Peace related headlines

Fighting in Rakhine State Claims Myanmar Officer, as Many as 20 Soldiers ‘Kyaukphyu BRI Projects a Bigger Threat Than Myitsone’ Journalist and author Bertil Lintner ဆုထူးစံဝန်ထမ်း ၈ဦးကို AA ဖမ်းဆီးထားဆဲ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အရာရှိတွေ အစည်းအဝေး အချက် ၁၁ ချက် သဘောတူ ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးကော်မတီ လုပ်ငန်းစတင် အရာရှိတစ်ဦး

အနာဂတ်ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာဆွေးနွေးပွဲ ဖားအံတွင် ပြုလုပ်

အနာဂတ်ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာဆွေးနွေးပွဲ ဖားအံတွင် ပြုလုပ်

ကရင်အပါအဝင် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့် အရပ်ဖက်အဖွဲ့ အစည်း လူငယ်ခေါင်းဆောင်များ ပါဝင်သည့် အနာဂတ်ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ အသိပညာ ဖလှယ်ဆွေး နွေးမှုတစ်ခုကို တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့မှဦးဆောင်၍ ဖားအံမြို့တွင် ဧပြီလ ၈ရက်နှင့် ၉ ရက်နေ့အထိ နှစ်ရက် တာပြုလုပ်ခဲ့သည်။ အနာဂတ်တွင် တည်ဆောက်လိုသည့် ပြည်ထောင်စုပုံစံအတွက် ဝိုင်းဝန်းစဉ်းစားချက်များရယူ၍ လာမည့် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက် တိုင်းရင်းသားပါတီများအနေဖြင့် ပြင်ဆင်မှုပြုနိုင်ရန်နှင့် လက်ရှိဖွ့ဲစည်းပုံ ပြင်ဆင်မှု ဆိုင်ရာ နည်းလမ်းကောင်းများ ရရှိနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်ဟု ဆွေးနွေးပွဲကိုဦးဆောင် စီစဉ်သူ စောထွန်းထွန်းက ကေအိုင်စီသို့ ပြောသည်။