နှစ်ဖက်တင်းမာမှုများ ဖြေလျှော့နိုင်မှ ယုံကြည်မှုတည်ဆောက်နိုင်မည်ဟု JMC–U ဒုဥက္ကဌ ပြော

နှစ်ဖက်တင်းမာမှုများ ဖြေလျှော့နိုင်မှ ယုံကြည်မှုတည်ဆောက်နိုင်မည်ဟု JMC–U ဒုဥက္ကဌ ပြော

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နှစ်ဖက်တပ်များ တင်းမာမှုအခြေအနေများ ကို ဖြေလျှော့နိုင်မှသာ ယုံကြည်မှုတည်ဆောက်နိုင်မည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ(JMC_U) ဒုတိယ ဥက္ကဌ(၂) သူရဦးဘိုနီက ကေအိုင်စီသို့ ပြောသည်။ ဖားအံမြို့၊ ဇွဲကပင် သဘာဝဟိုတယ်၌ ယမန်နေ့( မတ် ၃ဝရက်)က JMC မှ ဦးဆောင်ပြုလုပ်သည့် ̔ ပစ်ခတ်တိုက်ခိုက်မှှု ရပ်စဲ ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွင်း ယုံကြည်မှှုတည်ဆောက်ခြင်း၏ အရေးကြီးသော အခန်းကဏ္ဍ ပညာရှင်များ စကားဝိုင်း̕ တွင် ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။ “ငြိမ်းချမ်းရေးယူပြီး

မူးယစ်ဆေးဝါးဖမ်းဆီးမှုသည် ပြည်သူလူထုအကျိုးစီးပွား မထိခိုက်ဟု နိုင်ဟံသာ ပြောပြီ

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးဝါးဖမ်းဆီးမှုသည် ပြည်သူလူထု၏အကျိုးစီးပွားကို ထိခိုက်စေသည့်လုပ်ရပ်မဟုတ်သည်ကို သိစေလိုကြောင်း မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက မွန်သတင်းအေဂျင်စီနှင့် ယမန်နေ့ တွေ့ဆုံမေးမြန်းခန်းတစ်ရပ်တွင် ပြောကြားလိုက်သည်။ မုဒုံမြို့နယ် အဘစ်-ခလယ်တံခွန်တိုင်ကားလမ်းမပေါ်၌ မူးယစ်ဆေးဝါးနှင့် လက်ဝယ်ကိုင်ဆောင်သူ ၈ ဦးတို့အား မွန်ပြည်သစ်ပါတီတပ်ဖွဲ့ နယ်မြေကျော်လွန်ဖမ်းဆီးခဲ့သည်ဟုဆိုကာ မတ်လ ၂၂ နေ့က မွန်ပြည်နယ်အစိုးရ ကန့်ကွက်စာရေးသားပေးပို့ခဲ့ခြင်း ဖြစ်သည်။ “ကျနော်တို့တပ်ဖွဲ့ဝင်တွေ မူးယစ်ဆေးဝါးဖမ်းဆီးတာကို ပြည်နယ်အစိုးရကန့်ကွက်တယ်လို့ ကြားသိရတယ်၊ ကျနော့်အမြင်အရ ခုလိုမူးယစ်ဆေးဝါးဖမ်းဆီးတဲ့ကိစ္စဟာ ပြည်သူလူထုရဲ့ အကျိုးစီးပွားတွေကို ထိခိုက်ပျက်ပြားစေတာမဟုတ်ဘူး၊ တကယ်ဆိုရင် ကျေးဇူးတင်စကားတောင် ပြောပေးသင့်တယ်” ဟု နိုင်ဟံသာက