အလယ်စခန်းကျေးရွာအနီး ယခု ၂ လအတွင်း ၄ ဦးမြောက် မြေမြှုပ်မိုင်းထပ်မံနင်းမိ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ အလယ်စခန်းကျေးရွာအနီး ခြံဝင်းအတွင်း၌ နိုဝင်ဘာလ ၂၉ ရက် နံနက် ၇ နာရီခွဲခန့်က ရွာသားတစ်ဦးမြေမြှုပ်မိုင်းနင်းမိသဖြင့် ယခု ၂ လအတွင်း ၄ ဦးမြောက် ထပ်မံနင်းမိခြင်းဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။ Please follow and like us:

မြေလွတ် မြေလပ် မြေရိုင်း ဥပဒေကြောင့် စစ်ရှောင်များ၏ နယ်မြေ ဆှုံးရှုံးရမည်ကို စိုးရိမ်

အစိုးရ အတည်ပြုလိုက်သည့် မြေလွတ် မြေလပ် မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေကြောင့် ကချင်စစ်ရှောင်များ၏ ကျေးရွာနယ်မြေများကို ကုမ္ပဏီနှင့် လုပ်ငန်းရှင်များမှ မှတ်ပုံတင်ကာ သိမ်းပိုက်ရယူသွားမည်ကို စိုးရိမ်ကြောင်း ကချင်နှင့် ရှမ်းမြောက်စစ်ရှောင်များ နိုဝင်ဘာ ၂၇ ရက်နေ့ သဘောထား ထုတ်ပြန်ထားသည်ကို တွေ့ရပါသည်။ Please follow and like us:

ငြိမ်းချမ်းရေးအတွက် NCAသည် အကောင်းဆုံးလမ်းဖြစ်ဟု ဒူးပလာယာခရိုင်ဥက္ကဌ ပြောဆို

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်-NCA လမ်းကြောင်းသည် ကရင်အမျိုးသားအတွက် အကောင်းဆုံးလမ်းဖြစ်သည်ဟု နိုဝင်ဘာ ၂၆ ရက်နေ့တွင် စတင်ကျင်းပသည့် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဒူးပလာယာခရိုင် ၄ ကြိမ်မြောက် ဝင်းရေးမြို့နယ် ညီလာခံ အခမ်းအနားတွင် ခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းက ပြောသည်။ Please follow and like us:

ဗိုလ်လင်းထင်၏ ကိုယ်ရေးအရာရှိနှင့် တွေ့ဆုံခြင်း

ဗိုလ်လင်းထင်၏ ကိုယ်ရေးအရာရှိနှင့် တွေ့ဆုံခြင်း

၉-၄-၂၀၁၆ ဖားအံမြို့မှအပြန် သထုံမြို့နယ် မြသပိတ်တောင် ဘုရားလမ်းတွင် နေထိုင်သူ စောဂျူးထံ ဝင်ရောက်တွေ့ဆုံခဲ့သည်။ စောဂျူးသည် KNU ဗိုလ်ချုပ်ဟောင်းစောအုန်းဖေ၏ သားဖြစ်ပြီး တစ်ချိန်က KNU တပ်မဟာ(၅) တပ်မင်းဗိုလ်လင်းထင်၏ ကိုယ် ရေးအရာရှိလည်း ဖြစ်ခဲ့သည်။ တပ်မဟာမှူးကို ယခင်အချိန်က တပ်မင်းဟု ခေါ်ဝေါ်သုံးစွဲခဲ့သည်။ စောဂျူးအား KNU လက်နက် ကိုင်ထဲတွင် သူ ပါဝင်ပတ်သက်ခဲ့ဖူးသည့် အကြောင်းကို မေးမြန်းခွင့်ရခဲ့ရာ စောဂျူးမှလည်း စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့ သည်။ Please follow and like us:

ငြိမ်းချမ်းရေးခရီးတစ်လျှောက် တွေ့ရှိချက်များ

မြန်မာပြည်ငြိမ်းချမ်းရေးဖြစ်စဉ်ကို ရှုမြင်ကြရာတွင် ဦးသိန်းစိန်ဦးဆောင်သော ငြိမ်းချမ်းရေးခရီးနှင့် ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်သော ငြိမ်းချမ်းရေးခရီးတို့ကို အများစုက တိုင်းတာရှုမြင်လေ့ရှိကြပါသည်။ အထူးသဖြင့် လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ ဦးဆောင်သော ငြိမ်းချမ်းရေးဖြစ်စဉ် (ဝါ) ငြိမ်းချမ်းရေးခရီး သည် မတွင်ကျယ်၊ ခရီးမပေါက်ဘဲ နှေးနေသည်၊ တန့်နေသည်၊ ရပ်နေသည် စသည့် ယူဆတွက်ဆချက်များ ရှိသလို ငြိမ်းချမ်းရေးခရီးက ဆက်သွားနေသည်ဟု ရှုမြင်သူများရှိနေပါသည်။ မြန်မာပြည်လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည်ဟု ဆိုနိုင်သော ပြည်တွင်းစစ် (ဝါ) မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲများသည် ယခုဆိုလျှင် နှစ်ပေါင်း (၇၀)ပင်

Facebook
Facebook