ပြည်သူ့အကျိုးဆောင် လူငယ်ခေါင်းဆောင် ၃ဦးကို ပြစ်ဒဏ် မချသင့်

တိုက်ပွဲနယ်မြေအတွင်း ပိတ်မိနေသည့် စစ်ရှောင်ပြည်သူများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သော ကချင်လူငယ်ခေါင်းဆောင် ၃ဦးကို မြန်မာအစိုးရ တရားရုံးက ပြင်းထန်စွာ ပြစ်ဒဏ်ချခြင်းသည် ငြိမ်းချမ်းရေး အတွက် အတားဆီးဖြစ်နေကြောင်း ယနေ့ Dr. Manam Tu Ja ပြောဆိုလိုက်သည်။ ဒီဇင်ဘာ ၇၊ သောကြာနေ့ မြစ်ကြီးနား မြို့နယ်တရားရုံးက Hkangkum Lum Zawng၊ Hkawn Zau Jat နှင့် Nbau Nang Pu ကို တပ်မတော်ကို အသရေဖျက်မှု

မြေမြှုပ်မိုင်း ၄ ကြိမ်ပေါက်ကွဲခဲ့သော အလယ်စခန်းရွာအနီးတဝိုက်တွင် ဒေသခံများခြံမသွားရဲကြဟု မွန်လွှတ်တော်ဒုဥက္ကဌပြော

ပြီးခဲ့သည့် နိုဝင်ဘာနှင့် အောက်တိုဘာလများအတွင်း မြေမြှုပ်မိုင်း ၄ ကြိမ်ပေါက်ကွဲခံရသော တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာအနီးတဝိုက်တွင် ယခုအခါ ဒေသခံများခြံထဲ မသွားရဲကြဖြစ်နေကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက မွန်သတင်းအေဂျင်စီကို ပြောသည်။ အဆိုပါကြောင်လျှာကွင်းဒေသတဝိုက်တွင် ရာဘာခြံ၊ ကွမ်းသီးခြံ၊ ဒူးရင်းခြံစုစုပေါင်း ၄၀၀ ဝန်းကျင်ခန့် စိုက်ပျိုးလုပ်ကိုင်လျှက်ရှိကြောင်း၊ ယခုအခါ ကွမ်းသီးပေါ်ချိန်ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။ ဒေါက်တာအောင်နိုင်ဦးက “ ခြံထဲမသွားရဲတော့ ဘာဖြစ်လာသလဲဆိုရင် လူမှုရေးပြဿနာတင်မကဘဲ စီးပွားရေးပြဿနာကိုလည်း အများကြီးရင်ဆိုင်လာရတယ်၊ မိုင်းတွေခဏခဏပေါက်ကွဲလို့ ခြေထောက်တွေပြတ်တာ၊ အသက်အန္တရာယ်စိုးရိမ်ရတာတွေအပြင် စီးပွားရေးနဲ့ စားဝတ်နေရေးအတွက်

ရေဖြူဒေသတည်ငြိမ်အေးချမ်းရေး KNU နှင့် NMSP အောက်ခြေအဆင့် သဘောတူညီချက်လက်မှတ်ရေးထိုးမည်

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သော တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ကရင်အမျိုးသားအစည်းအစည်းအရုံး KNU နှင့် မွန်ပြည်သစ်ပါတီ အောက်ခြေတပ်ဖွဲ့များအကြား မကြာမီရက်ပိုင်းအတွင်း သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။ ဝင်းရေးမြို့နယ် တရားသူကြီး ပဒိုစောစည်သူထွန်း ဦးဆောင်သော KNU ကိုယ်စားလှယ်အဖွဲ့နှင့် ထားဝယ်ခရိုင် အမှတ်(၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးချမ်းလွန် ဦးဆောင်သည့် မွန်ပြည်သစ်ပါတီကိုယ်စားလှယ်တို့သည် ယမန်နေ့(ဒီဇင်ဘာ ၇) ရက်နေ့က ရေးမြို့တွင်၎င်း၊ ဒီဇင်ဘာ ၅ ရက်နေ့က မွန်ပြည်သစ်ပါတီ ဝယ်ဇင်စခန်း၌၎င်း နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်ဥက္ကဌ နိုင်ဉာဏ်ထွန်းက

လူ့အခွင့်ရေးနှစ် (၇၀) ပြည်တွင်းစစ်နှစ် (၇၀)

လူ့အခွင့်ရေးနှစ် (၇၀) ပြည်တွင်းစစ်နှစ် (၇၀)

နိုင်ကဆုမွန် ၁၉၄၈ ခုနှစ်က ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကြီး၏ စစ်ဘေး စစ်ဒဏ်ကြောင့် ကမ္ဘာ့ နိုင်ငံ ပျက်သုန်းခဲ့ပြီ၊ အပြစ်မဲ့ ပြည်သူသန်းပေါင်းများစွာ သေကြေပျက်စီးခဲ့သည်။ နိုင်ငံခေါင်းဆောင်များ နောင်တကြီးစွာ ရရှိခဲ့ပြီး နောက်ထပ် ကမ္ဘာစစ်ကြီးသော်လည်းကောင်း၊ စစ်ပွဲ အမျိုးစုံကို မလိုချင်တော့ပါ။ ၁၉၄၅ ခုနှစ် ကမ္ဘာစစ်ြက်ီးပြီးစကာလတွင် နိုင်ငံပေါင်း (၅၀) မှ ခေါင်းဆောင်များမှ ရောက်ရှိကာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကြီးတရပ်ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရစ မြန်မာနိုင်ငံမှ ခေါင်းဆောင်များ ကုလသမဂ္ဂတွင် တက်တက်ကြွကြွပါဝင်ကာ ၎င်းနှစ်

Facebook
Facebook