ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးပါဝင်မှုနှင့် ခေါင်းဆောင်မှုမြင့်မားရေးဆိုင်ရာ ဆွေးနွေး

ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အမျိုးသမီးပါဝင်မှုနှင့် ခေါင်းဆောင်မှုမြင့်မားရေးဆိုင်ရာ ဆွေးနွေး

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA-S EAO ၏ အမျိုးသမီးခေါင်းဆောင်များ ဦးဆောင်ကျင်းပသော ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ပါဝင်မှုနှင့် ခေါင်းဆောင်မှုမြင့်မားရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ( တတိယအကြိမ်) ကို မတ်လ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပပြီးစီးခဲ့ကြောင်း သတင်းရရှိသည်။

မြိုင်ကြီးငူ စစ်ရှောင်စခန်းနေ ပြည်သူများ နေအိမ်ပြန်လည် ပြုပြင်ရန် ဖက်နှင့်ဝါး အမြန်လိုအပ်နေ

လှိုင်းဘွဲမြို့နယ်ရှိ မြိုင်ကြီးငူစစ်ပြေးရှောင်စခန်းတွင် (၂) နှစ်ကျော်ကြာ ခိုလှုံနေထိုင်နေရပြီး ယိုယွင်းပျက်စီး စပြုလာသည့် စစ်ဘေးရှောင်နေအိမ်များမှာ ပြန်လည်ပြင်ဆင်ရန် အိမ်မိုးဖက်နှင့် ဝါးများ အကူအညီ လိုအပ်လျက်ရှိသည်ဟု စခန်းတာဝန်ရှိသူများက ပြောသည်။ ပြီးခဲ့သည့် မိုးတွင်းကာလ အဆိုပါ စစ်ဘေးရှောင်စခန်းတွင် ရေကြီးမှုနှင့်ထပ်မံကြုံတွေ့ရသဖြင့် နေအိမ်များမှာ ခိုင်ခန့်မှုမရှိတော့ဘဲ အများစုမှာ အသစ်ပြန်ဆောက်ရမည့်အခြေအနေဖြစ်ပေါ်နေသည့်အတွက် အခုလို အကူအညီလိုအပ်ခြင်းဖြစ်ကြောင်း မြိုင်ကြီးငူစစ်ဘေးရှောင်စခန်း တစ်ခုဖြစ်သည့် အေးလင်းမြတ်ရှင်စခန်းမှ တာဝန်ရှိသူ စောရွှေထွန်းက ယခုလိုပြောသည်။ “မိုးဦးမကျခင် ဒီအချိန်မှာ အဆောက်အဦး ပြင်ရတော့မယ်။ အိမ်တိုင်းလိုလို အသစ်ပြန်ဆောက်ရမယ်။ ပြန်မ ဆောက်ရင်