Peace related headlines

MIPS report says inter-ethnic fighting fiercer than fighting with Tatmadaw Nighttime Curfew Imposed in Five Townships in Myanmar’s Rakhine State မြန်မာ့ငြိမ်းချမ်းရေး နောက်ဆုတ်နေသလား လက်နက်ကြီးပေါက်ကွဲလို့ ဖက်ဝန်းချောင်းရွာသားနှစ်ဦး ဒဏ်ရာရ ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးဆိုင်ရာ သုံးသပ်ချက်အစီရင်ခံစာ ထုတ်ပြန် “AA သောင်းကျန်းသူ” လို့မသုံးဖို့ သတင်းမီဒီယာတချို့ ခြိမ်းခြောက်ခံရ ဆုထူးစံကုမ္ပဏီဝန်ထမ်း ၈ ဦးကို AA ဖမ်းဆီး

၂၀၁၈အတွင်း မြို့နယ် ၅၀တွင် လက်နက်ကိုင်ထိတွေ့မှု အကြိမ် ၄၉၀ ရှိကြောင်း MIPS ထုတ်ပြန်

၂၀၁၈အတွင်း မြို့နယ် ၅၀တွင် လက်နက်ကိုင်ထိတွေ့မှု အကြိမ် ၄၉၀ ရှိကြောင်း MIPS ထုတ်ပြန်

ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျု (MIPS) ၏ မြို့နယ်အဆင့် ပဋိပက္ခ စောင့်ကြည့်လေ့လာရေးစနစ် အချက်အလက်များအရ ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀) ခုရှိ မြို့နယ်ပေါင်း (၅၀) တွင် လက်နက်ကိုင် ထိတွေ့မှု (Armed Clash) ၄၉၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဖော်ပြသည်။ အဆိုပါ ၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာ မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ မီလီယာဟိုတယ်၌ ၂၀၁၉ ခုနှစ် ဧပြီလ

KNUနယ်မြေအတွင်း ဖောက်လုပ်နေဆဲ ကားလမ်းအား ဆက်လုပ်မည်ဟု တပ်မတော် ထုတ်ပြန်

KNUနယ်မြေအတွင်း ဖောက်လုပ်နေဆဲ ကားလမ်းအား ဆက်လုပ်မည်ဟု တပ်မတော် ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် သံဘို-မူသဲ- ဘော်စဲခို- ပလာခို့- ယွန်းစလင်းဖွံ့ဖြိုးရေးလမ်းပေါ်ရှိ မူသဲ တံတားဆောက်လုပ်နေမှုနှင့် လမ်းဖောက်လုပ်မှုများအား နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ ဝက်ဆိုဒ်တွင် မတ်လ ၃၁ ရက်နေ့ ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။ မြန်မာ့တပ်မတော်မှ လုပ်ဆောင်နေသည့် အဆိုပါ လမ်းဖောက်လုပ်နေမှုများနှင့်ပတ်သက်ပြီး ကေအဲန်ယူ-ကရင် အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်နှင့်ဒေသခံအချို့၏ ကန့်ကွက်မှုများရှိနေသည့်အတွက် နှစ်ဖက်ညှိ နှိုင်းမှုများရှိခဲ့သော်လည်း ယနေ့အထိတစ်စုံတရာ ပြေလည်မှုမရှိသေးသည့် လမ်းဖောက်လုပ်မှုစီမံကိန်းလည်း ဖြစ်သည်။ တောင်ပိုင်းစစ်ဌာနချုပ် ပြောခွင့်ရ ဗိုလ်မှူးကြီးမျိုးအောင်က“ ဒီလမ်းက ဘတ်ဂျက်လည်းကျထားပြီးသား၊ ပြီး တော့ဒေသဖွံ့ဖြိုးရေးအတွက်