စခန်းသစ်တွင် နေစရာမလုံလောက်သဖြင့် ကချင်စစ်ရှောင်များ အခက်ကြုံနေ

စခန်းသစ်တွင် နေစရာမလုံလောက်သဖြင့် ကချင်စစ်ရှောင်များ အခက်ကြုံနေ

ဇန်နဝါရီလ ၁၉ရက်နေ့တွင် စစ်ရှောင်စခန်းအသစ်သို့ရွှေ့ပြောင်းခဲ့သော Jaw Masat (ဂျော်မဆန့်) စစ်ရှောင်များမှာ လက်ရှိ စစ်ရှောင်စခန်းအသစ်တွင် နေစရာ အဆောင်မလုံလောက်သောကြောင့် နေထိုင်သည့် ပြဿနာ အခက်အခဲ ကြုံတွေ့ နေရကြောင်းသိရသည်။ အဆိုပါ စစ်ရှောင်စခန်းအသစ်မှာ နေစရာအဆောင် ၂၀ခန့်ရှိသော်လည်း စစ်ရှောင်အိမ်ခြေ ၁၄၀ကျော်၊ လူဦးရေ ၆၀၀ကျော်ခန့်ရှိနေသည့်အတွက် စစ်ရှောင်များ နေစရာအဆောင်လုံလောက်ရန် အဆောင် ၃ဆောင်ခန့် လိုအပ် နေသေးကြောင်းကို စစ်ရှောင်တာဝန်ခံ တစ်ဦးဖြစ်သည့် Sarama Seng Ja က ကချင်သတင်းဌာန KNG ကို ပြောဆိုထားပါသည်။

Technical Advisory Team နည်းပညာအကြံပေးအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးနှင့်တွေ့ဆုံခြင်း

Technical Advisory Team နည်းပညာအကြံပေးအဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ဆရာဒေါင်ခါးနှင့်တွေ့ဆုံခြင်း

“ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ KIO ဟာ အဓိကအခန်းကဏ္ဍလို့ မပြောချင်ပေမယ့်လည်း KIO ရဲ့တောင်းဆိုမှုဟာ အဓိကကျတယ်လို့ မြင်တယ်”

Peace related headlines

Armed group accused of abducting 18 in Shan IDPs Call On Shan Armed Groups to Hold Talks ‘As Soon As Possible’ New Army Bases Spark Fears of Fresh Fighting in Kayah State အမည်မသိသေနတ်သမား ပစ်ခတ်လို့ ရွာသားတစ်ဦး သေဆုံး ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ တိုက်ပွဲ

KNU ဖမ်းဆီးထားသည့် မူးယစ်တရားခံကို လွှဲပြောင်းပေးရန် ကရင် နယ်/လုံဝန်ကြီး တောင်းဆို

KNU ဖမ်းဆီးထားသည့် မူးယစ်တရားခံကို လွှဲပြောင်းပေးရန် ကရင် နယ်/လုံဝန်ကြီး တောင်းဆို

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၏ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် -KNLA တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်များနှင့် ဒေသတွင်းရှိ ကရင်ရဲတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၁၈ရက်နေ့တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲရှိ ဘရောင်းကျေးရွာတွင် မူးယစ်တရားခံ တစ်ဦးကို ဖမ်းဆီးလိုက်သည့် ဖြစ်စဉ်အပေါ် အစိုးရထံ တရားခံပြန်လွှဲ ပေးရန် ကရင်ပြည်နယ် နယ်/လုံ ဝန်ကြီးက စာထုတ်တောင်းဆိုလိုက်သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် KIO/KIA တရားဝင်ဆွေးနွေးပွဲ ဖေဖော်ဝါရီတွင် လျာထား

ငြိမ်းချမ်းရေးကော်မရှင်နှင့် KIO/KIA တရားဝင်ဆွေးနွေးပွဲ ဖေဖော်ဝါရီတွင် လျာထား

မြန်မာအစိုးရ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ ငြိမ်းချမ်းရေးဆိုင်ရာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးပွဲတစ်ခုကို တရုတ်နိုင်ငံ ကူမင်းမြို့တွင် ဇန်နဝါရီလ ၂၁ရက်နေ့ ပြုလုပ်ခဲ့သည်။

Peace related headlines

Different views on NCA implementation lead to stalled peace talks: UPDJC သီပေါမြို့နယ် တာ့လုံရွာအနီးတိုက်ပွဲကြောင့် စစ်ဘေးရှောင် ကျည်စထိမှန်ဒဏ်ရာအပြင်းအထန်ရရှိ မိုင်းလားတပ်ဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်း UWSA ခေါင်းဆောင်နှင့်တွေ့ဆုံ လက်ရှိအစိုးရနှင့် ကေအိုင်အိုတို့အကြား ပထမဆုံး တရားဝင်ဆွေးနွေးပွဲ ပြုလုပ်ရန် သဘောတူ AA နဲ့ အစိုးရတပ် တိုက်ပွဲတွေကြောင့် အိန္ဒိယအာဏာပိုင်တွေ စိုးရိမ်

NCA လက်မှတ်ထိုးပြီးဖြစ်သော်လည်း JMC-Sတွင် မွန်ပြည်သစ်ပါတီ ပါဝင်ခွင့်မရသေး

NCA လက်မှတ်ထိုးပြီးဖြစ်သော်လည်း JMC-Sတွင် မွန်ပြည်သစ်ပါတီ ပါဝင်ခွင့်မရသေး

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးမှု မကြာခင်တစ်နှစ်ပြည့်တော့မည့် မွန်ပြည်သစ်ပါတီသည် ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S တွင် ပါဝင်နိုင်ခြင်းမရှိသေးဘဲ တစ်ဆို့မှုများဖြစ်ပေါ်နေဆဲဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။