Peace related headlines

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အပစ်ရပ်ဖို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ညွှန်ကြား ရခိုင်စစ်ကြောင့် ဒေသခံများစားဝတ်နေရေးပိုခက်ခဲ သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ် မိုင်းမုကျေးရွာအနီးတွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားကာ အမျိုးသားတဦး ကျည်ထိမှန်သေဆုံးသွားကြောင်း သတင်းရရှိ တိမ်ညိုစခန်းမှူး လုပ်ကြံခံရ AA ဒု-စစ်ဦးစီးချုပ်နဲ့ တွေ့ဆုံမေးမြန်းချက် ဗိုလ်ချုပ်ဂွမ်မော်နဲ့ RFA တွေ့ဆုံမေးမြန်းချက် ဦးဦးလှစောနှင့် ရခိုင်ပြည်နယ် အရေး တွေ့ဆုံမေးမြန်းချက် နုတ်ထွက်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေထဲက ၆၀ ဝန်းကျင် ပြန်လည်တာဝန်ထမ်းဆောင် စည်တောင်ကျေးရွာမှာ မတ် ၂၁ ရက်နေ့ညက ဖြစ်ပွားခဲ့တဲ့တိုက်ပွဲကြောင့်

ပြည်သူလူထုအား အကျိုးမပြုဘဲ အုပ်ချုပ်ပါက ဒီမိုကရေစီစနစ်နှင့် များစွာကွာခြားသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအား နိုင်ငံတော်သမ္မတ သတိပေး

ပြည်သူလူထုအား အကျိုးမပြုဘဲ အုပ်ချုပ်ပါက ဒီမိုကရေစီစနစ်နှင့် များစွာကွာခြားသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ်အစိုးရအား နိုင်ငံတော်သမ္မတ သတိပေး

နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ပထမအကြိမ် ကချင်ပြည်နယ်လူထုများနှင့်တွေ့ဆုံပွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ကို လိုလားသောပြုပြင်ပြောင်းလဲမှုအုပ်ချုပ်ရေးမှာ ‘တရားဥပဒေစိုးမိုးရေး’ ကို အထောက်အပံ့ပြုသည့် အုပ်ချုပ်ရေးစနစ်ဖြစ်စေလိုကြောင်းကို ပြောဆိုလိုက်ခြင်းဖြစ်ပါသည်။ အုပ်ချုပ်ရေးပိုင်းမှာ ပြည်သူလူထုကို အကျိုးမပြုဘဲ အုပ်ချုပ်မည်ဆိုရင် ဒီမိုကရေစီစနစ်နှင့် များစွာကွာခြားသွားမည်ဖြစ်ပြီး ပြည်သူလူထုကို ငြင်းပမ်းနိပ်စက်သလိုဖြစ်သွားနိုင်ကြောင်း တွေ့ဆုံပွဲတွင် သမ္မတကပြောဆိုခဲ့သည်။ “အုပ်ချုပ်ရေးပိုင်းမှာ မည်သူ့ကိုမဆို ငွေကြေး ရာထူး မျက်နှာမလိုက် တရားဥပဒေနဲ့အညီ အုပ်ချုပ်ရမယ်ဖြစ်တယ်။ ဒါဟာဆိုရင်တရားဥပဒေကို ထောက်ပံ့တဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တယ်။ နောက်တစ်ခုက ပြည်သူလူထုကို မျက်နှာမူတဲ့ အကျိူးပြုတဲ့ အုပ်ချုပ်ရေး ယန္တရားဖြစ်စေချင်တယ်။ ပြည်သူလူထုကို အကျိုးမပြုဘဲနဲ့ အုပ်ချုပ်မယ့် စနစ်ဆိုရင်

စတုတ္ထအကြိမ် ၂၁ရာစု ပင်လုံသို့ တင်ပြရန်ငြိမ်းချမ်းရေးအတွက် စာတမ်း(၃)စောင် UCCPF ရရှိထား

စတုတ္ထအကြိမ် ၂၁ရာစု ပင်လုံသို့ တင်ပြရန်ငြိမ်းချမ်းရေးအတွက် စာတမ်း(၃)စောင် UCCPF ရရှိထား

ပြည်ထောင်စုအဆင့် အရပ်ဖက်အဖွဲ့အစည်းများ၏ တတိယအကြိမ် ငြိမ်းချမ်းရေးဖိုရမ် (UCCPF) ကို မြစ်ကြီးနားမြို့တွင် ၃ရက်ကြာဆွေးနွေးခဲ့ရာ ငြိမ်းချမ်းရေးအတွက် အရေးပါသော စာတမ်း ၃စောင်ကို ပြုစုနိုင်ခဲ့သည်။ အရပ်ဖက်အဖွဲ့အစည်းများ သဘောတူပြုစုခဲ့ကြသော ငြိမ်းချမ်းရေးဖိုရမ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာစာတမ်း ၈၇ချက်၊ ဖက်ဒရယ်မူဝါဒဆိုင်ရာစာတမ်း ၉၁ချက်၊ မြေယာမူဝါဒ ၈၆ချက် စသောစာတမ်းများကို သဘောတူရရှိခဲ့ကြောင်း ငြိမ်းချမ်းရေဖိုရမ်ဖြစ်မြောက်ရေး ကော်မတီမှ ရှမ်းပြည်နယ်ကိုယ်စားပြု ဦးဝင့်ထည်ကောင်းမြတ် က ယနေ့ သတင်းစာရှင်းလင်းခဲ့သည်။ စာတမ်း ၃ခုကို ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJ)မှတဆင့် စတုတ္ထ အကြိမ် ပင်လုံညီလာခံသို့ တင်သွင်းသွားမည်ဖြစ်ပြီး ဖက်ဒရယ်စာတမ်းကိုတော့ ၎င်းကော်မတီမှ