လက်နက်ချအလင်းဝင် MPDF (အထူး) တပ်ဖွဲ့ဆက်ဆံရေးရုံးမှ လက်နက်နှင့် မူးယစ်ဆေးဝါးဖမ်းဆီးရမိ

အစိုးရထံ လက်နက်ချအလင်းဝင်ထားသော မွန်ငြိမ်းချမ်းကာကွယ်ရေး(အထူး) တပ်ဖွဲ့ (Mon People Defend Force-MPDF) ဖားအောက်ကျေးရွာ ဆက်ဆံရေးရုံးမှ တရားမဝင်လက်နက် များနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ “ဖမ်းမိတာဟုတ်တယ်၊ အဲဒီဖားအောက်ရွာဘက်မှာ လုံခြုံရေးတွေဆောင်ရွက်ဖို့ နိုင်ချယ်ရီတို့က အထူးလုံခြုံရေးဆိုပြီး အစိုးရတပ်နဲ့ ညှိနှိုင်းပြီးတော့ ဆက်ဆံရေးရုံးဖွင့်ထားတာပါ၊ သူတို့ကို မူးယစ်ဆေးဝါးတွေ ဖမ်းဆီးဖို့အဓိက တာဝန်ပေးထားပြီးတော့ ကိုယ်တိုင်က အရောင်းအဝယ်လုပ်နေတာ မဖြစ်သင့်ဘူး၊ တရားဥပဒေအရပြစ်ဒဏ်ကျခံပြီးရင်လည်းပဲ အဖွဲ့အစည်းကိုလည်းထိခိုက်စေတဲ့အတွက် ပြစ်မှုကျူးလွန်တဲ့ နိုင်အောင်တို့ကို ထပ်မံအရေးယူရဦးမယ် ” ဟု MPDF (အထူး) အဖွဲ့ ဥက္ကဌ နိုင်ရွှေအောင်က မွန်သတင်းအေဂျင်စီသို့ ပြောသည်။ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ အရာရှိစစ်သည်အင်းအား ၄၀ ဦးကျော်ခန့်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ဝင်တို့က ဇွန်လ ၂၄ ရက် နေ့လည်ပိုင်းတွင် အဆိုပါ […]

  • Author:
  • Date: June 28th, 2019
  • Category: News

ကုလသမဂ္ဂ ညှင်းပန်းနှိပ်စက်မှုဆန့်ကျင်ရေးစာချုပ် လက်မှတ်ထိုးရန် အစိုးရအား အရပ်ဖက်အဖွဲ့များ တိုက်တွန်း

မြန်မာနိုင်ငံအတွင်း ညှင်းပန်းနှိပ်စက်မှုများနှင့် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများကို ဟန့်တားနိုင်ရေး အ တွက် ကုလသမဂ္ဂ ညှင်းပန်းနှိပ်စက်မှုဆန့်ကျင်ရေး သဘောတူစာချုပ် (United Nation Convention Against Torture- UNCAT) ကို အစိုးရအနေဖြင့် လက်မှတ်ထိုး အတည်ပြုရန်နှင့် ဥပဒေအဖြစ် ပြဌာန်းပေးရန် အရပ် ဖက်အဖွဲ့အစည်းများက တိုက်တွန်းပြောဆိုလိုက်သည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အမျိုးသမီးများအဖွဲ့ချုပ် (WLB)၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)၊ ဝိမုတ္တိအမျိုးသမီးအဖွဲ့ (VWO)နှင့် အာရှတရားမျှတမှု လူ့အခွင့်အရေးအဖွဲ့ (AJAR) တို့မှ ရန် ကုန်မြို့၊ ဖိုးစိန်လမ်းရှိ ဂရင်းဟေးဟိုတယ်၌ ဇွန် ၂၆ ရက်နေ့တွင် ပြုလုပ်သည့် ညှင်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေး အပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားတွင် သဘောထားထုတ်ပြန်တောင်းဆိုခဲ့ခြင်းဖြစ် သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ […]

  • Author:
  • Date: June 28th, 2019
  • Category: News

လက်နက်ကိုင်အချို့ ပါဝင်မှုရှိသဖြင့် မူးယစ်နှိမ်နင်းမှုတွင် အခက်အခဲရှိနေဟု ပြည်နယ် ရဲတပ်ဖွဲ့ အရာရှိပြော

ကရင်ပြည်နယ်အတွင်းရှိ မူးယစ်ဆေးဝါးအမှှုများတွင် အချို့သော လူမျိုးစုလက်နက်ကိုင်များ ပါဝင်ပတ်သက်မှှု များရှိနေသည့်အတွက် တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများရှိနေကြောင်း ပြည် နယ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုသည်။ ဖားအံမြို့ ဇွဲကပင်ခန်းမ၌ ယနေ့ (ဇွန် ၂၆ရက်) ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှှု နှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေး အခမ်းအနားတွင် ကရင်ပြည်နယ်ရှိ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေး တပ်ဖွဲ့အမှတ် (၃၁) တပ်ဖွဲ့စုမှူး ရဲမှူးသန်းမင်းက သတင်းထောက်များကို ထိုသို့ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “ ဒီမှာတော့ တားဆီးနှိမ်နင်းရေးဆောင်ရွက်တဲ့အခါမှာ နည်းနည်းအခက်အခဲရှိတာကတော့ တရားဥပဒေ စိုးမိုးမှု အားနည်းတယ်။ ကျနော်တို့ ကွင်းဆက်သတင်းတွေ ဖော်ထုတ်တဲ့အခါမှာလည်း လူမျိုးစုလက်နက်ကိုင် ဧရိယာ နယ်တွေ ကျနော်တို့မှာ ဖွဲ့စည်းပုံအရ အင်အားနည်းတဲ့အခါကျတော့ စိတ်သွားတိုင်း ကိုယ်ပါလိုက် လုပ် လို့မရ […]

  • Author:
  • Date: June 27th, 2019
  • Category: News

Stalled Peace Talks Adds to Refugee Worries – Can’t Go Home, Aids Cuts, Shelter and Security at Risk – Karen Network Urge UK, EU and other Aid Donors to Resume Support

On World Refugee Day, 2019, the Karen Peace Support Network (KPSN) issued a statement calling on the European Union, United Kingdom and other donors to support refugees and IDPs in eastern Burma and Thailand. With the peace building process stalled and without any guaranteed political solutions, it is impossible for the refugees and displaced people […]

  • Author:
  • Date: June 26th, 2019
  • Category: News

နယ်စပ်ရွှေ့ပြောင်းဒေသ အနာဂတ်ကောင်းမွန်ရေးအတွက် ထိုင်းနှင့် မြန်မာ နှစ်ဖက်အစိုးရ အကူအညီများ လိုအပ်နေ

နယ်စပ်ရွှေ့ပြောင်းဒေသတွင် ကျန်းမာရေး၊ ပညာရေးဝန်ဆောင်မှုများဆက်လက်ပေးရာတွင် ကောင်းမွန်သည့် အနာဂတ်ရောက်ရှိရန် ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ အစိုးရ၏ ပံ့ပိုးမှုများ ဆက်လက်လိုအပ်ကြောင်း ဇွန်လ ၂၂ရက်တွင် ပြုလုပ်သည့် မယ်တော်ဆေးခန်း၏ နှစ်(၃၀) ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ဆေးခန်း တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်က ပြောဆိုလိုက်သည်။ လက်ရှိ နယ်စပ်ဒေသတစ်လျှောက် ဖြစ်ပွားနေသည့် ပစ်ခတ်တိုက်ခိုက်မှုများလျော့နည်းသွားသည့်တိုင် ရွှေ့ ပြောင်းသွားလာမှုများနှင့် ရွှေ့ပြောင်းလူထုများ ဆက်လက်ရှိနေသေးသည့်အပေါ် ၎င်းတို့အတွက် လိုအပ်သော ဝန်ဆောင်မှုများကို ပံ့ပိုးပေးရာတွင် မယ်တော်ဆေးခန်း တစ်ခုတည်းဖြင့် မဖြစ်နိုင်ကြောင်း ဒေါက်တာစင်သီယာ မောင်က ယခုလိုပြောကြားခဲ့ခြင်းဖြစ်သည်။ ဒေါက်တာ စင်သီယာမောင်က “ကျမတို့ နယ်စပ်မှာရှိနေတဲ့ ကလေးတွေရဲ့ အနာဂတ်အတွက် တရားဝင် ပညာ သင်ကြားခွင့်၊ တရားဝင်မွေးစာရင်းရရှိခွင့် တချိန်ထဲမှာပဲ ဒီဆေးရုံ၊ ဆေးခန်းတွေကို ဝန်ဆောင်မှုတွေကို […]

  • Author:
  • Date: June 24th, 2019
  • Category: News

တပ်မတော်၊ BGFပူးပေါင်းအဖွဲ့ နှင့် DKBA ခွဲထွက်အဖွဲ့တို့ မိဇိုင်းတောင်အနီး တိုက်ပွဲဖြစ်

ကရင်ပြည်နယ် ဖားအံမြို့နယ်အတွင်းရှိ မိဇိုင်းတောင်အနီးတဝိုက်တွင် ဇွန်လ ၂၁ ရက် နံနက် ၈ နာရီမှစတင်ကာ အစိုးရတပ်မတော်၊ BGF နယ်ခြားစောင့်တပ်ပူးပေါင်းအဖွဲ့နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA တပ်ဖွဲ့ဝင်တို့ကြား ပစ်ခတ်မှုများပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။ ပစ်ခတ်မှုများနှင့်ပတ်သက်ပြီး မိဇိုင်းတောင်ကျောင်း ဂေါပက တစ်ဦးဖြစ်သူ ဦးတင်မြင့်က “မနက် ၈ နာရီလောက်မှာစပြီး ပစ်ခတ်ကြတယ်။ အခုအချိန်ထိလည်းဖြစ်နေတုန်းပဲ။ ကျောင်းဝင်းထဲမှာလည်း လက်နက်ကြီးကျည်တွေကျတယ်။ တိုက်ပွဲ ပြင်းထန်တယ်လို့ ပြောလို့ရတယ်။ အထိအခိုက်တွေတော့မသိဘူး။”ဟု ကေအိုင်စီသို့ အတည်ပြုပြောသည်။ လက်ရှိ မိဇိုင်းတောင်တွင် မြန်မာ့တပ်မတော်၊ BGF အမှတ် ၁၀၁၄ တပ်ရင်းနှင့် DKBA တို့ ဇွန်လ ၂၁ ရက် မွန်းလွဲပိုင်း ၃ နာရီခွဲအချိန် အထိ ပစ်ခတ်မှု ဆက်လက် […]

  • Author:
  • Date: June 24th, 2019
  • Category: News

DKBA ခွဲထွက်အဖွဲ့ဝင်အင်အား ၄ဝ ကျော် BGF နှင့် ပူးပေါင်း

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် မိဇိုင်းတောင်ပေါ် ဘုရားရှိ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ခွဲထွက် DKBA) အဖွဲ့ဝင်အင်အား ၄ဝ ကျော်သည် နယ်ခြားစောင့်တပ်-BGFနှင့် အစိုးရ တပ်မတော်တို့နှင့် ပူးပေါင်း သွားရန် ဇွန် ၂၂ရက်တွင် သဘောတူညီလိုက်သည်ဟု BGF နှင့်နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။ မိဇိုင်းတောင်ပေါ်ဘုရား ဆရာတော် ဦးစန္ဒာဝရနှင့် အစိုးရ တပ်မတော်၊ BGF တာဝန်ရှိသူတို့အကြား ယနေ့ နံနက် အစောပိုင်းက နှစ်ဘက် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကြပြီးနောက် ယခုလို သဘောတူညီမှုရရှိ ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ဇွန်လ ၂၃ရက်နေ့တွင် မြိုင်ကြီးငူအထူးဒေသ BGF အမှတ် ၁ဝ၁၁ အခြေစိုက်စခန်း၌ တရားဝင် ပူးပေါင်းပွဲအခမ်းအနားတစ်ရပ် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး DKBA တပ်ဖွဲ့ဝင်အင်အား ၄၅ဦးနှင့် လက်နက် […]

  • Author:
  • Date: June 24th, 2019
  • Category: News

မြန်မာ့ငြိမ်းချမ်းရေးနှင့် စေ့စပ်ညှိနှိုင်းခြင်းအနုပညာ

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် အစိုးရအစုအဖွဲ့ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးဦးခင်ဇော်ဦး (ငြိမ်း)က”ငြိမ်းချမ်းရေးဆွေးနွေးမှုများသည်ဟန်ဆောင်မှုများလား” ဆိုခြင်းအပေါ် ပြန်လည်သုံးသပ်သင့်ကြောင်း ပြောသည်။ ထိုစကားကို ဇွန်လ ၁၃ ရက်နေ့က ရန်ကုန်မြို့ရှိ NRPC ရုံးမှာ ပြုလုပ်သည့် UPDJC အတွင်းရေးမှူးအဖွဲ့ အလွတ်သဘောအစည်းဝေးမှာ အဖွင့်အမှာစကားပြောစဉ် ထည့်ပြောသွားခြင်းဖြစ်သည်။ ဦးခင်ဇော်ဦးက“NCA စာချုပ်မှာအဓိကအချက်၂ ချက်ပဲ ရှိပါတယ်၊ ၁- အပစ်အခတ်ရပ်စဲရေးနဲ့ အဆိုပါအပစ်အခတ်ရပ်စဲထားမှုကို ခိုင်မာအောင်ဆောင်ရွက်ရေး၊၂- နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ ကျင်းပရေးဖြစ်ပါတယ်၊ ဒီနေရာမှာကျနော့်အနေနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု တနည်းအားဖြင့်စေ့စပ်ညှိနှိုင်းမှုအပိုင်းမှာ အဓိကအရေးကြီးဆုံးအချက်က ယုံကြည်မှုတည်ဆောက်ရေးပဲ ဖြစ်ပါတယ်၊ မည်သည့်စေ့စပ်ညှိနှိုင်းမှုမျိုးမှာမဆို တဖက်နဲ့တဖက်ဟာ ယုံကြည်မှုမြင့်မားနေရပါမယ်၊ အနှစ်သာရမရှိတဲ့ ဟန်ဆောင်ယဉ်ကျေးမှု၊ ရင်းနှီးဖော်ရွေမှုနဲ့တော့ တကယ့်စေ့စပ်ညှိနှိုင်းမှုကို မလုပ်ဆောင်နိုင်ပါဘူး၊ ဒီနေ့ကျနော်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေဟာ ဟန်ဆောင်ရင်းနှီးမှုတွေလားလို့တောင်လည်း ပြန်လည်သုံးသပ်ဖို့လိုအပ်နေပါတယ်” ဟု ဆိုသည်။ အလားတူ […]

  • Author:
  • Date: June 19th, 2019
  • Category: News