BGF တပ်ဖွဲ့ဝင်များအား ပစ်ခတ်သွားသူအား အသေဖမ်းမိကြောင်း တပ်မတော်အတည်ပြု

0
227

မြဝတီမြို့နယ်အတွင်း နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင် ၄ဦးအား သေနတ်ဖြင့် ပစ်သတ်သွား သူကို ဇန်နဝါရီလ ၂ ရက် နံနက်ပိုင်းတွင် အသေပစ်ခတ်ဖမ်းဆီးရမိကြောင်း အရှေ့ တောင်တိုင်းစစ် ဌာ နချုပ်(ရတခ)မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဗိုလ်မှူးကြီးမောင်မောင်လတ်က ကေအိုင်စီသို့ အတည်ပြုပြောကြား သည်။

ဗိုလ်မှူးကြီးမောင်မောင်လတ်က “ညက ပစ်ခတ်မှုဖြစ်တာတော့ဟုတ်ပါတယ်။ BGF တပ်ကပါ။ ပစ်သွားတဲ့သူကို တော့ ဒီမနက် ၁၁ နာရီမှာ အသေရမိပါပြီခင်ဗျ”ဟု ဇန်နဝါရီလ ၂ ရက်နေ့ နံနက်က ပြောသည်။

၎င်းပစ်ခတ်သွားသူမှာ နယ်ခြားစောင့်တပ် (BGF) တပ်နယ် (၄) တပ်သား စောပေပေဟုသိရပြီး ၎င်းကို ယနေ့နံ နက်က အတွင်း မဲကနယ်အနီး အသေဖမ်းဆီးရမိခြင်းကြောင်းလည်း သိရသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် သင်္ကန်းညီနောင် ရွာသစ်ကျေးရွာ (၉၀၁) တပ်ဝင်းအတွင်း ယမန်နေ့ည ၉ နာရီ ဝန်းကျင်ခန့်က BGF တပ်ဖွဲ့ ၁၀၂၁ တပ်ရင်းမှ တပ်ကြပ်တစ်ဦးအပါအဝင် တပ်သား ၃ဦးမှာ ယင်းဖြစ်ခတ်မှု ကြောင့်သေဆုံးသွားပြီး အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်းလည်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here