▣ ရက်သတ်မှတ်ချက် - ၁ ဖေဖော်ဝါရီ ၂၀၂၁ မှ ၂၁ အောက်တိုဘာ ၂၀၂၆

0

စစ်ရေးပဋိပက္ခဖြစ်စဉ်များ

0

လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များ

0

စစ်ဘေးရှောင်ပြည်သူ အရေအတွက်

0

ငြိမ်းချမ်းရေးဆိုင်ရာ အစည်းအဝေးများ
မြန်မာ့စစ်ရေးပဋိပက္ခအရွေ့အဟုန်အား
ပြောပြနေသောကိန်းဂဏန်းများ

အချက်အလက်မှတ်များလေ့လာရန် →

မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (MPM) သည် မြန်မာနိုင်ငံတဝှမ်းရှိ လွတ်လပ်သောတိုင်းရင်းမီဒီယာ (၁၅)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာမြန်မာ့သတင်း (BNI) ၏ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာ ဖြစ်စဉ်ဖြစ်ရပ်များ၊ အချက်အလက်များကို စောင့်ကြည့်မှတ်တမ်းတင်ရေးနှင့် ခွဲခြမ်းလေ့လာရေးလုပ်ငန်းအစီအစဉ်တစ်ခု ဖြစ်သည်။

ပိုမိုဖတ်ရှုရန်

Latest Publications

Access the newest conflict analysis, data reviews, and reference guides in a cleaner modern layout.

23 Oct 2026 အပတ်စဉ်သုံးသပ်ချက်
အပတ်စဉ်သုံးသပ်ချက် – အမှတ် ၂၀၆/၂၀၇ “စစ်အုပ်စုအတွက် ‌တိုက်တွန်းချက်၊ တရုတ်အစိုးရ၏ မျှော်လင့်ချက်နှင့်...

တချို့က တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံဟု သရော်ကြသည်။ တချို့ကတော့ မြန်မာနိုင်ငံသည် တရုတ်လက်ခုတ်ထဲကရေဟု သမုဒ်ကြသည်။ ယင်းတို့အားလုံးသည် မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရ၏ လွှမ်းမိုးစွက်ဖက်ခြင်းကို သွယ်ကာဝှိက်ကာ...

View More
25 Aug 2026 ပဋိပက္ခဆိုင်ရာ အချက်အလက်များ
ပဋိပက္ခဆိုင်ရာ အချက်အလက်များ – အမှတ် ၆

လက်နက်ကိုင်ပဋိပက္ခ အလားအလာများနှင့် အရပ်သားများအပေါ် သက်ရောက်မှု BNI–Myanmar Peace Monitor ရဲ့ ထုတ်ဝေမှုအသစ်ဖြစ်တဲ့ “ပဋိပက္ခဆိုင်ရာ အချက်အလက်အကျဉ်း –...

View More
14 Oct 2026 ရည်ညွှန်းအကိုးအကားစာအုပ်
မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – ရည်ညွှန်းအကိုးအကား ၂၀၂၅ – ၂၀၂၆

၂၀၁၃ ခုနှစ်မှစတင်ပြီး ပဋိပက္ခဖြစ်စဉ်များနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း တွေ့ရှိချက်များကို “မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပုံဖော်ခြင်း၊ ရည်ညွှန်းအကိုးအကားစာအုပ်” အဖြစ် နှစ်စဉ် စုဆောင်းပြုစုတင်ပြခဲ့ရာ ယခုစာအုပ်သည်...

View More

အရေးပါသောဖြစ်စဉ်များ

အရေးပါသော သတင်းနှင့် ဖြစ်ရပ်များကို အချိန်နှင့်တစ်ပြေးညီ တင်ပြကာ ပြည့်စုံသော သုံးသပ်ချက်များနှင့် ကျွမ်းကျင်သူများ၏ အမြင်များကို ဖော်ပြပေးထားပါသည်။

Watch on YouTube

စစ်အုပ်စုအတွက် ‌တိုက်တွန်းချက်၊ တရုတ်အစိုးရ၏ မျှော်လင့်ချက်နှင့် ထည့်စဉ်းစားရမည့် တော်လှန်‌ရေး၏ ဘုံနိုင်ငံ‌ရေးရပ်တည်ချက်များ

တချို့က တရုတ်ပြည်သူ့သမ္မတမြန်မာနိုင်ငံဟု သရော်ကြသည်။ တချို့ကတော့ မြန်မာနိုင်ငံသည် တရုတ်လက်ခုတ်ထဲကရေဟု သမုဒ်ကြသည်။ ယင်းတို့အားလုံးသည် မြန်မာနိုင်ငံအပေါ် တရုတ်အစိုးရ၏ လွှမ်းမိုးစွက်ဖက်ခြင်းကို သွယ်ကာဝှိက်ကာ ပြောဆိုခဲ့ကြခြင်းဖြစ်သည်။ သို့သော် တရုတ်အစိုးရကမူ မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း အလျင်းမရှိကြောင်း မကြာခဏ ထုတ်ဖော်ပြောဆိုလေ့ရှိပါသည်။ (ဆက်ရန်…)
Read more

ကရင်အမျိုးသားအစည်းအရုံး

  စတင်ဖွဲ့စည်းသည့် နေ့စွဲ - ၅ ဖေဖော်ဝါရီ ၁၉၄၇ ရုံးချုပ် - ကလိုယော်လေး၊ ဘားအံခရိုင်၊ ကရင်ပြည်နယ် လှုပ်ရှားရာ နယ်မြေ - ကရင်၊ ပဲခူးအရှေ့၊ မွန်၊ နေပြည်တော်၊ တနင်္သာရီ စသည့် ဒေသများအတွင်းရှိ မြို့နယ် (၃၂) ခု ဥက္ကဌ - ပဒိုစောကွယ်ထူးဝင်း ဒုဥက္ကဌ - ပဒိုစောဆဲဂေ အထွေထွေအတွင်းရေးမှူး - ပဒိုစောတာဒိုမူး နိုင်ငံရေးအရ ပူးပေါင်းပါဝင်မှု - တိုင်းရင်းသားလူမျိုးများကောင်စီ (MEC) အဖွဲ့ဝင် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) အဖွဲ့ဝင် Facebook - https://www.facebook.com/KNUHQKTL Website - https://knuhq.org/mm ကော်သူးလေပဋိဉာဉ် အတည်ပြုရေး၊ ကော်သူးလေပြည် ထူထောင်ရေး၊ ပါလီမန်စနစ်နှင့် ဆင်တူသည့် ကော်သူးလေအတိုင်ပင်ခံကောင်စီ (KCC) ဖွဲ့စည်းရေး၊ KCC အတွင်း အုပ်ချုပ်ရေးလုပ်ငန်းများကို ကြီးကြပ်ရမည့် ကော်သူးလေအမှုဆောင်ကော်မတီ (KEC) ဖွဲ့စည်းရေး၊ KEC မှတဆင့် ကော်သူးလေအစိုးရ (KG) ကို…
Read more

စောင့်ကြည့်ရမည့် ဇာတ်ကောင်များ

စစ်အာဏာသိမ်းကာလ (၅) နှစ်ကျော် (၆) နှစ်အတွင်း ရောက်ရှိလာသည်နှင့်အမျှ အာဏသိမ်းစစ်အုပ်စု အပြောင်းအလဲများ၊ တော်လှန်ရေးအင်အားစုများ၏ စုဖွဲ့မှု၊ ဦးစားပေးလှုပ်ရှားမှုနှင့် ဦးတည်ရာအရွေ့အပြောင်းများသည် ထူးခြားမှုများစွာ ရှိလာခဲ့ပါသည်။ အထူးသဖြင့် အာဏာသိမ်းစစ်အုပ်စုသည် ၎င်းတို့၏ မအောင်မြင်သော စစ်အာဏာသိမ်းမှုကို အဆုံးသတ်နိုင်ရေးအတွက် အတုအယောင်ရွေးကောက်ပွဲတစ်ရပ် ကျင်းပကာ အသွင်ပြောင်းအစိုးရတစ်ရပ် ဖွဲ့စည်းပြီး နိုင်ငံတကာကို မျက်လှည့်ပြဖို့ ကြိုးပမ်းခဲ့ပါသည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ဆက်လက်စွဲကိုင်ထားခြင်းကြောင့် ၎င်းတို့၏ အာဏာဆက်လက်ချုပ်ကိုင်ထားလိုစိတ်ကို ဖုံးအုပ်ထားနိုင်ခြင်း မရှိခဲ့ပေ။ တော်လှန်ရေးအင်အားစုများဘက်တွင်တော့ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး အနာဂတ်နိုင်ငံရေးတွင် စစ်တပ်၏ ပါဝင်နေမှုကို အဆုံးသတ်ရေးအပါအဝင် ဘုံနိုင်ငံရေးရပ်တည်ချက် (၆) ရပ်အပေါ် အင်အားစုအများစုက ခိုင်မာစွာလက်ခံလာခဲ့ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေးပြည်ထောင်စု တည်ဆောက်ရေးအတွက် “Bottom-up Federalism Approach” သည်လည်း ပိုမိုအားကောင်းလာခဲ့သည်ကို တွေ့ရသည်။ နောက်ဆုံးထွက်ပေါ်လာသည့် ဖက်ဒယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) သည် အဆိုပါ ဘုံနိုင်ငံရေးသဘောတူညီချက် (၆) ရပ်နှင့် Bottom-up Federalism ချဉ်းကပ်မှုကို…
Read more

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နောက်ခံ

ဇွတ်အဲန်စီအေနှင့် ဝေဝါးနေဆဲ ငြိမ်းချမ်းရေးလမ်း အာဏာသိမ်းစစ်အုပ်စုနှင့် နွေဦးတော်လှန်ရေးတွင် ပါဝင်မလာသော အပစ်ရပ်လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၇) ဖွဲ့တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ဆက်လက်ဖက်တွယ်ထားဆဲဖြစ်ပြီး လမ်းဆုံးနေသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် မျှော်လင့်ချက်ရှိနေကြဆဲဖြစ်ပါသည်။ သို့သော် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (၃) ဖွဲ့ကမူ NCA အပေါ် သဘောထားကွဲလွဲခဲ့ကြပြီး နွေဦးတော်လှန်ရေးဘက် ရပ်တည်လာသည့်အုပ်စုနှင့် စစ်အုပ်စုဘက် လက်ချင်းချိတ်သည့်အုပ်စုဟူ၍ ကွဲထွက်သွားခဲ့ကြပါသည်။ (ဆက်ရန်…)
Read more

မြန်မာနိုင်ငံရှိ တိုက်ပွဲဖြစ်ပွားမှုအခြေအနေပြ ဒက်ရှ်ဘုတ် – စက်တင်ဘာ ၂၀၂၆

စက်တင်ဘာလအတွက် မြန်မာနိုင်ငံရှိ တိုက်ပွဲဖြစ်ပွားမှုအခြေအနေ အချက်အလက်ပြ လစဉ်ဒက်ရှ်ဘုတ် ထွက်ရှိလာပြီဖြစ်ပါတယ်။ ဒီကာလအတွင်း အခြေအနေတွေဟာ စောင့်ကြည့်လေ့လာဖို့ အလွန်ကောင်းမွန်ပြီး ‌သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အလေးအနက်ထားစဉ်းစားဖို့ လိုအပ်နေပါတယ်။ ဒီအတွက် ကျနော်တို့ တတ်နိုင်သမျှ ရှုထောင့်စုံကနေ တင်ပြထားပါတယ်။
Read more