နမ္မတူမြို့နယ်အတွင်း တပ်မတော် နှင့် KIA ကြား တိုက်ပွဲ ဖြစ်ပွား

နမ္မတူမြို့နယ်အတွင်း တပ်မတော် နှင့် KIA ကြား တိုက်ပွဲ ဖြစ်ပွား

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား ဧပြီ ၂၅ ရက် နံနက်ပိုင်းမှ တိုက်ပွဲ စတင်ဖြစ်ပွားလာကြောင်း ဒေသခံများမှ သိရသည်။ နမ္မတူမြို့တောင်ဘက် KIA တပ်မဟာ (၄) လက်အောက် တပ်ရင်း(၈) နယ်မြေကို တပ်မတော် တပ်မ (၉၉) စစ်ကြောင်း နမ္မတူမြစ် (မြစ်ငယ်မြစ်)ကူးဝင်လာခြင်းကြောင့် KIA တပ်ရင်း(၈) ခုခံတိုက်ခိုက်ရာမှ အချိန် ၁နာရီကျော် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။ “နမ္မတူမြစ်တဖက်ကမ်း KIA တပ်ရင်း(၈) စစ်သင်တန်းကျောင်းရှိရာသို့ တပ်မ (၉၉)စစ်ကြောင်း

မွန်ပြည်သစ်ပါတီ ဖမ်းဆီးမိသော မူးယစ်ဆေးဝါးလက်ဝယ်ကိုင်ဆောင်သူ ၈ ဦးအနက် တပ်မိသားစုဝင် တစ်ဦးပါ၀င်​နေ

မွန်ပြည်သစ်ပါတီ ဖမ်းဆီးမိသော မူးယစ်ဆေးဝါးလက်ဝယ်ကိုင်ဆောင်သူ ၈ ဦးအနက် တပ်မိသားစုဝင် တစ်ဦးပါ၀င်​နေ

မုဒုံမြိုံ့နယ် အဘစ်-ခလယ် တံခွန်တိုင်ကားလမ်းမပေါ်၌ ပြီးခဲ့သည့်မတ်လအတွင်း မွန်ပြည်သစ်ပါတီ ဖမ်းဆီးထိန်းသိမ်းခဲ့သော မူးယစ်ဆေးဝါးလက်ဝယ်ကိုင်ဆောင်သူ ၈ ဦးအနက် တပ်မတော်မိသားစုဝင်တစ်ဦးကို မုဒုံမြို့မရဲစခန်းသို့ ဧပြီ ၂၅ ရက္ နံနက်ပိုင်းတွင် လွှဲပြောင်းပေးအပ်လိုက်ကြောင်း တွေ့ရှိရသည်။ ကမာဝက်မြို့အခြေစိုက် ခမရ ၂၀၉ မှ တပ်မိသားစုဝင် “အာကြီး” (အသက် ၂၂ နှစ်) နှင့်အတူ သက်သေခံ စိတ်ကြွဆေးပြား ၁၁၆ ပြားကိုလည်း မုဒုံမြို့ မွန်ပြည်သစ်ပါတီ ဆက်ဆံရေးရုံးမှတဆင့် ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးခြင်း ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ မုဒုံမြို့နယ်ဥက္ကဌ နိုင်ရာဇာက