Peace related headlines

နောက်ကျောကို AA ဓားနဲ့ထိုးဟု နယ်ခြားစောင့် ကွပ်ကဲရေးမှူး ရဲမှူးချုပ် မြင့်တိုး ပြေ ရခိုင်စစ်ပွဲ ကျယ်ပြန့်လာမည်ကို စိုးရိမ်နေကြ ဖမ်းဆီးသွားသည့် သုံ့ပန်းများ AA ပြန်လွှတ် The Tatmadaw Makes a Bold Move Nine Security Personnel Killed in AA Attacks on Border Outposts: Army AA Frees 14 Police, 4 Women Captured in

၂၀၁၈ သတင်းအနှစ်ချုပ်

၂၀၁၈ သတင်းအနှစ်ချုပ်

မွန်လူထုလူတန်းစားအလွှာအသီးသီးပါဝင်သော မွန်နိုင်ငံရေးညီလာခံတစ်ရပ်ကို မော်လမြိုင်မြို့ တောင်ပေါ်တန်းရှိ သာသနာ ၂၅၀ဝ ဘုန်းတော်ကြီးကျောင်း၌ ၂၀၁၈ ခုနှစ် ဇန်နဝါရ႘လ ၁၃ ရက်နေ့မှစတင်၍ ၃ ရက်ကြာ ကျင်းပခဲ့ရာ မွန်သံဃာတော်များ၊ စာပေယဉ်ကျေးမှုအဖွဲ့၊ ရာမညအင်အားစုအဖွဲ့၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့များ၊ နိုင်ငံရေးသမားများ၊ နယ်စပ်နှင့် နိုင်ငံရပ်ခြားရောက်သူများအဖွဲ့၊ အနုပညာအဖွဲ့နှင့် ဖိတ်ကြားထိုက်သူပညာရှင်များ စုစုပေါင်း (၈၀ဝ) ကျော်တက်ရောက်ခဲ့ကြသည်။ သို့ရာတွင် မွန်တစ်မျိုးသားလုံး ပြိုကွဲရေးကိုဦးတည်နေသည်ဟုဆိုကာ မွန်အမျိုးသားပါတီ (MNP) နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) ပါတီတို့မှ တက်ရောက်ခြင်း မပြုခဲ့ပေ။

အမျိုးသားရေးတာဝန်ကို ပါဝင်ထမ်းဆောင်ကြရန် မွန်လူငယ်များအား NMSP ဒုဥက္ကဌတိုက်တွန်း

မိမိတို့အမျိုးသားရေးရပိုင်ခွင့်များကို ဆက်လက်ရုန်းကန်သွားရဦးမည်ဖြစ်သည့်အတွက် လူငယ်များ၏ စိတ်ဓါတ်နှင့်အမြင်မြှင့်တင်၍ အမျိုးသားရေးတာဝန်ကို ဆက်လက်ပါဝင်ထမ်းဆောင်သွားဖို့လိုအပ်သည်ဟု ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တစ်နေရာ၌ ကျင်းပသော သတ္တမအကြိမ်မြောက် မွန်လူငယ်များနေ့အခမ်းအနားတွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက မိန့်ခွန်းပြောကြားသည်။

အရေးကြီးချိန် သွေးနီးကြရန် KNLA စစ်ဦးစီးချုပ် တိုက်တွန်း

အရေးကြီးချိန် သွေးနီးကြရန် KNLA စစ်ဦးစီးချုပ် တိုက်တွန်း

အရေးကြီးချိန် သွေးနီးကြရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီက ယနေ့ (ဇန်နဝါရီလ ၆ ရက်) ပိုင်ကျုံမြို့နယ်(လှိုင်းဘွဲမြို့နယ်-ခွဲ)၊ ကစိုကျေးရွာ၌ ပြုလုပ်ကျင်းပသည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် တိုက်တွန်းပြောဆိုလိုက်သည်။

တပ်မတော်၏ KKO ကိစ္စသတင်းထုတ်ပြန်ချက်အား လုပ်ကြံသတင်းဟု DKBA ခွဲထွက်အဖွဲ့ ပြောဆို

တပ်မတော်၏ KKO ကိစ္စသတင်းထုတ်ပြန်ချက်အား လုပ်ကြံသတင်းဟု DKBA ခွဲထွက်အဖွဲ့ ပြောဆို

ကရင်ပြည်နယ်၊ ရှမ်းရွာသစ် အနောက်မြောက်ဘက် မဲ့သဝေါဒေသတွင် အုပ်ချုပ်မှုကိစ္စဆောင်ရွက်နေသည့် တပ်မတော် သားများကို ယခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့က KKO (ခွဲထွက်)အဖွဲ့မှ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်မှုသည် တစ်ဖက်သတ်လုပ်ကြံပြောဆိုမှုသာဖြစ်သည်ဟု တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသားတပ်မတော်-DKBA (ခွဲထွက်အဖွဲ့)မှ ပြောခွင့်ရ ဗိုလ်မှူးကြီး စောဆန်းအောင်က ပြောသည်။

လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းအား တည့်မတ်ရန်အတွက် တရားဝင်ဆွေးနွေးပွဲများတွင် ပါဝင်မှု ရပ်ဆိုင်းခြင်းဖြစ်ကြောင်း KNU ပြော

တရားဝင် အစည်းအဝေးပွဲများတွင် ပါဝင်မှုခေတ္တရပ်ဆိုင်းထားမှုသည် တိမ်းစောင်းနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်တည့်မတ်ရန်ဖြစ်သည်ဟု ကရင်နှစ်၂၇၅၈ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သို့ ပေးပို့သော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။

BGF တပ်ဖွဲ့ဝင်များအား ပစ်ခတ်သွားသူအား အသေဖမ်းမိကြောင်း တပ်မတော်အတည်ပြု

BGF တပ်ဖွဲ့ဝင်များအား ပစ်ခတ်သွားသူအား အသေဖမ်းမိကြောင်း တပ်မတော်အတည်ပြု

မြဝတီမြို့နယ်အတွင်း နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင် ၄ဦးအား သေနတ်ဖြင့် ပစ်သတ်သွား သူကို ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် အသေပစ်ခတ်ဖမ်းဆီးရမိကြောင်း အရှေ့ တောင်တိုင်းစစ် ဌာ နချုပ်(ရတခ)မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးမောင်မောင်လတ်က ကေအိုင်စီသို့ အတည်ပြုပြောကြား သည်။