တပ်မတော် လက်နက်ကြီးကြောင့် ရွာသားများ ဘေးလွတ်ရာ ရှောင်ပြေးနေရကြာင်း ကေအဲန်ယူပြော

တပ်မတော် လက်နက်ကြီးကြောင့် ရွာသားများ ဘေးလွတ်ရာ ရှောင်ပြေးနေရကြာင်း ကေအဲန်ယူပြော

KNU – ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်ခရိုင် (တပ်မဟာ-၅) နယ်မြေအတွင်း ဇန်နဝါရီလ ၂၅-၂၆ရက်နေ့များတွင် မြန်မာအစိုးရ တပ်မတော်ဘက်မှ ရွာသားများနေထိုင်ရာ နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်ခြင်း ကြောင့် မိခင်နှင့် ကလေးများပါဝင်သည့် ဒေသခံရွာသားများဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အိမ်မွေးကျွဲတိ ရိစ္ဆာန်များသေဆုံးမှုရှိသည်ဟု KNU တပ်မဟာ ၅ စစ်ရေးချုပ် ဗိုလ်မှူး စောကလယ်ဒို့က ပြောသည်။

Peace related headlines

Myanmar Lawmakers Vote to Form Committee to Propose Changes to Constitution Myanmar official suggests downsizing or relocating dam that frayed China ties Myanmar Suu Kyi’s party clashes with military over proposal to change army-drafted charter နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနားအတွက် စစ်ရေးပြ

ရာဘာခြံမှ ဗုံးသီးဟောင်းတစ်လုံး ကောက်ယူပစ်ချမိသူ အမှုဖွင့်အရေးယူခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာနေ ရန်နိုင်အောင် (အသက် ၁၉ နှစ်) သည် ရာဘာခြံအတွင်း မော်တာဗုံးသီးဟောင်းတစ်လုံးတွေ့ရှိသည်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများနှင့် နယ်မြေရဲစခန်းများကို အကြောင်းကြားခြင်းမရှိဘဲ ကောက်ယူပစ်ချခဲ့ရာမှ ပေါက်ကွဲခဲ့သဖြင့် အမှုဖွင့်အရေးယူခံထားကြောင်း သံဖြူဇရပ်မြို့မ ရဲစခန်းမှသိရသည်။

ကချင်ပြည်နယ်အရေးပေါ်အစည်းအဝေး ကန့်ကွက်မှုများကြောင့် အစည်းအဝေးမပြီးဆုံးဘဲ ရုပ်သိမ်းလိုက်ရ

ကချင်ပြည်နယ်အရေးပေါ်အစည်းအဝေး ကန့်ကွက်မှုများကြောင့် အစည်းအဝေးမပြီးဆုံးဘဲ ရုပ်သိမ်းလိုက်ရ

လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနကို သီးခြားခွဲထုတ်မည့်ကိစ္စ ပါဝင်သော ကချင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး ကန့်ကွက်မှုများကြောင့် အစည်းအဝေးမပြီးဆုံးမီ ရုပ်သိမ်းလိုက်ရပါသည်။

ကေအဲန်ယူ ဒုတိယ ဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်နှင့်တွေ့ဆုံခြင်း

ကေအဲန်ယူ ဒုတိယ ဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်နှင့်တွေ့ဆုံခြင်း

“တွေ့ဆုံဆွေးနွေးမှုတွေက တိုးတက်မှုမရှိတာလဲဆိုတာကတော့ ကျမတို့ ပြန်ကြည့်မယ်ဆိုရင် ရှင်းရှင်းလင်းလင်းပဲ ပေါ်လွင်နေပါတယ်။ စစ်တပ်ဘက်က နိုင်ငံရေးဆွေးနွေးမှုကို လက်မခံလို့ပဲဖြစ် တယ်” မြန်မာနိုင်ငံ အစိုးရနှင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတို့ကြား လက်ရှိဖော်ဆောင်နေသော မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ဆို့နေမှုအခြေ အနေနှင့်ပတ်သက်ပြီး ကေအဲန်ယူ ဒုတိယ ဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန်၏ အမြင်သဘောထား၊ သုံးသပ်ချက်များကို စုစည်းတင်ပြလိုက်ပါ သည်။

တပ်မတော်ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး NCAအရ နှစ်ဖက်ရှောင်းရှားရမည့်အချက်များ KNU ထောက်ပြ

တပ်မတော်ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး NCAအရ နှစ်ဖက်ရှောင်းရှားရမည့်အချက်များ KNU ထောက်ပြ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ၌ တစ်ဖက်အဖွဲ့အစည်းဂုဏ်သိက္ခာ ညှိုးနွှမ်းစေသည့် အပြောအဆိုအပြုအမူများ နှစ်ဖက်လုံးရှောင်ရှားရမည့်အချက်ပါရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက တပ်မတော်သတိပေးထုတ် ပြန်ချက်အပေါ် ဇန်နဝါရီ ၂၆ ရက်တွင် ထောက်ပြလိုက်သည်။