“NCA ထိုးဖို့စဉ်းစားပါ။ အမြန်ဆုံးထိုးနိုင်လေ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှုကလည်း မြန်ဆန်လိမ့်မယ်ဆိုတဲ့ သဘောမျိုးပဲ တပ်မတော်ဖက်က တင်ပြတာ ရှိပါတယ်” ခူးဦးရယ် (KNPP၊ ဒု ဥက္ကဌ)

0
159

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ဒုဥက္ကဌ ခူးဦးရယ်နှင့် တွေ့ဆုံခြင်း

၁၈ ဒီဇင်ဘာ ၂၀၂၀

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန်အတွက် ယခုလ အစောပိုင်းက ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ KNPP မှ ကိုယ်စားလှယ် တစ်ချို့ နှင့် တပ်မတော်က တွေ့ဆုံညှိနှိုင်းရေး အဖွဲ့တို့ လူချင်းတွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့သလို နို၀င်ဘာလ ၇ ရက်နေ့ကလည်း အစိုးရနှင့် KNPP တို့ အွန်လိုင်းတွေ့ဆုံမှုတွေ လုပ်ခဲ့ ကြတယ်လို့ KNPP က ပြောပါတယ်။ KNPP နှင့် တပ်မတော်တို့တွေ့ဆုံစဉ်က ဘာတွေဆွေးနွေးခဲ့ကြသလဲ၊ အစိုးရနှင့် တွေ့ဆုံခဲ့သည့် အွန်လိုင်း တွေ့ဆုံမှုမှာရော ဘာတွေဆွေးနွေးခဲ့ကြသလဲ စတာတွေကို KNPP ဒု-ဥက္ကဋ္ဌ ခူးဦးရယ်ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – ဒီဇင်ဘာလ ၇ ရက်နေ့က အွန်လိုင်း အစည်းအေ၀းလုပ်ဖြစ်တယ်လို့ သိရတယ်။ အဓိက ဘာတွေ ဆွေးနွေးခဲ့သလဲ။

ဖြေ – ၇ ရက်နေ့ ညနေပိုင်း မြန်မာစံတော်ချိန် ၄ နာရီပေါ့နော။ ကျနော်တို့ NRPC က ခေါင်းဆောင် တွေ တစ်ချို့နဲ့ ကျနော်တို့ အလွတ်သဘောပဲ ပြောရပါလိမ့်မယ်။ အလွတ်သဘော အွန်လိုင်း အစည်းအေ၀း လုပ်ဖြစ်ပါတယ်။ အဲဒီတုန်းက ကျနော်တို့ တွေ့တာကတော့ အကြောင်းအရာကတော့ ကျနော်တို့ ၂ ပိုင်းရှိ တာပေါ့နော။ တစ်ပိုင်းကတော့ ကျနော်တို့ ဖွံ့ဖြိုးရေး လုပ်ငန်းနဲ့ နည်းနည်း သက်ဆိုင်ပါတယ်။ နောက်တစ်ခု ကတော့ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘယ်လိုဆက်သွားကြမလဲ ဆိုတဲ့ ကိစ္စလေးကို နည်းနည်းလေး ပြောဖြစ်တာလဲ ရှိပါတယ်။ ဆိုတော့ တွေ့ခဲ့တဲ့ ၇ ရက်နေ့ အခင်းအကျင်းကတော့ အခြေခံ အကြောင်းအရင်း ၂ ခုပဲရှိပါတယ်။

မေး – ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ ဘာတွေများ ဆွေးနွေးဖြစ်သလဲ။

ဖြေ – အထူးအထွေရယ်လို့တော့ မဟုတ်ဘူးပေါ့နော။ ကျနော်တို့ သိနေကျ ၂၀၁၉ အောက်တိုဘာလ တုန်းက ကျနော်တို့ NRPC ကို ကျနော်တို့ Deep of Commitment (DOC) ဆိုတဲ့ ကျနော်တို့ DOC မူကြမ်း လေးကို ကျနော်တို့ ပေးလိုက်တာ ရှိပါတယ်။ ပေးလိုက်တာတော့ ၂ ကြိမ်ပေးလိုက်တာပေါ့နော။ အဲဒီဟာ လေးကို ကျနော်တို့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ဖြစ်တဲ့ NCA ကို မထိုးခင်မှာ ကြားခံ သဘော တူညီချက် တစ်ခုခုကို ကျနော်တို့ တင်ပြပြီးတော့ သဘောတူညီမှုတွေ လုပ်ဖို့ပေါ့ အထူးသဖြင့် တော့ အကောင်အထည်ဖော်မယ့် လုပ်ငန်းစဉ်တွေမှာပဲ နောက်မြေပြင်က ဖြစ်ပျက်နေတဲ့ ပြဿနာအခက် အခဲလေးတွေကို ကျော်လွှား နိုင်ဖို့အတွက် ကျနော်တို့ ဒီဟာလေးကို ကြိုပြီးတော့ ကျနော်တို့ သဘောတူ ထားမယ်။ ကောက်ကာငင်ကာ ဖြေရှင်းလို့ရတဲ့ ကိစ္စတွေကိုတော့ ကောက်ကာငင်ကာ ဖြေရှင်းလိုက်မယ်။ တစ်ချို့ရေရှည်သွားမယ့် ကိစ္စတွေကတော့ ရေရှည်သွားဖို့အတွက် သဘောတူထားမယ် ဆိုတဲ့ သဘောနဲ့ DOC သဘောမျိုးနဲ့ ကျနော်တို့ အချက် ၁၈ ချက်ပါပါတယ်။ အားလုံး ပေါင်းလိုက်ရင်တော့ ၁၉ ပေါ့ဗျား။ ဒါပေမယ့် ၁၉ ကတော့ ကျနော်တို့ ဒါတွေ ၁၈ ချက်က တင်ပြထားချက်တွေနဲ့ ပတ်သက်ပြီး သဘောတူမယ် ဆိုရင် ၁၉ ချက်မှာကတော့ ကျနော်တို့ NCA လက်မှတ်ရေးထိုးမယ်ဆိုတဲ့ သဘောမျိုးနဲ့ တင်ပြထားတဲ့ တင်ပြချက်ပဲဖြစ်ပါတယ်။ အဲဒီဟာလေးကို ကျနော်တို့ ပြန်ပြီးတော့ နည်းနည်းလေး ညှိနှိုင်းတဲ့ သဘော တွေပဲဖြစ်ပါတယ်။

မေး – လူချင်းတွေ့ဆုံဖို့ရော အလားအလာရှိလား။ အဲဒီမှာ ဆွေးနွေးဖြစ်သလား။

ဖြေ – အစိုးရပိုင်းကတော့ ကျနော်တို့ကို လူချင်းအစောဆုံးပေါ့နော။ ဒီအစိုးရသစ် စတင်မဖွဲ့စည်းခင် ကာလမှာတောင် တွေ့နိုင်ရင်အကောင်းဆုံးလို့ ကျနော်တို့နည်းနည်း တင်ပြတောင်းဆိုတဲ့ သဘောတွေ ရှိပါတယ်။ ဒါပေမယ့် ခုကတော့ ကျနော်တို့ ကမ္ဘာ့ ကပ်ရောဂါ ကိုဗစ် ၁၉ ကာလဆိုတော့ နောက်ပြီးတော့ အခု ကျနော်တို့ ပြည်နယ်မှာ ဆိုလို့ရှိရင် ကိုဗစ်နဲ့ ပတ်သက်ရင် တော်တော်ကာလကြာ ကူးစက်မှု မဖြစ်ပွား ဘူးပေါ့လေ။ ဒါပေမယ့် အခုက စတင်ပြီးတော့ ဗမာပြည်မှာ ဆိုလို့ရှိရင် ကျနော်တို့ ပြည်နယ် နောက်ဆုံးလို့ ပြောလို့ရပါတယ်။ ကူးစက်မှုတွေဖြစ်လာတဲ့အပြင်ကို အခုက ပြန့်ပွားတဲ့ သဘောတောင် ဆောင်သွားပြီ ပေါ့နော။ ဥပမာ ဒီနေ့ ကျနော် နောက်ဆုံး သိရတဲ့ သတင်းဆိုရင်တော့ ငါးဆယ်သုံး လောက်ဖြစ်သွားပြီပေါ့ နော။ တော်တော် ထိုးတက်သွားပြီ။ အဲဒီ case တွေကလည်း အပြင်ကနေ လာတယ် ပေါ့နော။ ပြည်တွင်း မှာ ကျနော်တို့ ပြည်နယ်ထဲမှာ ဖြစ်တာထက်စာရင်တော့ ဒီပြည်နယ် ပြင်ပ ဒေသကလာတဲ့ လူတွေက ကူး စက်တာတွေများတော့ ဒီအခြေအနေက ပိုမိုပြီးတော့ ဆိုးဝါးလာတဲ့ သဏ္ဍန်ကို ဖော်တာပေါ့နော။ အဲဒါ ကို ကြည့်ပြီးတော့ ကျနော်ကတော့ အစိုးရကိုတော့ ပြောပါတယ်။ ကိုဗစ်အခြေအနေပေါ်မှာပဲ မူတည် ပြီးတော့ ကျနော်တို့ အစောနိုင်ဆုံး တွေ့ချင်သပဆန္ဒရှိရင်တော့ ကျနော်တို့က ဒီကျန်းမာရေး ဒီကပ်ရောဂါအခြေ အနေက တိုးတက်ဖြစ်ပေါ်မှာ မရှိဘူးဆိုရင် ကျနော်တို့ အတွက် အခက်အခဲဖြစ်နိုင်တာပေါ့နော။ အဲသလို တော့ သူတို့ကိုလည်း ကျနော်တင်ပြပါတယ်။ ဆိုတော့ ဒီကျနော်တို့ လူချင်းတွေ့နိုင်ဖို့ မဖြစ်နိုင်သေးတဲ့ ကာလမှာတော့ အွန်လိုင်းမှာပဲ ကျနော်တို့ ဆက်ပြီး အလွတ်သဘော တွေ့ဆုံညှိနှိုင်းသွားဖို့ ဖြစ်ပါတယ်။ စပြီးညှိနှိုင်းဆောင်ရွက်ဖို့ကလည်း အခုနက ပြောတဲ့ DOC အပေါ်မှာပဲ အများကြီး မူတည်ပါလိမ့်မယ်။

မေး – ဒီကြားထဲမှာ တပ်မတော်နဲ့ရော သီးသန့်ဆွေးနွေးဖြစ်တာမျိုးရှိသလားခင်ဗျား။

ဖြေ – တပ်မတော်ကိုယ်စားလှယ်ကတော့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ကိုယ်စားလှယ် တွေနဲ့ကတော့ ဒီလအစောပိုင်းကတည်းက ရန်ကုန်မှာ ကိုယ်စားလှယ် ၂ ဦးစေလွှတ်ပြီးတော့ လူချင်းတွေ့ ပြီးပါပြီ။ အထူးအထွေ ဆွေးနွေးတာရယ်လို့တော့ မရှိဘူး။ အထူးသဖြင့် ကျနော်တို့ NCA ထိုးဖို့ကိစ္စပါပဲ။ NCA ထိုးဖို့စဉ်းစားပါ။ အမြန်ဆုံးထိုးနိုင်လေ ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှု ကလည်း မြန်ဆန်လိမ့်မယ် ဖြစ်မယ်ဆိုတဲ့ သဘောမျိုးပဲ တပ်မတော်ဖက်က တင်ပြတာ ရှိပါတယ်။ ဆိုတော့ သူတို့ဖက်ကလည်း အလွန် ဆုံးပေါ့နော။ လာမယ့်နှစ် ဖေဖော်ဝါရီလလောက်မှာ ဖြစ်နိုင်လို့ရှိရင်တော့ ကျနော် ဦးဆောင်တဲ့ ကိုယ်စား လှယ်အဖွဲ့နဲ့ သူတို့ လူချင်းတွေ့ချင်တယ်ဆိုတဲ့ သဘောမျိုး ပြောသွားတာတွေ တော့ရှိပါတယ်။ သိပ်အထူး အထွေ ဆွေးနွေးကြတာတွေတော့ မရှိပါဘူး။ ဒါလည်း အလွတ်သဘောပါပဲ။

မေး – အခုလောလောဆယ် AA တို့နဲ့တွေ့နေတာတွေ ရှိတယ်။ အခုအခြေအနေအပေါ်မှာရော ဘယ်လိုသုံး သပ်ချက်တွေ ရှိပါသလဲ။

ဖြေ – ကျနော် တစ်ယောက်အနေနဲ့ သုံးသပ်မိတာကတော့ လာမယ့် အစိုးရသစ်ဖွဲ့စည်းပြီးတဲ့နောက်မှာ ကတော့ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အစိုးရရော တပ်မတော်ကပါ တပ်သုတ်ရိုက် လော လောပြီး သွားချင်လိုတဲ့ ဆန္ဒတွေပေါ်တယ်။ ကျနော်အဲသလို အမြင်ရှိတယ်။ ဘာကြောင့်လဲဆိုရင် အခုဖွဲ့ စည်းလိုက်တဲ့ တပ်မတော်ကိုယ်စားလှယ်တွေ ပြန်လည်ဖွဲ့စည်းတယ်ဆိုပေမယ့်လည်း လူဟောင်းတွေပါပဲ အကုန်ပြောရင်တော့ အရင်တုန်းက ဖွဲ့စည်းလိုက်တဲ့ ကိုယ်စားလှယ်ဟောင်းတွေပါပဲ။ အစိုးရဖက်ကတော့ NRPC ကိုတော့ ပြန်လည်စုဖွဲ့မယ့် သဘောတော့ ရှိလိမ့်မယ်လို့ ကျနော်ကတော့ ဒီလိုမြင်တယ်။ ကျနော်တို့ တွေ့ဆုံတုန်းကလည်း သူတို့ ပြန်လည် Reform လုပ်မယ်ဆိုတာလည်း ပြောတာတွေ ရှိပါတယ်။ ဆိုတော့ ကျနော်နားလည် ရသလောက်ဆိုရင် လူဟောင်းတစ်ချို့နဲ့ လူသစ် တစ်ချို့ ပေါင်းစပ်ပြီးတော့ နည်းနည်း အားကောင်းကောင်းနဲ့ သူတို့စုဖွဲ့လိမ့်မယ်လို့ ကျနော်ယုံကြည်တယ်ပေါ့ နော။ ဒါမှ ပိုပြီး အလုပ်ဖြစ်မယ်ဆိုတဲ့ သဘောမျိုးလို့ ကျနော်နားလည်ပါတယ်။ အဲဒီတော့ ခုနပြောသလို့ပဲ အစိုးရ ကိုယ်စားလှယ်တွေရော တပ်မ တော်ကပါ ပြန်လည်စတင်မယ့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အစောဆုံး ဖြစ်နိုင်အောင် သူတို့ အခုကတည်း ပေါ့ နော ပြင်ဆင်နေတယ်လို့ ကျနော်အဲလိုနားလည်တယ်။ အခုကတည်း က ပြင်ဆင်တယ်ဆိုတာက လက်ရှိ ရှိနေတဲ့ ကိုယ်စားလှယ် စုဖွဲ့မှုနဲ့ သူတို့ ပြင်နေတာပေါ့ဗျား။ ကုန်ကုန်ပြောရရင်တော့ အဲဒီတော့ ဥပမာ အခု NCA ထိုးပြီးသား ဆယ်ဖွဲ့နဲ့လည်း သူတို့ အွန်လိုင်းမှာ သူတို့တက်နိုင်တဲ့ ကိုယ်စားလှယ်တွေနဲ့ လူချင်းတွေ နိုင်တဲ့ ကိုယ်စားလှယ်ဆိုပြီးတော့ သူတို့ ဒီလိုခွဲပြီးတော့ အစည်းအေ၀းတွေလည်း စပြီး လုပ်နေတယ်ဆို တာတော့ ကျနော်ကြားတယ်။ ဥပမာ် UPDJC တွ့ဆုံပွဲတွေ သူတို့လုပ်မယ်။ မူဘောင်ပြန်လည် သုံးသပ်မှု တွေ လုပ်မယ် စတာတွေတော့ ပြောတာတွေရှိပါတယ်။ ဆိုတော့ အခုတော့ မူဘောင်ပြန်လည်သုံး သပ်မှု တွေ လုပ်တယ်။ နောက်ဘာတွေ ဆက်လုပ်မယ် ဆိုတာတော့ ကျန်တာတွေတော့ အများကြီး ရှိလိမ့်မယ်လို့ တော့ ထင်တယ်။ အဲလိုပြင်ဆင်မှုတွေက သူတို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ UPDJC က ရလာတဲ့ Agreement တွေကို ဘယ်လို အကောင်အထည်ဖော်မှာလဲ အကောင်အထည်ဖော်တဲ့ အခါမှာ ပိုပြီးတော့ စနစ်တကျ ဖြစ်ဖို့အတွက်ရယ် လမ်းကြောင်းမှာ ဖြစ်နိုင်ဖို့အတွက်ရယ် သူတို့ ပြင်ဆင်တဲ့ သဘောလို့နားလည်ပါတယ်။

အားမီ(NMG) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here