ရှမ်းမြောက်ဒေသ တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေ

တပ်မတော်၏ လေးလကြာ တဖက်သတ်ထိုးစစ်ရပ်ထားမှု ကုန်ဆုံးရန် အချိန်တစ်ပတ်ကျော်အလိုမှ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ရိုင်အတွင်း တပ်မတော်စစ်ကြောင်း နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေပါသည်။ Mungbaw (မုန်ဘော်)ကျေးရွာပတ်ဝန်းကျင် Kai Dwi Bum (ကိုင်ဒွေးဘွမ်)တောင်တွင် KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) တပ်ဖွဲ့ နှင့် မြန်မာစစ်တပ် တပ်မ (၉၉) စစ်ကြောင်းတို့ စနေနေ့ကတည်းက ယနေ့ သုံးရက်တိုင် ဆက်လက် တိုက်ပွဲ ဖြစ်ပွားနေခြင်းဖြစ်သည်။ “ဒီကနေ့

ရှမ်းမြောက်ဒေသ ဧပြီ ၂၀ရက်တွင် တပ်မတော်နှင့် KIA တိုက်ပွဲထပ်ဖြစ်

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုန်ဘော်ကျေးရွာအနီး မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်း တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပါသည်။ KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၃၆) နှင့် အစိုးရ တပ်မ (၉၉)စစ်ကြောင်းကြား Man Pin (မံပင်း)ရွာထိပ်မှာ နံနက် ၈ နာရီခန့်က တိုက်ပွဲတစ်ကြိမ်နှင့် ၎င်းနောက် ၉ နာရီခန့်မှ ယခုချိန်ထိ ဖြစ်ပွားနေကြောင်း KIA တပ်မဟာ (၆)

ရှမ်းမြောက်ဒေသ ဧပြီ ၁၈ရက်တွင် တပ်မတော်နှင့် KIA တိုက်ပွဲဖြစ်ပွား

ရှမ်းမြောက်ဒေသ ဧပြီ ၁၈ရက်တွင် တပ်မတော်နှင့် KIA တိုက်ပွဲဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း မြန်မာအစိုးရတပ် စစ်ကြောင်းများနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ကြား ဧပြီလ ၁၈ ရက် နံနက်ပိုင်းမှ မွန်းလွဲပိုင်း ၄ နာရီခန့်ထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြောင်း ဒေသခံများဆိုပါသည်။ KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၉) စခန်းရှိရာ Dima (တီမာ)၊ Manjang (မန်ဂျန်) ကျေးရွာဟောင်း သို့ အစိုးရစစ်ကြောင်းများ စစ်ဆင်လှုပ်ရှားလာသောကြောင့် ခုခံတိုက်ခိုက်ရာမှ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်လာကြောင်း နာမည်မဖော်လိုသူ KIA တပ်မဟာ (၆)

တိုင်းရင်းသားတပ်များ အင်အားတိုးချဲ့လာပါက ငြိမ်းချမ်းရေးပို၍အလှမ်းဝေးသွားနိုင်ဟု နိုင်ဟံသာပြော

တိုင်းရင်းသားတပ်များ အင်အားတိုးချဲ့လာပါက ငြိမ်းချမ်းရေးပို၍အလှမ်းဝေးသွားနိုင်ဟု နိုင်ဟံသာပြော

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော်UWSP/UWSA ကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ စစ်အင်အားတိုးချဲ့လာပါက ငြိမ်းချမ်းရေး ပို၍အလှမ်းဝေးသွားနိုင်ကြောင်း ပန်ဆန်းမြို့သို့ရောက်ရှိနေသည့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက သတင်းထောက်များကို ပြောကြားခဲ့သည်။ နိုင်ဟံသာက “ UWSA စစ်အင်အားပြနိုင်တော့ သူတို့အပေါ် အစိုးရဘက်က ဘာမှလွှမ်းမိုးနိုင်တဲ့ပုံစံတွေ မရှိဘူးပေါ့ဗျ၊ အခြားအဖွဲ့တွေမှာလည်း အဲလိုအမြင်မျိုးရှိသွားရင် သူတို့(EAOs) ကလည်း သူတို့ တပ်အင်အားကြီးမားအောင် တည်ဆောက်လာရင် ကျနော်တို့နိုင်ငံက ပိုပြီးတော့မှ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးသွားနိုင်တယ်” ဟု ဆိုသည်။ ဧပြီလ ၁၇ ရက်နေ့က ပန်ဆန်းမြို့၌ ကျင်းပခဲ့သော “ဝ”ဒေသ

ဖွံ့ဖြိုးရေးသုံးယန္တရားများ မွန်ပြည်သစ်ပါတီသို့ နိပွန်ဖောင်ဒေးရှင်းမှ ပေးအပ်မည်

ဖွံ့ဖြိုးရေးသုံးယန္တရားများ  မွန်ပြည်သစ်ပါတီသို့ နိပွန်ဖောင်ဒေးရှင်းမှ ပေးအပ်မည်

ဂျပန်နိုင်ငံ၊ နိပွန်ဖောင်ဒေးရှင်းမှ မွန်ပြည်သစ်ပါတီသို့ ဖွံ့ဖြိုးရေးသုံးယန္တရားများ ပေးအပ်မည့်အခမ်းအနားကို ရေးမြို့နယ် ပုပ္ဖဝတီရွာ ကိုရင်လေးကျောင်းတိုက်၌ လာမည့်ဧပြီလ ၂၅ ရက် နံနက် ၉ နာရီခွဲအချိန်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။ အခမ်းအနားသို့ နိပွန်ဖောင်ဒေးရှင်း(သို့မဟုတ်) မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးတက်ရောက်မည်ဖြစ်ပြီး ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဌလည်း တက်ရောက်အမှာစကားပြောကြားမည်ဟု အခမ်းအနားအစီအစဉ်အရ သိရသည်။ ထို့အတူ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်သစ်ပါတီဥက္ကဌနှင့် ဒုဥက္ကဌတို့ အခမ်းအနားတွင် တက်ရောက်နှုတ်ခွန်းဆက်စကား ပြောကြားကြမည် ဖြစ်သည်။ နိပွန်ဖောင်ဒေးရှင်းမှ မွန်ပြည်သစ်ပါတီထံသို့ ယာဉ်ယန္တရားဆိုင်ရာစာရွက်စာတမ်းများနှင့် အမှတ်တရဓါတ်ပုံရိုက်ကူးခြင်းဖြင့် နံနက် ၁၁ နာရီခွဲအချိန်