အာရှလမ်းအတွက် ထိခိုက်နစ်နာသူများအားလျော်ကြေးပေးရာတွင် ညှိုနှိုင်းမှုမရှိခဲ့ဟု ဒေသခံများပြောဆို

အာရှလမ်းအတွက် ထိခိုက်နစ်နာသူများအားလျော်ကြေးပေးရာတွင် ညှိုနှိုင်းမှုမရှိခဲ့ဟု ဒေသခံများပြောဆို

အိန္ဒု-ကော့ကရိတ် အာရှလမ်းမစီမံကိန်း ဖောက်လုပ်ရာတွင် လမ်းဘေးနားရှိ ထိခိုက်နစ်နာသည့် ဒေသခံများအတွက် လျော်ကြေးပေးရာတွင် ညှိနှိုင်းမှုမရှိဘဲ သတ်မှတ်ထားသည့် လျော်ကြေးဈေးနှုန်းသာ ပေးခဲ့သည်ဟု ထိခိုက်နစ်နာသည့် ခြံရှင်များက ပြောသည်။ အဆိုပါ ထိခိုက်နစ်နာသူများအား လျော်ကြေးများပေးရာတွင် ပေးချေမည့် ဈေးနှုန်းနှင့်ပတ်သက်၍ ညှိနှိုင်းမှုမ ရှိသောကြောင့် လယ်၊ ခြံ၊ မြေ ထိခိုက်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်သည်ဟု ပြောဆိုမှုများ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ “ကျနော်တို့ လယ်က အခုကာလပေါက်ဈေးနဲ့ရောင်းရင် သူတို့ပေးတဲ့ဈေးထက် နှစ်ဆကျော်မယ်။ အခုသူတို့ ပေး တဲ့လျော်ကြေးက နည်းနည်းပဲ။ နောက်တစ်ခုက လျော်ကြေးဘယ်လောက်ပေးမလဲဆိုတာ