Peace related headlines

စစ်ရေးပဋိပက္ခပြေလည်ရေး တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လူမှုအဖွဲ့တွေ တောင်းဆို တရုတ်ရင်းနှီးမြှုပ်နှံမှု နောက်ကွယ်ကပြဿနာများ မောင်တောမြို့နယ်မှာ လုံခြုံရေးဆောင်ရွက်ဖို့ ထွက်ခွာလာတဲ့ ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒီနေ့ထုတ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ရွှေဘိုထောင်တွင်း ဆူပူမှုဖြစ်ပွား တပ်မတော်နဲ့ AA အဖွဲ့ တွေ့ဆုံဆွေးနွေးဖို့လိုကြောင်း ရခိုင်ပြည်နယ်အစိုးရပြော KIA, Myanmar Army Clash for Several Days in N. Shan State Displaced people in Rakhine State reach more

KIA တပ်ရင်း (၃၆)ဌာနချုပ်အား တပ်မတော်မှ သိမ်းပိုက်

KIA တပ်ရင်း (၃၆)ဌာနချုပ်အား တပ်မတော်မှ သိမ်းပိုက်

သုံးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် မြန်မာအစိုးရတပ်က ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၃၆) ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA က အတည်ပြုပြောပါသည်။ Mungbaw (မုန်ဘော်)ကျေးရွာအနီး KIA တပ်မဟာ (၆)လက်အောက် တပ်ရင်း (၃၆) ဌာနချုပ် စခန်းများရှိသည့် Howa ရွာဟောင်း နှင့် Howa Bum တောင်ကို မြန်မာစစ်တပ် တပ်မ (၉၉)မှ ဧပြီလ (၂၂)ရက်နေ့ ညနေပိုင်းက သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ “ယမန်နေ့ည ၅နာရီ ၁၀မိနစ် လောက်မှာ

တောင်ငူခရိုင်အတွင်းရှိ ရွာသား ၂၀ကျော်အား သစ်ခိုးထုတ်မှုဖြင့် ထောင်ဒဏ်နှင့် ငွေဒဏ်များ KNU ချမှတ်

တောင်ငူခရိုင်အတွင်းရှိ ရွာသား ၂၀ကျော်အား သစ်ခိုးထုတ်မှုဖြင့် ထောင်ဒဏ်နှင့် ငွေဒဏ်များ KNU ချမှတ်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တောင်ငူခရိုင်မှာ သစ်ခိုးမှုဖြင့် ဖမ်းဆီးခဲ့သည့်ဒေသခံရွာသား ၂၂ ဦး ကို ယခုလ ဧပြီလ ၁၂ ရက်နေ့က ကော်သူးလေ သစ်တောဥပဒေအရ ထောင်ဒဏ်နှင့် ငွေဒဏ် အသီးသီးပြစ် ဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးနှင့် ကင်မွန်းချုံကျေးရွာမှ ဒေသခံ ၂၂ ဦးသည် နွားလှည်း ၁၆ စီးနှင့် သစ်လုံးများအပြင် သစ်ခုတ်ရာတွင်အသုံးပြုသည့် ပစ္စည်းကိရိယာများနှင့်အတူ ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ကေအဲန်ယူ သစ်တောဌာနတာဝန်ရှိသူများ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။ ဒေသခံရွာသားများအနေဖြင့်

ရွှေမြစန္ဒီအိမ်ရာကိစ္စ ဆန္ဒပြမှုအတွက် ဒေါ်နော်အုန်းလှအပါအဝင် ဦးဆောင်သူ ၅ဦး ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးခံရ

ရွှေမြစန္ဒီအိမ်ရာကိစ္စ ဆန္ဒပြမှုအတွက် ဒေါ်နော်အုန်းလှအပါအဝင် ဦးဆောင်သူ ၅ဦး ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်ဖမ်းဆီးခံရ

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ နော်အုန်းလှအပါအဝင် ရွှေမြစန္ဒီအိမ်ရာစီမံကိန်း ကန့်ကွက်ဆန္ဒပြရာတွင် ဦးဆောင်သူ ၅ ဦးကို ဧပြီ ၂၂ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့မရဲစခန်းက ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်စီတန်းလှည့်လည်ခြင်း ဥပဒေပုဒ် (၁၉/၂၀)ဖြင့် အမှုဖွင့် ဖမ်းဆီးလိုက်သည်ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့က ပြောသည်။ ရွှေမြစန္ဒီအိမ်ရာစီမံကိန်း မဖျက်သိမ်းရေးအတွက် ယမန်နေ့က ပြုလုပ်သည့် ဒေသခံလူထုများ၏ ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့ခြင်းကြောင့် မြဝတီမြို့မရဲစခန်းမှ နော်အုန်းလှ၏ ရန်ကုန်အပြန်လမ်းခရီးတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ် သည်ဟု ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ဝင် မဇာခြည်လင်းက ကေအိုင်စီသို့ ယခုလိုပြောသည်။ ၎င်းက “ဒေသခံတွေက သူတို့ပါ

Peace related headlines

အစိုးရတပ်မတော်နဲ့ KIA စစ်ရေးတင်းမာ နိုင်ကျဉ်းမရှိကြောင်း အကျဉ်းဦးစီး ထုတ်ပြန်ချက် နိုင်ကျဉ်းအဖွဲ့တွေဝေဖန် ကျောက်ကြီးမြို့နယ်ထဲက နေအိမ်တချို့ကို ကေအန်ယူက ဖယ်ရှားခိုင်းဟု တပ်မတော်ပြော Protected by China, Wa Is Now a de Facto Independent State ငြိမ်းချမ်းရေး နှစ်(၃၀)ပြည့်ပွဲ ကုန်ကျစရိတ်ကို လုပ်ငန်းရှင်များ၏ လှူဒါန်းငွေ အသုံးပြုခဲ့ဟု UWSA ပြော NCA အပေါ် အမြင်မတူညီမှုများကြောင့် နိုင်ငံရေးဆွေးနွေးပွဲများ အချိန်လင့်ဟု KNU ဒုဥက္ကဋ္ဌပြော နိုင်ငံရေးပြဿနာများ ဖြေရှင်းနိုင်ရေး

မြဝတီမြို့ ရွှေမြစန္ဒီအိမ်ရာများ ဖယ်ရှားရှင်းလင်းသည့်အတွက် ပြည်သူ ၃,ဝဝဝခန့် ဆန္ဒထုတ်ဖော်

မြဝတီမြို့ ရွှေမြစန္ဒီအိမ်ရာများ ဖယ်ရှားရှင်းလင်းသည့်အတွက် ပြည်သူ ၃,ဝဝဝခန့် ဆန္ဒထုတ်ဖော်

ကရင်ပြည်နယ်၊ မြဝတီမြို့ နယ် မဲကနယ်ကျေးရွာ ကုန်သွယ်ရေးဇုန်အနောက်ဘက်ရှိ အငြင်းပွားဖွယ်ရာရှိသည့် ရွှေမြစန္ဒီအိမ်ရာများကို ဖယ်ရှားရှင်းလင်းမှုနှင့်ပတ်သက်ပြီး ဧပြီ ၂၂ရက် နံနက်ပိုင်းတွင် ထိုအိမ်ရာတွင်း နေထိုင်ကြသော ပြည်သူ ၃,ဝဝဝ(သုံးထောင်)ခန့်က မြဝတီမြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှု တစ်ရပ်ပြုလုပ် ခဲ့ကြသည်။ ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်ဖြင့် သစ်တောဌာန ပိုင်မြေ (၈၈)ဧကမှ လူနေအိမ်များကို ဖယ်ရှားရှင်းလင်းရန် ယခု လ ဧပြီ ၄ ရက်နေ့က အသိပေးစာပေးပို့ခဲ့ခြင်းအပေါ် ကျေနပ်မှုမရှိခြင်းကြောင့် ရွှေမြစန္ဒီ အိမ်ရာနေ ပြည်သူများက ဓိဌာန်အောင်ဘုရားကုန်းအနီး စုဝေး၍ မြို့တွင်းဘုရင့်နောင်

ဇနီးဖြစ်သူအား သေဆုံးသည်အထိ သေနတ်ဖြင့် ပစ်ခဲ့သူအား စစ်စည်းကမ်းဖြင့် အရေးယူမည်ဟုဆို

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၃) ရပ်ကွက်တွင် အမျိုးသမီးကို သေဆုံးသည်အထိ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အဖမ်းခံရသည့် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်အား စစ်စည်းကမ်းဖြင့် အရေးယူသွားမည်ဟု မြို့နယ်ရဲမှူးက ကေအိုင်စီသို့ ပြောသည်။ ကြာအင်းဆိပ်ကြီးမြို့၊ အမှတ် ၃ ရပ်ကွက်နေ မသြင်္ကန်မိုး အသက် (၂၈)နှစ်အား ကျိုက်မရောမြို့ စစ်ဖက်ရေးရာလုံခြုံရေး တပ်ဖွဲ့ ဝင် မျိုးထိုက်ဝင်းဆိုသူက မနက် ၉နာရီခွဲခန့်တွင် Honda Fit ကားဖြင့် နေအိမ်တဲရှေ့ရောက်လာပြီး ရိုက်သတ်မည်ဟုပြောဆိုကာ ၎င်းဝတ်ဆင်ထားသော ဘောင်းဘီအိတ်ကပ်အတွင်းမှ ၉-မမ ပစ္စတိုသေနတ်ဖြင့်

မြစ်ဆုံစီမံကိန်းအပြီးအပိုင်းရပ်တန့်သွားစေရန် ဝိုင်းမော်ဒေသခံပြည်သူ ၉၀၀၀ ကျော် ဆန္ဒပြ

မြစ်ဆုံစီမံကိန်းအပြီးအပိုင်းရပ်တန့်သွားစေရန် ဝိုင်းမော်ဒေသခံပြည်သူ ၉၀၀၀ ကျော် ဆန္ဒပြ

ဧရာဝတီမြစ်ဆုံရေကာတာတည်ဆောက်ခြင်း စီမံကိန်းအား အပြီးအပိုင်းရပ်တန့်သွားစေရန်အတွက် ဝိုင်းမော်မြို့နယ် ဒေသခံပြည်သူများ ၉၀၀၀ ကျော်ခန့် ဧပြီလ ၂၂ရက်က ဝိုင်းမော်မြို့အတွင်း လှည့်လည် ဆန္ဒပြဖော်ထုတ် ခဲ့ကြသည်။ မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းတစ်လျှောက် ရေကာတာတည်ဆောက်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စီမံကိန်းအားလုံးကို အမြန်ဆုံးရပ်တန့်ပေးရန်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအားလုံး မြစ်ဆုံစီမံကိန်းတည်ဆောက်ရန် လုံးဝကန့်ကွက်ကြောင်းကို တစ်နိုင်ငံလုံးသိရှိရန် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့အပြင် တရုတ်အစိုးရဘက်မှ ၂၀၁၈ ဇန်နဝါရီလ (၁၃)ရက်နေ့ Chinese Embassy in Myanmar အမည်ရှိ လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဖော်ပြထားသော