နေရပ်စွန့်ခွာ ခါနန်စစ်ဘေးရှောင်များအားရှစ်လ ကြာသည့်တိုင် IDP အဖြစ် အစိုးရ အသိမှတ်မပြုသေးဟုဆို

နေရပ်စွန့်ခွာ ခါနန်စစ်ဘေးရှောင်များအားရှစ်လ ကြာသည့်တိုင် IDP အဖြစ် အစိုးရ အသိမှတ်မပြုသေးဟုဆို

မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်တွင် နေထိုင်သည့် စစ်ရှောင်များသည် စစ်ရှောင်အဖြစ် ၈လကျော် ကြာမြင့်လာပြီဖြစ် သော်လည်း ယနေ့ချိန်ထိ ပြည်နယ်အစိုးရ၏ တရားဝင်စစ်ရှောင်အဖြစ် အသိအမှတ်မခံရသေးကြောင်း ပမ္မတီးရပ်ကွက်တွင် နေထိုင်သည့် ခါနန်စစ်ရှောင်များက ဆိုသည်။ စစ်ရှောင်စခန်း တာဝန်ခံ Slg. Maji Doi Awng (ဆလန် မဂျီဒွဲအောင်) က “တစ်ချို့ တွေကြားနေရတယ် ကျနော်တို့ကို စစ်ရှောင်အတုဆိုပြီး ပြောနေကြတာတွေကို ဆက်ပြီးမလုပ်ပေးဖို့ တောင်းဆိုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကို နမ္မတီးမှာနေတုန်းက အားလုံးထောက်ပံ့ပေးတယ်။ အားလုံး အသိအမှတ်ပြုတယ်။ ခုဒီမှာနေလာနေတဲ့သူတွေက ဟိုကနေ

ရခိုင်ဒေသ တပ်မတော်ထိုးစစ်ဆင်နေမှုများ ရပ်ဆိုင်းပေးရန် နိုင်ငံတကာ ကရင်အဖွဲ့ တောင်းဆို

အစိုးရနှင့် မြန်မာ့တပ်မတော်တို့အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးအတွက် ပို့ထားသောတပ်များကို ရုပ်သိမ်းပြီး ရခိုင့်တပ်မတော်-AAအပေါ် ထိုးစစ်ဆင်နေမှုများကို ချက်ချင်းရပ်ဆိုင်းပေးရန် နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKOက မတ်လ ၂၆ရက် တွင် သဘောထား ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။ အစိုးရ တပ်မတော် အနေဖြင့် AA ကို ထိုးစစ်ဆင် တိုက်ခိုက်မှုများပြုရာတွင် ရခိုင်ပြည်သူ အရပ်သားများ အပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေမှုများရှိနေခြင်းကြောင့် IKO အနေဖြင့် အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်ချက်၏ ပြောရေးဆိုခွင့်ရှိသူ စောနစ်ကီက ယခုလို ပြောသည်။

Peace related headlines

Ethnic Ta’ang IDPs Struggle to Find Long-Term Places of Refuge Myanmar Military Urges Go-Slow on Constitutional Changes That Would Dilute Its Power Ex-Gov’t Figures Back Together—and Back in Uniform—for a Day ၇၄နှစ်အကြာ မြန်မာ့တပ်မတော်ကဏ္ဍ ပြည်ပတိုင်းရင်းသားတချို့အမြင် ရသေ့တောင်ဒေသခံ စက်လှေသမားတစ်ဦး ကျည်ထိမှန်သေဆုံး ရှေးဟောင်းကျောက်တော်တောင်ဘုရားမှာ တပ်စွဲထားတာကို တားမြစ်ပေးဖို့

ကချင် စစ်ရှောင်အမျိုးသမီးငယ်များ တရုတ်ပြည်သို့ ရောင်းစားခံနေရ

ကချင် စစ်ရှောင်အမျိုးသမီးငယ်များ တရုတ်ပြည်သို့ ရောင်းစားခံနေရ

ကချင်တိုင်းရင်းသူအမျိုးသမီးငယ်များသည် တရုတ်နိုင်ငံသို့ ‘သတို့သမီးများ’ အဖြစ် ရောင်းစားခံမှုနှင့်ပတ်သက်ပြီး New York အခြေစိုက် Human Rights Watch အဖွဲ့ပြုစုသောအစီရင်ခံစာကို မတ် ၂၅ တနင်္လာနေ့ မြစ်ကြီးနားမြို့တွင် ရှင်းလင်းမှုပြုလုပ်ခဲ့သည်။ လူကုန်ကူးခံရသော ကချင်အမျိုးသမီးများအကြောင်း သုံးနှစ်ကြာ လေ့လာပြုစုထားသည့် “ငါ့တို့ကို ကလေးတစ်ယောက်မွေးပေးရင် မင်းကိုလွတ်ပေးမယ်” ဆိုသောအစီရင်ခံစာ ရှင်းလင်းခြင်း အစီစဉ်ကို HRW က ဦးဆောင်ပြီး Madira Hotel မှာ ပြုလုပ်ခဲ့သည်။ “ငါ့တို့ကို ကလေးတစ်ယောက်မွေးပေးရင် မင်းကိုလွတ်ပေးမယ်” ဟု အမည်ရှိ ဤအစီရင်ခံစာတွင်

မွန်ပြည်သစ်၏ မူးယစ်ဆေးဝါးဖမ်းဆီးမှု ပြည်နယ်အစိုးရ ကန့်ကွက်

မွန်ပြည်သစ်၏ မူးယစ်ဆေးဝါးဖမ်းဆီးမှု ပြည်နယ်အစိုးရ ကန့်ကွက်

မွန်ပြည်သစ်ပါတီတပ်ဖွဲ့က မုဒုံမြို့နယ် အဘစ်-ခလယ်တံခွန်တိုင်ကားလမ်းမပေါ်၌ ပြီးခဲ့သည့်သီတင်းပတ်အတွင်း မူးယစ်ဆေးဝါးနှင့် လက်ဝယ်ကိုင်ဆောင်သူ ၈ ဦးတို့အား ဖမ်းဆီးခဲ့သည့်အတွက် မွန်ပြည်နယ်အစိုးရ ကန့်ကွက်စာရေးသားပေးပို့ခဲ့သည့် မိတ္တူတစ်စောင်ကို မွန်သတင်းအေဂျင်စီမှ လက်ခံရရှိခဲ့သည်။ မွန်ပြည်နယ်အစိုးရ၏ ရုံးအမှတ်တံဆိပ်ပါ မတ်လ ၂၂ ရက်စွဲဖြင့် မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးသို့ “ကန့်ကွက်ကြောင်း အကြာင်းကြားခြင်းကိစ္စ” စာအရ ယူနီဖောင်းလက်နက်မျိုးစုံ ကိုင်ဆောင်သည့် မွန်ပြည်သစ်တပ်ဖွဲ့ဝင် ၁၅ ဦးမှ အဆိုပါကားလမ်း၌ မော်တော်ယာဉ်/ဆိုင်ကယ်များအား မူးယစ်ဆေးဝါးရှာဖွေစစ်ဆေးခဲ့ရာ စုစုပေါင်း WY စိတ်ကြွဆေးပြား ၄၆၈ ပြားနှင့် ဘိန်းစာရွက် ၄ ပိဿာခန့်ဖမ်းဆီးရမိခဲ့ကြောင်း၊

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မွန်ပြည်နယ် မြို့နယ်(၁၀)ခုမှ ပြည်သူ ၄၀၀၀ကျော် ပူးပေါင်းလှုပ်ရှား

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မွန်ပြည်နယ် မြို့နယ်(၁၀)ခုမှ ပြည်သူ ၄၀၀၀ကျော် ပူးပေါင်းလှုပ်ရှား

မွန်ပြည်နယ် ၁၀ မြို့နယ်မှ လူထုများပါဝင်သော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒထောက်ခံပွဲကို မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်ပန်းခြံ၌ ယမန်နေ့က ကျင်းပခဲ့ရာ လူ ၄၀၀၀ ကျော်ခန့် ပါဝင်လှုပ်ရှားခဲ့ကြောင်း တွေ့ရှိရသည်။ “၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး-ဒို့အရေး၊ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီသောအခြေခံဥပဒေများ ရေးဆွဲ ပြဌာန်းရေး-ဒို့အရေး၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့၏ ဆောင်ရွက်ချက်များအား ထောက်ခံမည်” စသည့် ကြွေးကျော်သံများဖြင့် တောင်းဆိုခြင်း ဖြစ်သည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း ၈ ခန်းကို ပုဒ်မ ၄၃၆