Peace related headlines

ရခိုင်စစ်ရှောင်ဒုက္ခသည်တွေ သောက်သုံးရေ ပြတ်လပ် ရခိုင်အရပ်သားတချို့ ညမထွက်ရအမိန့် ချိုးဖေါက်မှု၊ အစိုးရကို အသရေဖျက်မှုတို့နဲ့ တရားစွဲခံရ ဖွဲ့စည်းပုံ ပြင်ဆင်ရေးထောက်ခံပွဲကို သံဃာတချို့နဲ့ လူပုဂ္ဂိုလ်တချို့ ကန့်ကွက် နှောင့်ယှက် တပ်မတော်နဲ့ AA တိုက်ပွဲပြင်းထန်၊ ဒေသခံ ၄၀၀ ခန့် ဘူးသီးတောင်မြို့ပေါ်ကို တိမ်းရှောင်လာ ရခိုင်က စစ်ရှောင်တွေကို ကူညီရာမှာ ပြည်နယ်အစိုးရ ခွင့််ပြုချက်နဲ့သာ ထောက်ပံ့ဖို့ ညွှန်ကြား Myanmar Military Acknowledges Deadly Helicopter Attacks on Rohingya Villagers တိုက်ပွဲများကြောင့်

အဖမ်းဆီးခံ ABSDFရဲဘော် (၃)ဦးအား ၁၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး

အဖမ်းဆီးခံ ABSDFရဲဘော် (၃)ဦးအား ၁၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေး

မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နှင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်းဒေသ၏ ဒုတိယ တာဝန်ခံ ကိုအောင်ဆွေဦး အပါအဝင် ၃ဦးအမှုကို ဧပြီလ ၄ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။ အဆိုပါ ၃ ဦးအား ကချင်ပြည်နယ်၊ မိုးညှင်းမြို့တရားရုံးတွင် ၄ ရက်ဆက်တိုက်ရုံးထုတ်ပြီး ဧပြီလ ၄ ရက်နေ့တွင် ABSDF ဥက္ကဋ္ဌ ရဲဘော် သံခဲအပါဝင် ၃ ဦးကို တရားခံပြသက်သေအဖြစ် စတင်စစ်ဆေးခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့ ဒီ

စစ်ရှောင်ခေါ်ထုတ်ရေး ကြိုးပမ်းသူ ဆရာမ နန်ပူ အကျဉ်းထောင်မှ လွတ် မြောက်လာ

စစ်ရှောင်ခေါ်ထုတ်ရေး ကြိုးပမ်းသူ ဆရာမ နန်ပူ အကျဉ်းထောင်မှ လွတ် မြောက်လာ

ကချင်ပြည်နယ် တိုက်ပွဲဖြစ်ပွားသောနေရာများမှ စစ်ပြေးပြည်သူများ ခေါ်ထုတ်ရေး လူထုဆန္ဒပြပွဲ ဦးဆောင်ပြုခဲ့မှုကြောင့် ဖမ်းဆီး ထောင်ချခြင်း ခံရသူ လူငယ်ခေါင်းဆောင် (၃)ဦးအနက် Saranum Nbau Nang Pu (ဆရာမ နန်ပူ) ဧပြီလ ၅ ရက်နေ့ က မြစ်ကြီးနား အကျဉ်းထောင်က ထွက်လာပြီဖြစ်သည်။ ယခုလိုလွတ်မြောက်လာသော်လည်း သူမနှင့်အတူ တရက်တည်း တချိန်တည်းမှာ ဖမ်းဆီးထောင်ချခြင်းခံရသည့် ဦးလွမ်းဇောင်း နှင့် ဦးဇော်ဂျတ် သည် လွတ်လာခြင်း မရှိသောကြောင့် စိတ်မကောင်းဖြစ်နေကြောင်း Nang Pu က ကချင်သတင်းဌာန

ကချင်ဒုက္ခသည်များအတွက် ပထမဆုံး ဂျပန် အကူညီ လက်ခံရရှိ

ကချင်ဒုက္ခသည်များအတွက် ပထမဆုံး ဂျပန် အကူညီ လက်ခံရရှိ

ပထမဆုံး ဂျပန်အစိုးရ လူမှုဖွံ့ဖြိုးရေးအကူညီပေးအဖွဲ့ The Nippon Foundation ၏ ကချင်စစ်ပြေးဒုက္ခသည်များအတွက်ပေးသော အကူညီ ဒေါ်လာ ၃သိန်းကို ဧပြီလ ၄ရက် တွင် လက်ခံရရှိကြောင်း ကချင်စစ်ပြေးဒုက္ခသည်ကူညီရေးကော်မတီ (KHCC) က ဆိုသည်။ ဒုက္ခသည်အကူညီငွေကို မြစ်ကြီးနားမြို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရုံးသို့ The Nippon Foundation ဝန်ထမ်းများ လာရောက် ပေးအပ်ခဲ့ခြင်းဖြစ်သည်။ “ဒီရရှိတဲ့အလှူငွေတွေကို အစိုးရထိန်းချုပ်နယ်မြေက စစ်ရှောင်တွေနဲ့အစိုးရထိန်းချုပ်မှုပြင်ပက စစ်ရှောင်တွေ နောက်ပြီးနေရပ်ပြန်စစ်ရှောင်များဖြစ်စေ၊ မပြန်သေးတဲ့စစ်ရှောင်များဖြစ်စေ တကယ်လိုအပ်တဲ့နေရာတွေမှာ အသုံးပြုသွားမှာပါ” ဟု KHCC

ငြိမ်းချမ်းရေးမဟာဗျူဟာ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ မွန်ပြည်သစ်ပါတီ ပြုလုပ်

ငြိမ်းချမ်းရေးမဟာဗျူဟာ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ မွန်ပြည်သစ်ပါတီ ပြုလုပ်

ငြိမ်းချမ်းရေးမဟာဗျူဟာ ချမှတ်နိုင်ရေးအတွက် မွန်ပြည်သစ်ပါတီအနေဖြင့် အခြားသောမွန်အဖွဲ့အစည်းများနှင့် အလုပ်ရုံဆွေးနွေးပွဲတရပ်ကို မော်လမြိုင်မြို့၌ ဧပြီလ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် ၂ ရက်တာ ကျင်းပခဲ့သည်။ “ဒီပွဲကနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အထောက်အကူပြုဖို့ပါပဲ။ မွန်အသိုင်းအဝိုင်းက Peace Process နဲ့ပါဝင်ပတ်သက်နေတဲ့ မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးပါတီတွေ၊ CSO တွေနဲ့ တွေ့ဆုံပြီး Strategy ထွက်လာဖို့ပါ” ဟု မွန်ပြည်သစ်ပါတီမှ ဖွဲ့စည်းထားသော အထောက်အကူပြုအဖွဲ့ Technical Assistance Team မှ မင်းအောင်ထူးက ပြောသည်။ အဆိုပါဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ၊

ငြိမ်းချမ်းရေးတွင် ပိုမိုပါဝင်နိုင်ရေး စွမ်းရည်မြှင့်တင်ထားရန် ကရင်အမျိုးသမီးထုအား KNU အမျိုးသမီးခေါင်းဆောင် တိုက်တွန်း

ငြိမ်းချမ်းရေးတွင် ပိုမိုပါဝင်နိုင်ရေး စွမ်းရည်မြှင့်တင်ထားရန် ကရင်အမျိုးသမီးထုအား KNU အမျိုးသမီးခေါင်းဆောင် တိုက်တွန်း

ငြိမ်းချမ်းရေး ဖြစ်စဉ်၏ အရေးကြီးသည့် အခန်းကဏ္ဍများတွင် ကရင်အမျိုးသမီးထုများ ပိုမိုပါဝင်လာရန် မိမိစွမ်း ရည်ကို မြှင့်တင်ထားရန်လိုအပ်ကြောင်း ဧပြီလ ၅ရက် တွင် ကျရောက်သည့် ကရင်အမျိုး သမီးအစည်း အရုံး-KWO၏ ဖွဲ့စည်းတည်ထောင်ခြင်း ၃၄ နှစ်မြောက်နေ့တွင် KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုနော်ဒါးဒါးက တိုက်တွန်းလိုက်သည်။ ကရင်အမျိုးသမီးထုများအနေဖြင့် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးဖြစ်စဉ်များတွင် ပါဝင်ခွင့်အတိုင်းအတာ တစ်ခုအထိ ရရှိထားသော်လည်း အဓိကကျသည့် အခန်းကဏ္ဍများတွင် ယခုထက် ပိုမိုပါဝင်နိုင်ရန် လိုအပ် ကြောင်း ပိုင်ကျုံမြို့နယ်၊ နော်ဒဲကျေးရွာတွင် ပြုလုပ်ကျင်းပသည့် KWO

ကလေးငယ်သုံးဦး အပါအဝင် အရပ်သား ၈ဦးကိုပစ်သတ်ခဲ့သော တပ်မတော်သားနှစ်ဦးအား ဖမ်းဆီး

ကလေးငယ်သုံးဦး အပါအဝင် အရပ်သား ၈ဦးကိုပစ်သတ်ခဲ့သော တပ်မတော်သားနှစ်ဦးအား ဖမ်းဆီး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းရွာတွင် ဧပြီ ၅ရက် နံနက် ၃နာရီခွဲ အချိန်ခန့်က ကလေးငယ်သုံးဦး အပါအဝင် အရပ်သား ၈ဦးကို ပစ်သတ်ခဲ့သော တပ်မတော်သားနှစ်ဦးအား ဖမ်းဆီးအရေးယူထား ပြီဖြစ်ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ဧပြီလ ၆ရက်တွင် အတည်ပြုပြောဆိုသည်။ လူသတ်မှုတွင် ပါဝင်သော အနန်းကွင်းဗျူဟာ၌ တာဝန်ကျသည့် ခမရ-၃၃၉မှ တပ်သား မောင်မြင့်ဝေအား ကရင်အမျိုး သားအစည်းအရုံး၊ လက်အောက်ခံ KNPF-ကရင်အမျိုးသားရဲတပ်ဖွဲ့က ဧပြီ ၅ရက် နံနက် ၆နာရီခန့်တွင် လွတ်ရှမ်းလုံ ခြုံရေးဂိတ်၌ ဆိုင်ကယ်တစ်စီးဖြင့် ဖမ်းမိပြီး