နေရပ်စွန့်ခွာ ခါနန်စစ်ဘေးရှောင်များအားရှစ်လ ကြာသည့်တိုင် IDP အဖြစ် အစိုးရ အသိမှတ်မပြုသေးဟုဆို

နေရပ်စွန့်ခွာ ခါနန်စစ်ဘေးရှောင်များအားရှစ်လ ကြာသည့်တိုင် IDP အဖြစ် အစိုးရ အသိမှတ်မပြုသေးဟုဆို

မြစ်ကြီးနားမြို့ ပမ္မတီးရပ်ကွက်တွင် နေထိုင်သည့် စစ်ရှောင်များသည် စစ်ရှောင်အဖြစ် ၈လကျော် ကြာမြင့်လာပြီဖြစ် သော်လည်း ယနေ့ချိန်ထိ ပြည်နယ်အစိုးရ၏ တရားဝင်စစ်ရှောင်အဖြစ် အသိအမှတ်မခံရသေးကြောင်း ပမ္မတီးရပ်ကွက်တွင် နေထိုင်သည့် ခါနန်စစ်ရှောင်များက ဆိုသည်။ စစ်ရှောင်စခန်း တာဝန်ခံ Slg. Maji Doi Awng (ဆလန် မဂျီဒွဲအောင်) က “တစ်ချို့ တွေကြားနေရတယ် ကျနော်တို့ကို စစ်ရှောင်အတုဆိုပြီး ပြောနေကြတာတွေကို ဆက်ပြီးမလုပ်ပေးဖို့ တောင်းဆိုချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ကို နမ္မတီးမှာနေတုန်းက အားလုံးထောက်ပံ့ပေးတယ်။ အားလုံး အသိအမှတ်ပြုတယ်။ ခုဒီမှာနေလာနေတဲ့သူတွေက ဟိုကနေ

ရခိုင်ဒေသ တပ်မတော်ထိုးစစ်ဆင်နေမှုများ ရပ်ဆိုင်းပေးရန် နိုင်ငံတကာ ကရင်အဖွဲ့ တောင်းဆို

အစိုးရနှင့် မြန်မာ့တပ်မတော်တို့အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့် ရခိုင်ပြည်နယ်တွင် စစ်ဆင်ရေးအတွက် ပို့ထားသောတပ်များကို ရုပ်သိမ်းပြီး ရခိုင့်တပ်မတော်-AAအပေါ် ထိုးစစ်ဆင်နေမှုများကို ချက်ချင်းရပ်ဆိုင်းပေးရန် နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKOက မတ်လ ၂၆ရက် တွင် သဘောထား ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။ အစိုးရ တပ်မတော် အနေဖြင့် AA ကို ထိုးစစ်ဆင် တိုက်ခိုက်မှုများပြုရာတွင် ရခိုင်ပြည်သူ အရပ်သားများ အပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေမှုများရှိနေခြင်းကြောင့် IKO အနေဖြင့် အပြင်းအထန် ရှုတ်ချကြောင်း ထုတ်ပြန်ချက်၏ ပြောရေးဆိုခွင့်ရှိသူ စောနစ်ကီက ယခုလို ပြောသည်။