စခန်းသစ်တွင် နေစရာမလုံလောက်သဖြင့် ကချင်စစ်ရှောင်များ အခက်ကြုံနေ

စခန်းသစ်တွင် နေစရာမလုံလောက်သဖြင့် ကချင်စစ်ရှောင်များ အခက်ကြုံနေ

ဇန်နဝါရီလ ၁၉ရက်နေ့တွင် စစ်ရှောင်စခန်းအသစ်သို့ရွှေ့ပြောင်းခဲ့သော Jaw Masat (ဂျော်မဆန့်) စစ်ရှောင်များမှာ လက်ရှိ စစ်ရှောင်စခန်းအသစ်တွင် နေစရာ အဆောင်မလုံလောက်သောကြောင့် နေထိုင်သည့် ပြဿနာ အခက်အခဲ ကြုံတွေ့ နေရကြောင်းသိရသည်။ အဆိုပါ စစ်ရှောင်စခန်းအသစ်မှာ နေစရာအဆောင် ၂၀ခန့်ရှိသော်လည်း စစ်ရှောင်အိမ်ခြေ ၁၄၀ကျော်၊ လူဦးရေ ၆၀၀ကျော်ခန့်ရှိနေသည့်အတွက် စစ်ရှောင်များ နေစရာအဆောင်လုံလောက်ရန် အဆောင် ၃ဆောင်ခန့် လိုအပ် နေသေးကြောင်းကို စစ်ရှောင်တာဝန်ခံ တစ်ဦးဖြစ်သည့် Sarama Seng Ja က ကချင်သတင်းဌာန KNG ကို ပြောဆိုထားပါသည်။