တပ်မတော်ရဲ့ (၄)လကြာ အပစ်ရပ်ကြေငြာအပြီး ထုတ်ပြန်ချက်များစုစည်းမှု

0
603

၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၂၁ရက်၊ နေပြည်တော်ရှိ ဘုရင့်နောင်ခန်းမတွင် ၂၁ရက် ဒီဇင်ဘာ ၂၀၁၈ခုနှစ်မှ ၃၀ရက် ဧပြီ ၂၀၁၉ခုနှစ်အထိ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ရပ်ဆိုင်းထားမည့်အကြောင်း တပ်မတော်မှ ထုတ်ပြန်ကြေငြာအပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီး၊ မဟာမိတ်အဖွဲ့များ၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံရေးပါတီများရဲ့ ထုတ်ပြန်ချက်များကို လက်လှမ်းမီသလောက် အောက်ပါအတိုင်း နေ့အလိုက်စုစည်းဖော်ပြအပ်ပါသည်။
၂၁ရက် ဒီဇင်ဘာ ၂၀၁၈ခုနှစ် – NRPC ၊ UN ၊ NDF(ပါတီ)
၂၂ရက် ဒီဇင်ဘာ ၂၀၁၈ခုနှစ် – ABSDF ၊ ALP ၊ KIO ၊ KNU ၊ RCSS ၊ SSPP ၊ UWSA ၊ ရှမ်းပြည်နယ် ဝအထူးဒေသ (၄) ၊ USDP (ပါတီ)
၂၃ရက် ဒီဇင်ဘာ ၂၀၁၈ခုနှစ် – FPNCC ၊ NBF
၂၄ရက် ဒီဇင်ဘာ ၂၀၁၈ခုနှစ် – MNDAA ၊ TNLA ၊ AA ၊ KNPP
၂၇ရက် ဒီဇင်ဘာ ၂၀၁၈ခုနှစ် – NAB
တို့ဖြစ်ကြပြီး အများစုက တပ်မတော် အပစ်ရပ်မှုတွင် ရခိုင်ဒေသ မပါဝင်တဲ့အတွက် စိုးရိမ်မှုရှိကြပြီး တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် အပစ်ရပ်ပေးဖို့ တောင်းဆိုကြပြီး တပ်မတော်ရဲ့ ထုတ်ပြန်ချက်အပေါ် ကြိုဆိုမှုရှိကြပါတယ်။
သတင်းများအရတော့ တပ်မတော်ရဲ့ အပစ်ရပ် ကြေငြာချက်အပြီး ရခိုင်ဒေသတွင် တပ်မတော်နဲ့ AAအကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသလို ရှမ်းပြည်နယ်တွင်လည်း RCSS နဲ့ SSPP အကြား၊ RCSSနဲ့ PNLOအကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပါတယ်။ ဒါ့အပြင် ကွတ်ခိုင်ဒေသမှာ တပ်မတော်နဲ့ TNLAအကြား တိုက်ပွဲများဖြစ်ပွားနေပေမယ့် တပ်မတော်ဘက်ကတော့ သတင်းမမှန်ကြောင်း ငြင်းဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here