ဗိုလ်ချုပ် ကြေးရုပ် ရွှေ့ဆိုင်းရေး ဆက်လက်လုပ်ဆောင်မည်ဟု ကရင်နီလူငယ်များ ပြော

ကယားပြည်နယ်၊ လွိုင်ကော်မြို့ ဂန္ဓာဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအား ရွှေ့ဆိုင်းရေးကိစ္စကို အသွင် သစ်ပုံစံဖြင့် ဆက်လက်လုပ်ဆောင်မည်ဟု ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ ယနေ့ ပြုလုပ်သည့် အစိုးရအဖွဲ့နှင့် ကရင်နီလူ ငယ်များအင်အားစုတို့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကိစ္စဖြေရှင်းရေး ညှိနှိုင်းအစည်းအဝေး ပျက်ပြယ်မှုအပြီးတွင် ကရင်နီ လူငယ်အင်အားစုဘက်က ပြောဆိုလိုက်သည်။ ကရင်နီပြည်လူငယ်အင်အားစု သပိတ်ကော်မတီမှ ဒီးဒီ(ခ)စစ်မုန်းက “ကျနော်တို့ကတော့ အသွင်းသစ် ပုံစံတစ်မျိုးနဲ့ပဲ ကြေးရုပ်တု ရွှေ့ဆိုင်းရေးကို ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု ကေအိုင်စီသို့ ပြောသည်။ ဗိုလ်ချုပ်ကြေးရုပ်တုကိစ္စ ဖြေရှင်းရေး ညှိနှိုင်းအစည်းအဝေး၏ အဖွင့်မိန့်ခွန်း၌ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို၏ ကြေးရုပ်တုကို လုံးဝမပြောင်းရွှေ့နိုင်ကြောင်းပြောဆိုခဲ့ပြောဆိုမှုကြောင့် ကရင်နီပြည်လူငယ်များအင်အားစု သပိတ်ကော် မတီမှ ဆက်လက်ညှိနှိုင်းရန် လမ်းကြောင်းများမရှိတော့သည့်အတွက် အစည်းအဝေးအား ရပ်နားကြောင်း တင်ပြပြော ဆိုခဲ့ပြီး အစည်းအဝေးကနေ ထွက်ခွာခဲ့သောကြောင့် ညှိနှိုင်းအစည်းအဝေး ပွဲပျက်ပြယ်သွားခဲ့သည်။ […]

  • Author:
  • Date: May 15th, 2019
  • Category: News

ပြစ်မှုနှင့် ပြစ်ဒဏ်ချမှတ်မှု မမျှတဟုဆိုကာ မြဝတီမြို့နယ် တရားစီရင်ရေးအား ဆန္ဒပြ

ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ် ယာဉ်တိုက်မှုတစ်ခုတွင် တရားသူကြီး၏ အမိန့်ချမှတ်မှုမှာ ပြစ်မှုနှင့်ပြစ်ဒဏ်မညီ မျှဟုဆိုကာ ယာဉ်တိုက်ခံရသူ မိသားစုဝင်များနှင့် တရားစီရင်ရေးတည့်မတ်လိုသည့် တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၆ဝ ဦးခန့် သည် မေ ၁၄ ရက်က မြဝတီမြို့ အမှတ်(၄)ရပ်ကွက် မြစန္ဒီပန်းခြံနေရာတွင် စတင်စုဝေး၍ မြို့နယ်တရားရုံး လမ်းသို့ ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ပြီးခဲ့သည့် ၂ဝ၁၈ ခုနှစ်တွင် မြဝတီ- ကော့ကရိတ်အာရှလမ်း မိုင်တိုင်အမှတ် ၁၆၀/၁၆၁ နေရာ၌ ယာဉ်တိုက်မှု တစ်ခု ဖြစ်ပွားခဲ့ရာတွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အောင်မြေရွှေဘို ရခိုင်စုရပ်နေ ဦးကျော်မြိုင် (ခ) ဦးခလို (၅ဝ)နှစ်သေ ဆုံးပြီး ကိုစိုးမြင့် (၃၆)နှစ် မျက်လုံးနှစ်ဖက်ကွယ်ခဲ့ရသည့်အမှုကို ယာဉ်မောင်း မောင်ကျော်သက် ဟိန်းဆိုသူအား ယာဉ် (ပ)၁၈/၂ဝ၁၈ ရာဇသတ်ကြီးပုဒ်မ […]

  • Author:
  • Date: May 15th, 2019
  • Category: News

ကချင်ဒုက္ခသည်စခန်းများသို့ ကုလ ကူညီရေး အရာရှိ သွားရောက်

လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူး နှင့် အရေးပေါ် ကယ်ဆယ်တုံ့ပြန်ရေးဆိုင်ရာ ဒုတိယ ညှိနှိုင်းရေးမှူး Ursula Mueller က မေလ (၁၁)ရက်နေ့ ကချင်ပြည်နယ်ကိုသွားရောက်စဉ် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်တွေ့ဆုံပြီး အစိုးရထိန်းချုပ်နေရာ ကချင်ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့သည်။

  • Author:
  • Date: May 14th, 2019
  • Category: News

အလယ်တန်းကျောင်းအား မူလနေရပ်သို့ မပြောင်းရွှေ့ရန် Nam San Yang စစ်ရှောင်များ တောင်းဆို

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနား အ.ထ.က (၁) တွင် ဖွင့်ထားသည့် Nam San Yang အ.လ.က ကျောင်းသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မူလနေရပ်သို့ပြောင်းရွှေ့တော့မည်ကိစ္စနှင့် ပတ်သက်ပြီး ၎င်းကျောင်းအား ပြောင်းရွှေ့ခြင်း မပြုလုပ်ပေးရန် မိုင်းနား စစ်ရှောင်စခန်း (၄)ခုမှ စာတင်ထားကြောင်း သက်ဆိုင်ရာ စစ်ရှောင်စခန်းတာဝန်ခံများထံမှ သိရသည်။ “ဖြစ်နိုင်ရင်တော့ မပြောင်းသေးရင် ပိုကောင်းတယ်။ နယ်မြေလုံခြုံမှုကလည်း မရှိသေးတော့ ပြောင်းဖို့မကောင်း သေးပါဘူး။ ဒါပေမယ့် နမ့်ဆန်ယန်မှာလည်း ကျောင်းသား/သူတွေရှိနေပြီ မဖွင့်မနေရ ဆိုရင်တော့ ကျနော်တို့ နေရပ်မပြန်သေးတဲ့ မိသားစုက ကျောင်းသူ/ သားတွေအတွက် တိကျတဲ့ ကျောင်းပြောင်းလို့ရမယ့် ကျောင်းတွေကို တရားဝင် သတ်မှတ်ပေးစေချင်တယ်။“ ဟု မိုင်းနား Roman Catholic (RC) စစ်ရှောင်တာဝန်ခံ ဆရာ […]

  • Author:
  • Date: May 13th, 2019
  • Category: News

NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားအဖွဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအဝေး ယခုလအတွင်း ကျင်းပမည်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် NCA-S EAO ၁၀ ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ထိုင်းနိုင်ငံ၌ လာမည့် မေလ ၁၄ ရက်နေ့မှစတင်၍ ၅ ရက်ကြာကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဗဟိုနိုင်ငံရေးဌာနတာဝန်ခံ နိုင်အောင်မငေးက ဆိုသည်။ “ကျနော်တို့က NCA လက်မှတ်ရေးထိုးပြီးတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် NCA လမ်းကြောင်းပေါ်ကနေ ဆက်လျှောက်သွားမယ်၊ မိမိတစ်ဖွဲ့တည်းငြိမ်းချမ်းရေးရယုံမျှနဲ့ ပြီးဆုံးသွားမှာမဟုတ်ပါဘူး၊ ဘဝတူ NCA လက်မှတ်ရေးထိုးထားတဲ့ ၉ ဖွဲ့နဲ့အတူတကွ လက်တွဲဆောင်ရွက်သွားမယ်၊ ဒါကြောင့် လာမယ့်ထိပ်သီးအစည်းအဝေးပွဲမှာဆိုရင် ရှေ့လုပ်ငန်းစဉ်တွေ ဘယ်လိုအကောင်အထည်ဖော် ချမှတ်သွားမလဲဆိုတာ ဆွေးနွေးဆုံးဖြတ်ကြမယ်” ဟု နိုင်အောင်မငေးက မွန်သတင်းအေဂျင်စီသို့ ပြောသည်။ NCA အကောင်အထည်ဖော်ဆောင်မှုအပေါ် မိမိတို့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နားလည်လက်ခံသကဲ့သို့ အစိုးရနှင့် တပ်မတော်တို့ အတူတူ နားလည်သဘောပေါက်ရန်လိုအပ်ကြောင်း၊ […]

  • Author:
  • Date: May 10th, 2019
  • Category: News

KNU နှင့် မွန်ပြည်သစ်ပါတီတို့ နှစ်ဖက်စစ်ရေးတင်းမာမှု ပြေလည်မှုရပြီဟုဆို

ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မွန်ပြည်သစ်ပါတီ -NMSP တို့ သစ်ထုတ်လုပ်မှုကိစ္စနှင့် နယ်မြေအငြင်းပွားမှုကြောင့် ဖြစ်ပွားခဲ့သည့် နှစ်ဖက် စစ်ရေးတင်းမာမှုကို မေလ ၃ရက်က ဘုရားသုံးဆူမြို့နယ်၊ သဘာဝရေတံခွန်နေရာ၌ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုအရ ပြေလည်မှုရရှိသွားပြီဟု သိရသည်။

  • Author:
  • Date: May 8th, 2019
  • Category: News

ဘုရားသုံးဆူရှိ မွန်ပြည်သစ် ပါတီတပ် စခန်းကို KNU ဝန်းရံပိတ်ဆို့ထားဟုဆို

ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီတပ်တည်စခန်းဖြစ်သည့် တားဒိန်ရွာ ဝင်ထွက်သွားလာရာလမ်းကြောင်းများကို ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များ ဝန်းရံပိတ်ဆို့ထားကြောင်း ဒေသခံများပြောကြားချက်အရ သိရှိရသည်။ ဧပြီလ ၂၉ ရက်နေ့ညနေပိုင်းက တားဒိန်ချောင်းဖျား(သံပုရာချောင်း) ၌ သစ်ထုတ်သည့်ကိစ္စနှင့် နယ်မြေအငြင်းပွားကြရာမှ မွန်ပြည်သစ်နှင့် KNU အောက်ခြေတပ်ဖွဲ့တို့ မိနစ် ၂၀ ခန့်အကြာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တားဒိန်ရွာဝင်ထွက်လမ်းကြောင်းများကို ပိတ်ဆို့ထားသဖြင့် အခြေအနေတင်းမာနေသည်ဟု မွန်ပြည်သစ်ပါတီ ဘုရားသုံးဆူမြို့နယ် ဥက္ကဌ နိုင်အာကာက မွန်သတင်းအေဂျင်စီသို့ ပြောသည်။ “ကျနော်တို့နေရာဟောင်းမှာပါ၊ အရင့်အရင်ကလည်း ထုတ်လုပ်ခဲ့တာပဲ၊ အဓိက သစ်ထုတ်တဲ့ကိစ္စနဲ့ နယ်မြေအငြင်းပွားတဲ့ပြဿနာ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အဆင့် တွေ့ဆုံဆွေးနွေးဖို့ ကျနော်တို့အကြိမ်ကြိမ် ကြိုးစားရင်းနဲ့ ခုလိုဖြစ်သွားတာ” ဟု နိုင်အာကာက ဆိုသည်။ အဆိုပါအငြင်းပွားသည့်နေရာမှ မွန်ပြည်သစ်တပ်ဖွဲ့များ ရုတ်သိမ်းပြီးမှသာ KNU ဘက်မှ လက်ခံဆွေးနွေးမည့်အနေအထားဖြစ်နေသည်ဟု […]

  • Author:
  • Date: May 3rd, 2019
  • Category: News

NCA ပါ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စ မွန်လွှတ်တော်တွင် မေးခွန်းထုတ်ပြီ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ EAOs နှင့် ပြည်နယ်အစိုးရကြား NCA စာချုပ်ပါ အခန်း (၆) အပိုဒ် (၂၅) အပိုဒ်ခွဲ (က-၆) အရ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်များ နှစ်ဖက်ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်ကြရန်ဆိုသည့်အပေါ် မည်သို့မည်ပုံစီစဉ်ထားရှိသည်ကို ယနေ့စတင်ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော်တွင် မေးခွန်းမေးမြန်းခဲ့သည်။

  • Author:
  • Date: May 3rd, 2019
  • Category: News