တိုက်ပွဲကြား ပိတ်မိနေသူများ လွတ်မြောက်ရေးဆန္ဒဖော်ထုတ်ခဲ့သော ကချင်လူငယ်ခေါင်းဆောင်များ အသရေဖျက်မှုဖြင့် ထောင်ချခံရ

တိုက်ပွဲကြား ပိတ်မိနေသူများ လွတ်မြောက်ရေးဆန္ဒဖော်ထုတ်ခဲ့သော ကချင်လူငယ်ခေါင်းဆောင်များ အသရေဖျက်မှုဖြင့် ထောင်ချခံရ

တိုက်ပွဲကြား ပိတ်မိနေသော ပြည်သူများ လွတ်မြောက်ရေး ပြောဆိုခဲ့သည့် ကချင်လူငယ်ခေါင်းဆောင်သုံးးဦးအား ဒီဇင်ဘာလ ၇ရက် (ယနေ့)တွင် မြစ်ကြီးနားမြို့နယ်တရားရုံးမှ ထောင်ဒဏ် (၆)လနှင့် ငွေဒဏ် ငါးသိန်းကျပ်အဖြစ် အမိန့်ချမှတ်လိုက်သည်။ ယခုနှစ် မေလအတွင်း မြစ်ကြီးနားမြို့တွင် ပြုလုပ်ခဲ့သည့် အဆိုပါပြည်သူများလွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖော်ပွဲနှင့် သတင်းစာရှင်းလင်းပွဲအတွင်း ပြောဆိုချက်များအပေါ် တပ်မတော်မှ အသရေဖျက်သည်ဟုဆိုကာ အသရေဖျက်မှုဆိုင်ရာ ပုဒ်မ ၅၀၀ဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက လူငယ်သပိတ်ခေါင်းဆောင်များအား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တရားစွဲဆိုခံရသော လူငယ်သပိတ်ခေါင်းဆောင်များဖြစ်သည့် ကိုလွမ်းဇောင်း၊ ကိုဇော်ဂျက်၊ မနန်ပူနှင့် တရားစွဲဆိုခံရသူများဘက်မှ သက်သေအဖြစ်

မိုင်းကိစ္စ ပူးပေါင်းအဖြေရှာရန် KNU နှင့် မွန်ပြည်သစ်တို့ သဘောတူ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်နှင့် မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ ဆက်စပ်နယ်မြေများတွင် နှစ်ဖက်အထင်အမြင်လွှဲနေသည့် မိုင်းထောင်ခြင်းကိစ္စကို အတူပူးပေါင်းအဖြေရှာရန် ဒီဇင်ဘာ ၅ ရက်နေ့တွင် ထားဝယ်ခရိုင်၊ မွန်ပြည်သစ်ပါတီ ဝယ်ဇင်ရုံး၌ နှစ်ဖက်ညှိနှိုင်းတွေ့ဆုံပွဲတွင် သဘောတူညီမှုရရှိကြောင်း သိရသည်။ “ မွန်နဲ့ ကရင် ပဋိပက္ခမဖြစ်ဖို့နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ရယ်၊ နှစ်ဖက်တိုင်ပင်ဆွေးနွေးပြီးတော့မှ ဆက်သွယ် သွားလာမှု ပြုလုပ်ကြဖို့ပေါ့နော်။ မိုင်းကိစ္စအနေနဲ့ နှစ်ဖက်အထင်အမြင်လွှဲနေကြတဲ့အခါကျတော့ မဖြစ်သင့်တာတွေ ဖြစ်မှာစိုးလို့ အတူတကွ ပူးပေါင်းအဖြေရှာဖို့တော့ သဘောတူတယ်” ဟု KNU ဝင်းရေးမြို့နယ် တရားသူကြီး ပဒိုစော စည်သူထွန်းက

Facebook
Facebook