ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မော်လမြိုင်တွင်ကျင်းပ

ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ မော်လမြိုင်တွင်ကျင်းပ

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ENAC နှင့် မွန်ပြည်သစ်ပါတီ NMSP တို့ပူးပေါင်း၍ ဖက်ဒရယ်စနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မော်လမြိုင်မြို့ ရာမညဟိုတယ်၌ ဖေဖော်ဝါရီ ၁၄- ၁၅ ရက်များတွင် ကျင်းပလျက်ရှိသည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ဟံသာ၊ စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် UNA အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းညွန့်လွင်နှင့် ENAC အကြံပေးပုဂ္ဂိုလ် ဒေါက်တာပညာမွန်တို့ ဦးဆောင်ဆွေးနွေးပြီး မွန်ပြည်သစ်ပါတီအဖွဲ့ဝင်များ၊ မွန်ညီညွတ်ရေးပါတီဗဟိုကော်မတီဝင်များ၊ ရာမည မွန်ရှေ့နေကွန်ယက်အဖွဲ့နှင့် ဖိတ်ကြားသင့်ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်ကြသည်ကို တွေ့ရှိရသည်။ ဒေါက်တာပညာမွန်က “ တိုင်းရင်းသားတွေအများအပြားနေထိုင်ကြတဲ့ နိုင်ငံမှာ