ငြိမ်းချမ်းရေးသာ ရပါက တစ်နှစ်အတွင်း သိသာသော အပြောင်းအလဲများ မြင်တွေ့ရမည်ဟု ကချင်ပြည်နယ်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

0
226

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးသာ ရရှိပါက တစ်နှစ်အတွင်း သိသာသည့်အပြောင်းအလဲများ မြင်ရမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က မြစ်ကြီးနားတွင် ပြုလုပ်သော ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးသာ ရမယ်ဆိုရင် သမ္မတကြီးပြောခဲ့တဲ့အတိုင်း ၁၀နှစ်အတွင်းတောင် မဟုတ်ဘူး၊ တစ်နှစ်အတွင်းတောင်မှ အပြောင်းအလဲတွေ သိသိသာသာ မြင်ရလိမ့်မယ်လို့ ကျမယုံကြည်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါသည်။
ထို့ပြင် မိမိတို့လိုချင်သော ၊ ခိုင်မာသော အခြေအနေတစ်ခုကို ရောက်ရှိရန်အတွက်မူ ဆယ်စုနှစ်တစ်ခုအတွင်း တစိုက်မတ်မတ် ကြိုးစားလုပ်ဆောင်ယူရလိမ့်မည်ဟု ၎င်းက ပြောသည်။

“ပြည်ထောင်စုကြီး တကယ်ခိုင်မာဖို့၊ တိုးတက်ဖို့ ၊ ဖွံ့ဖြိုးဖို့အတွက် စပြီးလှမ်းမယ့်ခြေလှမ်းက ငြိမ်းချမ်းရေးခြေလှမ်းပဲ ဖြစ်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

(၇၁)ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို သမ္မတကြီး ဦးဝင်းမြင့် ပေးပို့သည့် သဝဏ်လွှာ မှာ ကချင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းသွားရင် ၁၀နှစ်အတွင်းမှာပင် အရှိန်အဟုန်ဖြင့် တိုးတက်ပြောင်လဲလာနိုင်သည်ဟု ရေးသားဖော်ပြထားသည်။

ယနေ့ ကချင်ပြည်နယ်နေ့အခန်းအနားအစီအစဉ် ပထမပိုင်းတွင် နိုင်ငံတော်တိုင်းပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် Dr.Hkyet Aung တို့မိန့်ခွန်းများပြောဆိုခဲ့ပြီး ဒုတိယပိုင်းအစီအစဉ်မှာ မနောအကဖြင့် ပြည်သူများနဲ့ စည်းစည်းလုံးလုံးဖြင့် ပါဝင်ခဲ့ကြခြင်းဖြစ်သည်။

ဇန်နဝါရီ ၁၀ရက် ကချင်ပြည်နယ်နေ့ကို မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက် မနောကွင်းတွင် ကျင်းပခဲ့ပြီး ပြည်သူလူထုများနှင့် ဦးဆောင်တာဝန်ယူသော ကချင်ပြည်နယ်အစိုးရတာဝန်ရှိသူ အသီးသီးတို့က ပါဝင်ဆင်နွှဲခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here