KIA တပ်ရင်း (၃၆)ဌာနချုပ်အား တပ်မတော်မှ သိမ်းပိုက်

သုံးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မြန်မာအစိုးရတပ်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃၆) ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA က အတည်ပြုပြောပါသည်။ Mungbaw (မုန်ဘော်)ကျေးရွာအနီး KIA တပ်မဟာ (၆)လက်အောက် တပ်ရင်း (၃၆) ဌာနချုပ် စခန်းများရှိသည့် Howa ရွာဟောင်း နှင့် Howa Bum တောင်ကို မြန်မာစစ်တပ် တပ်မ (၉၉)မှ ဧပြီလ (၂၂)ရက်နေ့ ညနေပိုင်းက သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

  • Author:
  • Date: April 26th, 2019
  • Category: News

တောင်ငူခရိုင်အတွင်းရှိ ရွာသား ၂၀ကျော်အား သစ်ခိုးထုတ်မှုဖြင့် ထောင်ဒဏ်နှင့် ငွေဒဏ်များ KNU ချမှတ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင်မှာ သစ်ခိုးမှုဖြင့် ဖမ်းဆီးခဲ့သည့်ဒေသခံရွာသား ၂၂ ဦး ကို ယခုလ ဧပြီလ ၁၂ ရက်နေ့က ကော်သူးလေ သစ်တောဥပဒေအရ ထောင်ဒဏ်နှင့် ငွေဒဏ် အသီးသီးပြစ် ဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးနှင့် ကင်မွန်းချုံကျေးရွာမှ ဒေသခံ ၂၂ ဦးသည် နွားလှည်း ၁၆ စီးနှင့် သစ်လုံးများအပြင် သစ်ခုတ်ရာတွင်အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့်အတူ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ကေအဲန်ယူ သစ်တောဌာနတာဝန်ရှိသူများ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

  • Author:
  • Date: April 26th, 2019
  • Category: News

ရွှေမြစန္ဒီအိမ်ရာကိစ္စ ဆန္ဒပြမှုအတွက် ဒေါ်နော်အုန်းလှအပါအဝင် ဦးဆောင်သူ ၅ဦး ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးခံရ

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှအပါအဝင် ရွှေမြစန္ဒီအိမ်ရာစီမံကိန်း ကန့်ကွက်ဆန္ဒပြရာတွင် ဦးဆောင်သူ ၅ ဦးကို ဧပြီ ၂၂ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့မရဲစခန်းက ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်း ဥပဒေပုဒ် (၁၉/၂၀)ဖြင့် အမှုဖွင့် ဖမ်းဆီးလိုက်သည်ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့က ပြောသည်။ ရွှေမြစန္ဒီအိမ်ရာစီမံကိန်း မဖျက်သိမ်းရေးအတွက် ယမန်နေ့က ပြုလုပ်သည့် ဒေသခံလူထုများ၏ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့ခြင်းကြောင့် မြဝတီမြို့မရဲစခန်းမှ နော်အုန်းလှ၏ ရန်ကုန်အပြန်လမ်းခရီးတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ် သည်ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ဝင် မဇာခြည်လင်းက ကေအိုင်စီသို့ ယခုလိုပြောသည်။

  • Author:
  • Date: April 26th, 2019
  • Category: News

ဖားကန့်ဒေသ ကျောက်စိမ်းမှော်အတွင်း နွံကန်ပေါက်ကျသဖြင့် လူ (၅၀)ကျော် နစ်မြုပ်

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်တွင် ၂၃ ရက္ နံနက်ပိုင်း အလုပ်လုပ်ချိန် ကုမ္ပဏီလုပ်ကွက်တစ်ခုထဲကို နွံကန်ပေါက်ကျမှုကြောင့် ကုမ္ပဏီအလုပ်သမား (၅၀)ကျော် နှင့် ကျောက်တူးစက်ယန္တရားများ နစ်မြုပ်သွားသည်ဟု ဆိုပါသည်။ မှော်ဝမ်းကလေးကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွင် မြေဇာများ သွန်ချနေသည့် လုပ်ကွက်ဟောင်း နွံကန်ပေါက်ကျမူကြောင့် ကုမ္ပဏီဝန်ထမ်း (၅၄)ဦး၊ ဘတ်ဖိုးအစီး (၁၀)၊ ကားအစီး (၁၀)ကျော် နစ်မြုပ်သွားကြောင်း မှော်ဝမ်းကလေး အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများထံမှ သိရသည်။

  • Author:
  • Date: April 26th, 2019
  • Category: News

မြစ်ဆုံစီမံကိန်းအပြီးအပိုင်းရပ်တန့်သွားစေရန် ဝိုင်းမော်ဒေသခံပြည်သူ ၉၀၀၀ ကျော် ဆန္ဒပြ

ဧရာဝတီမြစ်ဆုံရေကာတာတည်ဆောက်ခြင်း စီမံကိန်းအား အပြီးအပိုင်းရပ်တန့်သွားစေရန်အတွက် ဝိုင်းမော်မြို့နယ် ဒေသခံပြည်သူများ ၉၀၀၀ ကျော်ခန့် ဧပြီလ ၂၂ရက်က ဝိုင်းမော်မြို့အတွင်း လှည့်လည် ဆန္ဒပြဖော်ထုတ် ခဲ့ကြသည်။ မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းတစ်လျှောက် ရေကာတာတည်ဆောက်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းအားလုံးကို အမြန်ဆုံးရပ်တန့်ပေးရန်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအားလုံး မြစ်ဆုံစီမံကိန်းတည်ဆောက်ရန် လုံးဝကန့်ကွက်ကြောင်းကို တစ်နိုင်ငံလုံးသိရှိရန် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

  • Author:
  • Date: April 26th, 2019
  • Category: News

ဇနီးဖြစ်သူအား သေဆုံးသည်အထိ သေနတ်ဖြင့် ပစ်ခဲ့သူအား စစ်စည်းကမ်းဖြင့် အရေးယူမည်ဟုဆို

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၃) ရပ်ကွက်တွင် အမျိုးသမီးကို သေဆုံးသည်အထိ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အဖမ်းခံရသည့် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်အား စစ်စည်းကမ်းဖြင့် အရေးယူသွားမည်ဟု မြို့နယ်ရဲမှူးက ကေအိုင်စီသို့ ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့၊ အမှတ် ၃ ရပ်ကွက်နေ မသြင်္ကန်မိုး အသက် (၂၈)နှစ်အား ကျိုက်မရောမြို့ စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့ ဝင် မျိုးထိုက်ဝင်းဆိုသူက မနက် ၉နာရီခွဲခန့်တွင် Honda Fit ကားဖြင့် နေအိမ်တဲရှေ့ရောက်လာပြီး ရိုက်သတ်မည်ဟုပြောဆိုကာ ၎င်းဝတ်ဆင်ထားသော ဘောင်းဘီအိတ်ကပ်အတွင်းမှ ၉-မမ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ယင်းပစ်ခတ်မှုကြောင့် ရင်ဘတ်ဝဲဘက်ခြမ်းရှိ နို့အုံအထက်နားတွင် ကျည်ဖောက်ဝင်၍ နောက်ကျောမှ ဖောက်ထွက်ဒဏ်ရာ တစ်ချက်ဖြင့်သေဆုံးကာ သေနတ်ပစ်ခတ်သူမှာ ထိုနေ့ နေ့လည် ၁၁နာရီခွဲအချိန်တွင် မော်လမြိုင်မြို့ စစ်ဖက်ရေးရာ လုံခြုံ […]

  • Author:
  • Date: April 26th, 2019
  • Category: News

မြဝတီမြို့ ရွှေမြစန္ဒီအိမ်ရာများ ဖယ်ရှားရှင်းလင်းသည့်အတွက် ပြည်သူ ၃,ဝဝဝခန့် ဆန္ဒထုတ်ဖော်

ကရင်ပြည်နယ်၊ မြဝတီမြို့ နယ် မဲကနယ်ကျေးရွာ ကုန်သွယ်ရေးဇုန်အနောက်ဘက်ရှိ အငြင်းပွားဖွယ်ရာရှိသည့် ရွှေမြစန္ဒီအိမ်ရာများကို ဖယ်ရှားရှင်းလင်းမှုနှင့်ပတ်သက်ပြီး ဧပြီ ၂၂ရက် နံနက်ပိုင်းတွင် ထိုအိမ်ရာတွင်း နေထိုင်ကြသော ပြည်သူ ၃,ဝဝဝ(သုံးထောင်)ခန့်က မြဝတီမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု တစ်ရပ်ပြုလုပ် ခဲ့ကြသည်။ ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် သစ်တောဌာန ပိုင်မြေ (၈၈)ဧကမှ လူနေအိမ်များကို ဖယ်ရှားရှင်းလင်းရန် ယခု လ ဧပြီ ၄ ရက်နေ့က အသိပေးစာပေးပို့ခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိခြင်းကြောင့် ရွှေမြစန္ဒီ အိမ်ရာနေ ပြည်သူများက ဓိဌာန်အောင်ဘုရားကုန်းအနီး စုဝေး၍ မြို့တွင်းဘုရင့်နောင် လမ်းမကြီးတစ်လျှောက်ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။ ရွှေမြစန္ဒီအိမ်ရာ ခတ္တာလမ်းနေ ကိုမြင့်ခိုင်က “ပြီးခဲ့တဲ့ ၂၀၁၉ ဖေဖော်ဝါရီလ ၂၂ရက်နေ့ကစတင်ပြီး ခြံကွက်အ လွတ်တွေနဲ့ လူမနေသော ဆောက်လက်စအိမ်တွေကို ဘူဒိုဇာ စက်ယန္တရားများဖြင့် […]

  • Author:
  • Date: April 26th, 2019
  • Category: News

ရှမ်းမြောက်ဒေသ တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

တပ်မတော်၏ လေးလကြာ တဖက်သတ်ထိုးစစ်ရပ်ထားမှု ကုန်ဆုံးရန် အချိန်တစ်ပတ်ကျော်အလိုမှ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ရိုင်အတွင်း တပ်မတော်စစ်ကြောင်း နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပါသည်။ Mungbaw (မုန်ဘော်)ကျေးရွာပတ်ဝန်းကျင် Kai Dwi Bum (ကိုင်ဒွေးဘွမ်)တောင်တွင် KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) တပ်ဖွဲ့ နှင့် မြန်မာစစ်တပ် တပ်မ (၉၉) စစ်ကြောင်းတို့ စနေနေ့ကတည်းက ယနေ့ သုံးရက်တိုင် ဆက်လက် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။ “ဒီကနေ့ မနက်ပိုင်း ၆နာရီခွဲချိန်ခန့်မှ အဲဒီ ကိုင်ဒွေးဘွမ် တောင် ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားပါတယ်။ ကိုင်ဒွေးဘွမ် က ကျနော်တို့တပ်ဖွဲ့တွေ ဆုတ်ခွာသွားရတယ်လို့ ကြားတယ်။ မြန်မာစစ်တပ် စစ်ကြောင်း လေးကြောင်းလောက်နဲ့ […]

  • Author:
  • Date: April 26th, 2019
  • Category: News