ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ မှ KNPP နုတ်ထွက်မည်ဟုဆို

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ မှ KNPP နုတ်ထွက်မည်ဟုဆို

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစုမှ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP နုတ်ထွက်ရန် ဆုံးဖြတ်ထားကြောင်း လွိုင်ကော်ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က မွန်သတင်းအေဂျင်စီကို ပြောသည်။ ခူညေးရယ်က “ကျနော်သိရသလောက်ကတော့ ပြီးခဲ့တဲ့ဗဟိုကော်မတီအစည်းအဝေးပေါ့၊ ဇန်နဝါရီလထဲမှာ လုပ်လာတုန်းကတော့ အဲဒီကိစ္စတော့ ဆုံးဖြတ်ချက်ရှိတယ်၊ အများဆန္ဒကတော့ ကျနော်တို့ထွက်ဖို့ရှိတယ်၊ ဒါပေမယ့် အဲဒီညီလာခံ(UNFC) လုပ်တဲ့အချိန်ကျမှ နုတ်ထွက်ရမယ်လေ”ဟု ပြောသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ဒုတိယအပတ်အတွင်း ကျင်းပခဲ့သော ခြောက်လပတ် KNPP ဗဟိုကော်မတီ အစည်းအဝေး၌ UNFC မှ နုတ်ထွက်ရန်

လက်ရှိ NCA လုပ်ငန်းစဉ်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံလမ်းကြောင်းမှ သွေဖယ်နေဟု PPST အဖွဲ့ခေါင်းဆောင် ပြောပြီ

လက်ရှိ NCA လုပ်ငန်းစဉ်သည် ဒီမိုကရေစီနှင့် ဖက်ဒရယ်အခြေခံလမ်းကြောင်းမှ သွေဖယ်နေဟု PPST အဖွဲ့ခေါင်းဆောင် ပြောပြီ

လက်ရှိနိုင်ငံရေးအခင်းအကျင်းအရ ရောက်ရှိနေသော NCA အကောင်အထည်ဖော်မှုလမ်းကြောင်းသည် မိမိတို့မျှော်မှန်းထားသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ အာမခံချက်အပြည့်အဝေရှိပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကိုရောက်ရှိစေမည့်လမ်းကြောင်းမှ သွေဖည်သွားပြီဖြစ်ကြောင်း ယနေ့ကျင်းပသော PPST အထူးအစည်းအဝေးတွင် အဖွဲ့ခေါင်းဆောင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။