ဗိုလ်ချုပ်ကြေးရုပ်တု ဖယ်ရှားရွှေ့ရေး တောင်းဆိုမှုအပေါ် ထောက်ခံကြောင်း KWO ထုတ်ပြန်

ကရင်နီလူငယ်များ၏ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖယ်ရှားရွှေ့ပေးရေး တောင်းဆိုမှုအပေါ် ထောက်ခံပြီး တိုင်းရင်းသား များ၏သမိုင်းနှင့် လူငယ်များ၏ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုကို အစိုးရအနေဖြင့် လေးစားအသိအမှတ်ပြုရန် ကရင်အမျိုး သမီးအစည်းအရုံး-KWOက ယမန်နေ့ (ဖေဖော်ဝါရီလ ၁၂ ရက်) သဘောထားထုတ်ပြန် တောင်းဆိုလိုက်သည်။ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD အစိုးရနှင့် ပြည်ထဲရေးလက်အောက်ခံ ရဲများအနေဖြင့် ဌာနေတိုင်း ရင်းသားများအကြားရှိနေသည့် မတူကွဲပြားမှုများနှင့် အတူတကွရှိနေပြီးသား အရာများကို အပြန်အလှန် လေးစားအသိ အမှတ်ပြုမှသာ စစ်မှန်သော ငြိမ်းချမ်းရေးကို ရရှိမည်ဖြစ်ကြောင်း KWOက ဆိုသည်။ KWO အတွင်းရေးမှူး