အုန်းဖျန်စခန်းမှ ဒုက္ခသည် ၂ဝဝခန့် မြဝတီကြိုဆိုရေးစခန်းသို့ ရောက်ရှိ

အုန်းဖျန်စခန်းမှ ဒုက္ခသည် ၂ဝဝခန့် မြဝတီကြိုဆိုရေးစခန်းသို့ ရောက်ရှိ

ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရ၏ သဘောတူညီမှုဖြင့် မိမိဆန္ဒအလျှောက်နေရပ်ပြန်ရေး အစီအစဉ်အရ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး-UNHCR နှင့် ထိုင်းပြည်ထဲရေးတို့ အတည်ပြုထားသည့် ထိုင်း-မြန်မာနယ်စပ်၊ အုန်းဖျန် ဒုက္ခသည်စခန်းရှိ ဒုက္ခသည် ၁၉၉ ဦး ယနေ့(ဖေဖော်ဝါရီ ၂၁ရက်) မြန်မာနိုင်ငံသို့ ထပ်မံ ပြန်လည် ရောက်ရှိခဲ့ကြသည်။

သတ်မှတ်ချိန်အတိုင်း (၂၁) ရာစုပင်လုံ မကျင်းပနိုင်သဖြင့် NCA အပေါ် ယုံကြည်မှုကျဆင်းလာဟု မွန်ပြည်သစ်ပါတီ ထုတ်ပြန်

သတ်မှတ်ချိန်အတိုင်း (၂၁) ရာစုပင်လုံ မကျင်းပနိုင်သဖြင့် NCA အပေါ် ယုံကြည်မှုကျဆင်းလာဟု မွန်ပြည်သစ်ပါတီ ထုတ်ပြန်

ခွဲမထွက်ရေးနှင့် တစ်ခုတည်းသောတပ်မတော်ထားရှိရေးကိစ္စများဖြင့် နိုင်ငံရေးဆွေးနွေးမှုများ တစ်ဆို့မှုဖြစ်ပေါ်နေပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ (စတုတ္ထအစည်းအဝေး) ကိုလည်း သတ်မှတ်ချိန်အတိုင်း မကျင်းပနိုင်သဖြင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အပေါ် မွန်လူထုများ ယုံကြည်မှုကျဆင်းလာဟု မွန်ပြည်သစ်ပါတီ၏ ၇၂ ကြိမ်မြောက်မွန်အမျိုးသားနေ့တွင် ထုတ်ပြန်လိုက်သည်။

အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် တတ်ကြွစွာ ပါဝင်စေလိုကြောင်း မွန်တိုင်းရင်းသားများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် တတ်ကြွစွာ ပါဝင်စေလိုကြောင်း မွန်တိုင်းရင်းသားများအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်း

အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိမှသာ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်မည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၇၂ ကြိမ်မြောက်မွန်အမျိုးသားနေ့(ဗဟို) သို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။