တစ်နှစ်အတွင်း မြေမြုပ်မိုင်းထိသူ ၂၀၀ကျော်ရှိခဲ့ကြောင်း အစီရင်ခံစာထုတ်

တစ်နှစ်အတွင်း မြေမြုပ်မိုင်းထိသူ ၂၀၀ကျော်ရှိခဲ့ကြောင်း အစီရင်ခံစာထုတ်

မြန်မာနိုင်ငံတွင် တပ်မတော် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မြေမြုပ်မိုင်း အသုံးပြုနေဆဲ ဖြစ်သည်ဟု မြန်မာနိုင်ငံ မြေမြုပ်မိုင်းနှင့် ထပ်ဆင့် ပေါက်ကွဲစေသော လက်နက်ပစ္စည်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့၏ ၂၀၁၈ခုနှစ်အ တွက် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်နှင့် ဥယျာဉ်၏ အခြေခံဥပဒေကို တရားဝင်ထုတ်ပြန်

သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်နှင့် ဥယျာဉ်၏ အခြေခံဥပဒေကို တရားဝင်ထုတ်ပြန်

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်ရှိ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် ( Salween Peace Park ) တရားဝင် ကြေညာခြင်းနှင့် ဥယျာဉ်အခြေခံ ဥပဒေ ပြဌာန်း အတည်ပြုခြင်းအခမ်းအနားကို မူတြော်ခရိုင် လူသောမြို့ နယ်၊ ပေးကေးအုပ်စု ၊ ဒေ့ပူနိုကျေးရွာတွင် ယနေ့(ဒီဇင်ဘာ ၁၈ ရက်) ကျင်းပပြုလုပ်ခဲ့ကြသည်။

ကရင်အမျိုးအသားအစီးအရုံး (KNU)၏ စိုက်ပျိုးရေးဌာနမှူး ပဒိုစောနေသဘလေးနှင့် တွေ့ဆုံခြင်း

ကရင်အမျိုးအသားအစီးအရုံး (KNU)၏ စိုက်ပျိုးရေးဌာနမှူး ပဒိုစောနေသဘလေးနှင့် တွေ့ဆုံခြင်း

“ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ မြေယာနဲ့ သယံ ဇာတကဏ္ဍကို သွားဆွေးနွေးတဲ့နေရာမှာ ကျနော်တို့ ရည်ရွယ်ထားသလို စိတ်ကျေနပ်မှု မရခဲ့ပါဘူး” အစိုးရမှ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၁၈ခုနှစ်)ကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာ လ ၁၁ရက်နေ့တွင် ပြဌာန်းလိုက်သည့်အပေါ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ မြေယာနှင့်လယ်ယာစိုက်ပျိုးရေးဌာန မှူး ပဒိုစောနေသဘလေးနှင့် အောက်ပါအတိုင်း တွေ့ဆုံမေးမြန်းထားပါသည်။ ကေအိုင်စီ။ ။ လက်ရှိအခြေအနေအရ မြန်မာနိုင်ငံမှာ မြေယာနဲ့ပတ်သက်ပြီး ဘယ်လိုဥပဒေမျိုး ပေါ်ထွက်လာတာ ရှိသလဲ။ ဒီမြေလွတ်မြေလပ်မြေရိုင်း ဥပဒေရဲ့ရည်ရွယ်ချက်ကို ကြည့်မယ်ဆိုရင် တိုင်းရင်းသားတွေရဲ့ မြေယာစီမံ ထိန်းသိမ်းကာ

ကချင်လူငယ်ခေါင်းဆောင် ၃ ဦးကို ချက်ချင်းလွတ်ပေးရန် နိုင်ငံတကာကချင်ကွန်ဂရက် (WKC) အဖွဲ့တောင်းဆို

ကချင်လူငယ်ခေါင်းဆောင် ၃ ဦးကို ချက်ချင်းလွတ်ပေးရန် နိုင်ငံတကာကချင်ကွန်ဂရက် (WKC) အဖွဲ့တောင်းဆို

တပ်မတော်အပေါ် အသရေဖျက်မှုပုဒ်မဖြင့် ထောင်ဒဏ် ၆ လ နှင့် ဒဏ်ငွေ ၅ သိန်း ချမှတ်ခံရသော ခေါင်းဆောင် ၃ ဦးအား ချက်ချင်းလွတ်ပေးရန် (World Kachin Congress) နိုင်ငံတကာ ကချင်ကွန်ဂရက်မှ နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော်အတိုင်ပင်ခံ ထံ အိတ်ဖွင့်ပေးစာ ပို့ထားကြောင်း သိရပါသည်။

ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အရေးယူခြင်းခံရသော ဆန္ဒပြ လူငယ် ၃ ဦး ဒဏ်ငွေဖြင့် လွတ်မြောက်

ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အရေးယူခြင်းခံရသော ဆန္ဒပြ လူငယ် ၃ ဦး ဒဏ်ငွေဖြင့် လွတ်မြောက်

၂၀၁၈၊ ဒီဇင်ဘာလ၊ ၇ရက်နေ့၊ မြစ်ကြီးနားမြို့နယ် တရားရုံး၏ တရားစီရင်မှုကို ကန့်ကွက်ဆန္ဒပြရာတွင် ပါဝင်ခဲ့သော လူငယ် ၃ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် အရေးယူထားမှု ယနေ့ ဒဏ်ငွေဖြင့် အပြီးသတ် အမိန့်ချမှတ်ခဲ့ပါသည်။ မဆွတ်ဆိုင်းထွေယ်အား အလားတူဖြစ်စဉ် ကျူးလွန်ခဲ့ဖူးသည့်အတွက် ဒဏ်ငွေ ၁ သိန်း၊ ရှေ့နေ ဆိုင်းခွမ် နှင့် ဆရာဘရန်မိုင် အား ဒဏ်ငွေ ၃ သောင်းစီဖြင့် မြို့နယ် တရားရုံးမှ စီရင်ခဲ့ပါသည်။ “မြန်မာနိုင်ငံမှာ ဘာပဲ လုပ်လုပ်

လုံခြုံရေးကဏ္ဍအလုပ်ရုံဆွေးနွေးပွဲ မွန်ပြည်သစ်ပါတီပြုလုပ်

မွန်ပြည်သစ်ပါတီ NMSP ဗဟိုကော်မတီများ၏ လုံခြုံရေးကဏ္ဍအလုပ်အဖွဲ့ အလုပ်ရုံဆွေးနွေးပွဲ Security Sector Working Workshop တစ်ရပ်ကို ထိုင်းနိုင်ငံ၊ စံခလူပူရီမြို့၌ ဒီဇင်ဘာ ၁၆ နှင့် ၁၇ ရက်နေ့များတွင် နှစ်ရက်တာကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။ မွန်ပြည်သစ်ပါတီ ဥက္ကဌနှင့် ဒုဥက္ကဌအပါအဝင် ဗဟိုအလုပ်အမှုဆောင်များ၊ မွန်အမျိုးသားတပ်မတော် MNLA မှ ထိပ်ပိုင်းအရာရှိများ၊ ခရိုင်ဥက္ကဌ၊ အတွင်းရေးမှူးနှင့် တပ်ရင်းမှူးများ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်သော လက်နက်ဖြုတ်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည်ပေါင်းစည်းရေးနှင့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး DDR –

Peace related headline

Myanmar Air Force inaugurate 7 new aircrafts to mark 71st anniversary China welcomes peace efforts between Myanmar govt, armed groups Armed ethnic KNU criticises land law amendment 10 vehicles donated to JMC တပ်မတော်နဲ့ ရခိုင့်တပ်မတော် တို့ အကြားတိုက်ပွဲကြောင့် ရွာသား (၂၅၀) ခန့် တိမ်းရှောင်