဆွေးနွေးမှု နည်းပညာအထောက်အကူပြုအဖွဲ့(TAT) ရုံး၌ မေလ၂၂ရက္ နံနက် ၁၀ နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ “၂၀၁၆ ခုနှစ်တုန်းက ကော့ပေါလော မွန်အမျိုးသားညီလာခံမှာ ဆုံးဖြတ်ချက်ချထားတာရှိတယ်။ မွန်နိုင်ငံရေးပါတီတွေ မွန်လူမှုအဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ အစုအဖွဲ့တစ်ခုကို ဖွဲ့စည်းဖို့ ပထမဦးဆုံးအနေနဲ့ ကျွန်တော်တို့ နှစ်ပါတီက တွေ့ဆုံတာပါ”ဟု မွန်ပြည်သစ်ပါတီ အထွေအတွင်းရေးမှူး နိုင်အောင်မင်းက ဆိုသည်။ အနာဂတ်မွန်အမျိုးသားရေးကိစ္စရပ်များအတွက် မွန်သံဃာတော်များ၊ မွန်နိုင်ငံရေးပါတီများ၊ မွန်လူမှုအဖွဲ့အဖွဲ့အစည်းများ စသည့် ကဏ္ဍအားလုံးပူးပေါင်းပါဝင်မည့် အစုအဖွဲ့တစ်ခုကို ဆက်လက်အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ အလားတူ “ကော့ပေါလော ညီလာခံမှာ ဆုံးဖြတ်ခဲ့တဲ့ အားလုံးပူးပေါင်းပါဝင်မည့် အစုအဖွဲ့ကို အကောင်အထည်ဖော်ဖို့အတွက်ပဲ၊ အဲဒါကို […]

  • Author:
  • Date: May 24th, 2019
  • Category: News

ရေးမြို့နယ် ကုလားဂုတ်ကျွန်း လူသတ်မှုအတွက် တပ်မတော်အရာရှိတစ်ဦး ထောင် ၁၀ နှစ်ချခံရ

ရေးမြို့နယ်၊ ကုလားဂုတ်ကျွန်း၌ ယမန်နှစ်က အရပ်သားတစ်ဦးအပေါ် လူသတ်မှုကျူးလွန်ခဲ့သည့် တပ်မတော်အရာရှိတစ်ဦးကို မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် တရားရုံးက မေလ ၂၀ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။ ယမန်နှစ် မေလလယ်အတွင်း ကုလားဂုတ်ကျွန်း၌ တာဝန်ကျသော ခမရ (၅၈၇) ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီးအောင်ကိုမင်းက အလယ်ဆိပ်နေ သစ်ဝါးလုပ်ငန်းလုပ်ကိုင်သူ ကိုတင်စိုးမြင့်အား မှတ်ပုံတင်စစ်ဆေးရန်အကြောင်းပြု၍ တပ်စခန်းသို့ ခေါ်ဆောင်သွားရာမှ လူသတ်မှုကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ အရပ်သား၏မြေယာအငြင်းပွားမှုကိစ္စရပ်ကို ဝင်ရောက်ဖြေရှင်းမှု၊ အရက်သေစာသောက်စားမူးယစ်မှုတို့ဖြင့် တပ်မတော်အက်ဥပဒေအရ စွဲချက်တင်၍ အကျဉ်းစစ်တရားရုံးတို့ဖြင့် စစ်ဆေးစီရင်ပြီး အဆိုပါပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာမှ နယ်ဘက်တရားသို့ နိုဝင်ဘာလအတွင်းက လွှဲပြောင်းပေးခဲ့သည်။ အဆိုပါပြစ်မှုကျူးလွန်သူအား ရာဇသတ်ကြီး ပုဒ်မ – ၃၀၂ လူသတ်မှုဖြင့် မော်လမြိုင်ခရိုင်တရားရုံး၌ တရားစွဲဆို၍ ယမန်နှစ် ဒီဇင်ဘာလတွင် […]

  • Author:
  • Date: May 22nd, 2019
  • Category: News

NCA-S EAO ထိပ်သီးအစည်းအဝေးတွင် တစ်ဆို့နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကျော်လွှားနိုင်ရေး ဘုံသဘောထားများချမှတ်နိုင်ခဲ့ဟုဆို

ကျင်းပပြီးစီးခဲ့သည့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA-S EAO ထိပ်သီးခေါင်းဆောင်များ၏ ညီလာခံနောက်ဆုံးနေ့တွင် တစ်ဆို့နေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကျော်လွှားနိုင်ရေး ဘုံသဘောထားများ ချမှတ်နိုင်ခဲ့ဟု ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစိုင်းငင်းက မွန်သတင်းအေဂျင်စီသို့ ပြောသည်။ “အခုဟာ ငြိမ်းချမ်းရေးဖြစ်စဉ်က တစ်ဆို့နေတာကိုး၊ ကျနော်တို့ဘက်ကလည်း ဒီတစ်ဆို့မှုတွေကို ကျော်လွှားနိုင်ဖို့ဆိုပြီးတော့ ကျနော်တို့ EAO ဘက်အခြမ်းက နည်းနာတွေ နည်းလမ်းတွေ မူတွေ ဘုံသဘောထားတွေ ချမှတ်နိုင်ခဲ့တာ ကောင်းတဲ့ လက္ခဏာပါ” ဟု ဗိုလ်မှူးကြီးစိုင်းငင်းက ဆိုသည်။ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးတည်ဆောက်ရာတွင် NCA-S EAO များ ကိုင်စွဲထားသည့် မည်သည့်သက်ဆိုင်သူများကိုမျှ ချန်လှပ်မထားရေး အခြေခံမူ ( Non-Exclusive Principle) အရ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများအားလုံး ပါဝင်ဆွေးနွေးနိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ စုဖွဲ့မှုတစ်ခုဖွဲ့စည်းနိုင်ရေး […]

  • Author:
  • Date: May 21st, 2019
  • Category: News

DKBA(ခွဲထွက်)အဖွဲ့နှင့် နယ်ခြား စောင့်တပ်-BGFတို့အကြား ပစ်ခတ်မှုဖြစ်

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကောင်းမှုရွာအနီးတွင် မေလ ၁၇ ရက် နံနက်ပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA-ခွဲထွက်)အဖွဲ့နှင့် နယ်ခြားစောင့်တပ် (BGF)တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ ကောင်းမှုကျေးရွာနှင့် ပျားပင်ချောင်းဖျားနေရာ၌ နံနက် ၁၀း၁၅ နာရီ အချိန်တွင် DKBA ခွဲထွက် အဖွဲ့ မှ စောဖားကော် ဦးစီးသော ၁၉ ဦးပါအဖွဲ့နှင့် BGF အမှတ် (၁ဝ၁၇)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူးစောကျော်နော် ဦး စီးအဖွဲ့တို့အကြား မိနစ် ၃ဝခန့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ DKBA ခွဲထွက်အဖွဲ့မှ တပ်သား တစ်ဦး အား အရှင်ဖမ်းဆီးရမိခဲ့သည်ဟု ကရင်ပြည်နယ်၊ နယ်ခြား စောင့်တပ်များ အတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူ၏ ကိုယ်ရေးအရာရှိဗိုလ်မှူး နိုင်မောင်ဇော်က ပြောသည်။ “ဒီနေ့မနက် […]

  • Author:
  • Date: May 21st, 2019
  • Category: News

“ဘုံအကျိုးစီးပွား ဘုံသဘောတူညီချက်” အပေါ်အခိုင်အမာရပ်တည်ကြိုးပမ်းသွားဖို့ ALP ဒုဥက္ကဌ တိုက်တွန်း

နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်သမိုင်းရှည်ကြာခဲ့သည်ကို သင်ခန်းစာအဖြစ်ထားပြီး “ဘုံအကျိုးစီးပွား၊ ဘုံသဘောတူညီချက်” တွေအပေါ် အခိုင်အမာရပ်တည် ကြိုးပမ်းဆောင်ရွက်သွားကြဖို့လိုအပ်ကြောင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့ဆက်လက်ကျင်းပလျက်ရှိသော NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ NCA-S EAO ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံ တတိယမြောက်နေ့တွင် သဘာပတိအဖြစ်ဆောင်ရွက်သူ ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဌ ခိုင်စိုးနိုင်အောင်က အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားလိုက်သည်။ “ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ “ဘုံအကျိုးစီးပွား၊ ဘုံသဘောတူညီချက်”တွေ ဖြစ်ပါတယ်၊ ဒါကြောင့် အဲဒါတွေနဲ့ ပတ်သက်ဆက်နွယ်မှုရှိတဲ့ အကြောင်းအရာတွေကို တွဲလုပ်ကြဖို့လိုပါတယ်၊ “မတူတာကို ခွဲလုပ်” ဆိုတာကတော့ တစ်ဖွဲ့ချင်းစီရဲ့ အကျိုးစီးပွားဖြစ်ပါတယ်၊ အဲဒါကိုတော့ ခွဲလုပ်ကြရမှာ ဖြစ်ပါတယ်” ဟု ခိုင်စိုးနိုင်အောင်က ဆိုသည်။ မိမိတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO များအနေဖြင့် သမိုင်းအရသော်လည်းကောင်း၊ လက်ရှိအခြေအနေ၏ […]

  • Author:
  • Date: May 17th, 2019
  • Category: News

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆက်သွားနိုင်ရေး မဟာဗျူဟာကျစုစည်းမှုကို ဖော်ဆောင်ရန် KNU ဥက္ကဌ တိုက်တွန်း

ငြိမ်းချမ်းရေးဖြစ်စဉ်ကို အနှစ်သာရရှိရှိ ဆက်လက်လျှောက်လှမ်းနိုင်ရန် မဟာဗျူဟာကျသည့် စုစည်းမှုကို ဖော်ဆောင်ရန် လိုအပ်ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အပစ်ရပ် (၁၀)ဖွဲ့၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးအစည်းအဝေး ဒုတိယနေ့တွင် ပြောကြားလိုက်သည်။ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယမန်နေ့ (မေလ ၁၄ ရက်)က စတင်ပြုလုပ်နေသည့် စတုတ္ထအကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်း (၁၀)ဖွဲ့မှ ထိပ်သီးခေါင်းဆောင်းများ၏ အစည်းအဝေး ဒုတိယနေ့အတွက် ပြောကြားသည့် အဖွင့်မိန့်ခွန်း၌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ယခုလို ပြောကြားလိုက်ခြင်း ဖြစ်သည်။ “ကျနော်တို့ရဲ့ အန္တိမပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ဆိုရင် ကျနော်တို့ အားလုံး စုစည်းဖို့ လိုပါတယ်။ ကျနော်တို့ စုစည်းတဲ့နေရာမှာလည်း စုစည်းမှုက မဟာဗျူဟာကျကျ […]

  • Author:
  • Date: May 16th, 2019
  • Category: News

PPST ဖွဲ့စည်းပုံပြန်လည်သုံးသပ်ရေး NCA-S EAO ထိပ်သီးအစည်းအဝေးစတင်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တစ်ဆို့နေမှုများကို ကျော်လွှားနိုင်မည့်နည်းလမ်းများရှာဖွေရေးနှင့် NCA စာချုပ် လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဖွဲ့စည်းပုံပြန်လည်သုံးသပ်ရေး အဓိကဦးတည်ချက် ၂ ရပ်ဖြင့် စတုတ္တအကြိမ်မြောက် NCA-S EAO ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ယနေ့တွင် စတင်ကျင်းပလျက်ရှိကြောင်း သတင်းရရှိသည်။ PPST ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က “NCA လက်မှတ်ရေးထိုးခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်းမှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၄) ကြိမ်(သို့မဟုတ်) ၂၁ ရာစု ပင်လုံ (၃) ကြိမ် တိုင်တိုင် ကျင်းပနိုင်ခဲ့ပေမယ့် ထင်သာမြင်သာတဲ့ တိုးတက်မှုများ မရရှိခဲ့သေးပါဘူး ၊ လုပ်ထုံးလုပ်နည်း နည်းပညာပိုင်း ဆိုင်ရာတွေမှာပဲ ကျွန်တော်တို့ အချိန်ကုန်စေခဲ့တယ် ၊ ဆွေးနွေးတဲ့ နည်းနာတွေကို ကျွန်တော်တို့ မပြင်ဆင်နိုင်ခဲ့ဘူး […]

  • Author:
  • Date: May 15th, 2019
  • Category: News