မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နှင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဒေသ၏ ဒုတိယ တာဝန်ခံ ကိုအောင်ဆွေဦး အပါအဝင် ၃ဦးအမှုကို ဧပြီလ ၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

အဆိုပါ ၃ ဦးအား ကချင်ပြည်နယ်၊ မိုးညှင်းမြို့တရားရုံးတွင် ၄ ရက်ဆက်တိုက်ရုံးထုတ်ပြီး ဧပြီလ ၄ ရက်နေ့တွင် ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲအပါဝင် ၃ ဦးကို တရားခံပြသက်သေအဖြစ် စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဒီ ၈ ရက်နေ့မှာ နှစ်ဖက်တရားရေးဆိုင်ရာ ရှေ့နေတွေ နှစ်ဖက်ဥပဒေရေးရာအရ နှစ်ဖက် အပြီးသတ်လျှောက်လွှဲကြရမယ်၊ ပြီးရင် အမိန့်ချမှာဖြစ်တယ်လို့” ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲ က KNG ကချင်သတင်းဌာန ကို ယခုလိုပြောသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး ယခုအကြိမ်သည် ၁၇ ကြိမ်မြောက် ရုံးထုတ်ခြင်းဖြစ်ပြီး ချုပ်ရက် စုစုပေါင်း ၄ လ ကြာမြင့်ခဲ့ကြောင်းသိရသည်။

ကိုအောင်ဆွေဦး အပါအဝင် ABSDF အဖွဲ့ဝင် ရဲဘော် မောင်ဦးနဲ့ ဦးမောင်ကိန်း(ခ) သန်းထိုက်အောင် တို့ကို ၂၀၁၈ နိုဝင်ဘာလ ၃၀ ရက်ညက မိုးညှင်းမြို့ခံ ရဲဘော်တဦးရဲ့ နာရေးကို လာရောက်စဉ် မိုးညှင်း အခြေစိုက် မြန်မာစစ်တပ် ခလရ(၁၅)က ဗိုလ်ကြီး ဦဟစိုး က ဖမ်းဆီးပြီး မတရား အသင်းဆက်သွယ်မှု ပုဒ်မဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။

မတရားအသင်း ဆက်သွယ်မူ ပုဒ်မ ၁၇(၁)ကို ကျူးလွန်သည်ဆိုပါက အနည်းဆုံး ထောင်ဒဏ် ၂ နှင့် ငွေဒဏ် ကျပ် ၃ သိန်း ချမှတ်နိုင်မည်ဖြစ်သည်။

အဖမ်းဆီးခံ ABSDFရဲဘော် (၃)ဦးအား ၁၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး
Tagged on:

Leave a Reply

Your email address will not be published. Required fields are marked *