ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မွန်ပြည်နယ် မြို့နယ်(၁၀)ခုမှ ပြည်သူ ၄၀၀၀ကျော် ပူးပေါင်းလှုပ်ရှား

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး မွန်ပြည်နယ် မြို့နယ်(၁၀)ခုမှ ပြည်သူ ၄၀၀၀ကျော် ပူးပေါင်းလှုပ်ရှား

မွန်ပြည်နယ် ၁၀ မြို့နယ်မှ လူထုများပါဝင်သော ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး ပြည်သူ့ဆန္ဒထောက်ခံပွဲကို မော်လမြိုင်မြို့၊ သံလွင်ဥယျာဉ်ပန်းခြံ၌ ယမန်နေ့က ကျင်းပခဲ့ရာ လူ ၄၀၀၀ ကျော်ခန့် ပါဝင်လှုပ်ရှားခဲ့ကြောင်း တွေ့ရှိရသည်။ “၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး-ဒို့အရေး၊ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီသောအခြေခံဥပဒေများ ရေးဆွဲ ပြဌာန်းရေး-ဒို့အရေး၊ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့၏ ဆောင်ရွက်ချက်များအား ထောက်ခံမည်” စသည့် ကြွေးကျော်သံများဖြင့် တောင်းဆိုခြင်း ဖြစ်သည်။ “ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခန်း ၈ ခန်းကို ပုဒ်မ ၄၃၆

မွန်ပြည်သစ် ထိန်းချုပ်ဒေသအတွင်း မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်သူများ ဆက်တိုက်ဖမ်းမိ

မွန်ပြည်သစ် ထိန်းချုပ်ဒေသအတွင်း မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်သူများ ဆက်တိုက်ဖမ်းမိ

မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ထိန်းချုပ်ရာဒေသနှင့်ဆက်စပ်လျက်ရှိသော ကြာအင်းဆိပ်ကြီး၊ မုဒုံနှင့် သံဖြူဇရပ်မြို့နယ်တို့၌ မတ်လပထမအပတ်မှစတင်ပြီး မူးယစ်ဆေးဝါးနှင့် ပြစ်မှုကျူးလွန်သူများအား ဆက်တိုက်ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။ မုဒုံမြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကြား ဆက်သွယ်ထားသော အဘစ်-ခလယ်တံခွန်တိုင်လမ်းမပေါ်ရှိ သရက်ပင်နေရာအနီးတဝိုက်တွင် မတ်လ ၁၉ ရက်နေ့က WY ဆေးပြား (၄၆၀) ကျော်၊ ဘိန်းစာရွက်များနှင့်အတူ လူငယ် ၈ ဦးကို မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ဖမ်းဆီးထိန်းသိမ်းမိသည်ဟု MNLA အမှတ် (၁) တပ်ရင်းမှူး ဒုတိယဗိုလ်မှုးကြီး ဂျလွန်းထောက မွန်သတင်းအေဂျင်စီသို့ ပြောသည်။ “လောလောဆယ် မူးယစ်ဆေးဝါးအမှု ကျူးလွန်တဲ့လူငယ်အယောက် ၄၀

ငါးပွင့်ဆိုင်တွင် အဖြေမရခဲ့သည့် ကယားပြည်နယ်မှ ကြေးရုပ်ကိစ္စအတွက် လေးပွင့်ဆိုင်ထပ်တွေ့မည်ဟုဆို

ငါးပွင့်ဆိုင်တွင် အဖြေမရခဲ့သည့် ကယားပြည်နယ်မှ ကြေးရုပ်ကိစ္စအတွက် လေးပွင့်ဆိုင်ထပ်တွေ့မည်ဟုဆို

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လဖောင်းရှို အပါအဝင် ပြည်နယ်စီမံဘဏ္ဍာဝန်ကြီးဦးမော်မော်နှင့် ဗိုလ်ချုပ်အောင် ဆန်းရုပ်တု ဖြစ်မြောက်ရေးကော်မတီတို့ကို နိုင်ငံရေး ရာဇဝတ်ကောင်များ၊ ကရင်နီအမျိုးသား သစ္စာဖောက်များ၊ တိုင်းရင်းသားသွေးစည်းချစ်ကြည်ရေး၏ ရန်သူများနှင့် ကျေးဇူးကန်းသူများအဖြစ် သတ်မှတ်ကြေညာကြောင်း ကရင်နီပြည်လူငယ်အင်အားစုခေါင်းဆောင်များက မတ်လ ၂၅ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။ လက်ရှိဝန်ကြီးချုပ်အပါအဝင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ဖြစ်မြောက်ရေးအတွက် ပါဝင်ကြိုးပမ်းသူများအနေဖြင့် ကရင်နီပြည်နှင့် ကရင်နီပြည်သူများ၏ သမိုင်းအား ဖျောက်ဖျက်ရန်ကြိုးပမ်းသူများအဖြစ် ရှုမြင်ခြင်းကြောင့် ယခုလို သတ် မှတ်ကြေညာလိုက်ရခြင်းဖြစ်သည်ဟု ကြေညာမှုတွက် ပါဝင်လက်မှတ်ရေးထိုးခဲ့သူ ခူးကြူးဖဲကေးက ကေအိုင်စီသို့ ပြောသည်။ “ကြေးရုပ်ဖြစ်မြောက်ရေး ကော်မတီနဲ့ ဦးအယ်လဖောင်းရှိုနဲ့ဦးမော်မော်တို့က ကျနော်တို့

ပြည်သူလူထုနှင့် ပိုမိုထိတွေ့ရန် ပြည်နယ်အစိုးရအား ကရင်အရပ်ဖက်အဖွဲ့အစည်းများ တိုက်တွန်း

ပြည်သူလူထုနှင့် ပိုမိုထိတွေ့ရန် ပြည်နယ်အစိုးရအား ကရင်အရပ်ဖက်အဖွဲ့အစည်းများ တိုက်တွန်း

အစိုးရနှင့် ပြည်သူလူထုတို့ ယခုထက် ပိုမိုထိတွေ့ဆက်ဆံပြီး အပြန်အလှန် ပူးပေါင်းပါဝင်ကြရန် လိုအပ် ကြောင်း ကရင်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ(Karen State Civil Society Organizations Network-KSCN)က ယနေ့(မတ်လ ၂၅ ရက်) အကြံပြု ပြောဆိုလိုက်သည်။ ဖားအံမြို့၊ ကန်သာယာအနီးရှိ တော်ဝင်ရတနာဟိုတယ်၌ ပြုလုပ်သည့် ပြည်သူ့ ဆက်ဆံရေးနှင့် ပြည်သူပူးပေါင်း ပါဝင်မှု၊ ကရင်ပြည်နယ်ရှိ ဒေသန္တရအုပ်ချုပ်ရေးနှင့် ရပ်ရွာလူထုများကို အားပေး မြှင့်တင်ခြင်း စာတမ်းမိတ် ဆက်ပွဲနှင့် ပြည်သူ့ဖိုရမ်တွင် ယခုလို ပြောဆိုလိုက်ခြင်းလည်းဖြစ်သည်။ KSCN အဖွဲ့ဝင်