ကချင်လူမှုဖွံဖြိုးရေးကွန်ယက် (KDNG) အတွင်းရေးမှုး ဦးစာဂျီ နှင့်တွေ့ဆုံခြင်း

0
451

“ထိတွေ့တိုက်ပွဲတွေက ဒေသခံတွေကို မောင်းထုတ်သလို တိုက်ရိုက်ဖြစ်နေတယ်။ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်လာတဲ့အခါ လက်နက်ကိုင်အဖွဲ့ ကို ပထုတ်သလိုဖြစ်နေပေမယ့် လက်တွေ့မှာတော့ ဒေသခံတွေကို မောင်းထုတ်နေတာ”

ကချင်ပြည်နယ်ဒေသအတွက် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတအရင်းအမြစ်များ စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် သုတေသနလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်နေသူ ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် ( KDNG ) အတွင်းရေးမှူးနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

အထူးသဖြင့် လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း မြေပြင်အခြေအနေနှင့် လက်တွေ့ကြုံတွေ့၊ မြင်တွေ့နေရသော ဒေသဆိုင်ရာကိစ္စရပ်များကို ကောက်နှုတ်တင်ပြအပ်ပါသည်။

မေး။ ။ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ၂ ဖက် အကျိုးစီးပွားညှိယူတာပဲ ဖြစ်တယ်လို့ တချို့က ပြောကြတယ်။ အပေးအယူ မျှဖို့ လိုတယ်လို့ ပြောလေ့ရှိတယ်။ ဘယ်လိုအခြေအနေမျိုးလို့ ရှုမြင်ပါသလဲ။

ဖြေ။ ။ Federation နိုင်ငံလုပ်မယ်ဆိုရင် စီးပွားအကျိုးအမြတ်ကိုတွက်ရတယ်။ သူက Shareholder အစုရှယ်ယာသဘောလုပ်ရတယ်။ တစ်ပြည်ထောင်စနစ် တစ်ဦးတစ်ဖွဲ့တည်းပဲ ပိုင်တယ် ဗဟိုဘဲပိုင်တယ်ဆိုတဲ့ အပေးအယူညှိနှိုင်းမှု မရှိရင် ငြိမ်းချမ်းရေးအတွက် အခက်အခဲ ဖြစ်တယ်။ ဒါကြောင့် နိုင်ငံရေးအခြခံအရ ပြည်ထောင်စုသဘော အားလုံး ပိုင်ရှင်ဖြစ်ရမယ်။ တိုင်းပြည် Federation တည်ဆောက်တဲ့အခါ ကုမ္ပဏီအနေနဲ့ဆိုCcofounder နိုင်ငံရေးအနေနဲ့ဆို Federal ဖြစ်တယ်။ ကိုယ့်ဒေသမှာ ပြည်နယ်အစိုးရ စီမံပိုင်ခွင့် ဆုံးဖြတ်ခွင့်အပေးအယူ အရေးကြီးတယ်။ ဒါမရှိရင် ငြိမ်းချမ်းရေး အစစ်အမှန် ဖြစ်မလာဘူး။

မေး။ ။ NCA လမ်းကြောင်းပြင်ပ ငြိမ်းချမ်းရေး သွားတာ ဘာကြောင့်လို ထင်ပါသလဲ။

ဖြေ။ ။ NCA လမ်းကြောင်းပြင်ပ ရှာတယ်ဆိုတာက ခုန ပထမမေးခွန်းနဲ့ ဆက်စပ်တယ်။ အပေးအယူ ညှိနှိုင်းလုပ်မရဘဲ တစ်ဖက်သား မောင်ပိုင်စီးနေတာအတွက် NCA က Deadlock ဖြစ်နေတာ။ အပေးအယူDdialogue မရှိဘဲ ဗဟိုက စီးနေတော့ ငြိမ်းချမ်းရေးဘက်ကို မသွားဘူး။ ဒါကြောင့် တခြားနည်းလမ်းနဲ့ နိုင်ငံရေးဆွေးနွေးရအောင်ဆိုတဲ့ တခြားလမ်းရှာဖွေမှု ဖြစ်လာတာလို့ မြင်တယ်။

မေး။ ။ မြန်မာ့ငြိမ်းချမ်းရေးအပေါ် နိုင်ငံတကာပါဝင်မှု အရေးပါပုံကို ဘယ်လိုနားလည်ပါသလဲ။

ဖြေ။ ။ အရင်အစိုးရတုန်းက ပြည်ပအားကိုး ပစိန်ရိုး လို့တော့ပြောခဲ့တာပဲ။ ပြည်ပအားမကိုးလို့လဲ ဘာမှ လုပ်နိုင်တာမဟုတ်ဘူး။ အခုတောင် တရုတ်ကို ကြောက်နေရတာ။ တကမ်းတမ်းကျတော့ အရေးကြီးလို့ဘဲ ပြုပြင်ပြောင်းလဲမှုကို မြန်မာနိုင်ငံကို ဖက်ဒရယ်ဖြစ်ချင်ရင် ဒီမိုကရက်တစ်နိုင်ငံတွေနဲ့ ပေါင်းပြီး လုပ်ရမယ်။ အခုက တရုတ်ပဲ ကျေးဇူးရှင်လိုလို ဖြစ်နေတယ်။ အစိုးရအဆင့်တောင်မရှိဘဲ တရုတ်နိုင်ငံကို ကြောက်နေတဲ့ အနေအထားရှိနေတယ်။ မြန်မာ့အခက် တရုတ်အချက် တရုတ်အတွက် ကောက်စားဖြစ်နေတယ်။ မြန်ဆုံအရေး ဘာမှ မပြောရေးဘူး။ တရုတ်သြဇာလွမ်းမိုးမှုက မြန်မာပြည်မှာ တွေ့ရတယ်။ အစိုး၇လုပ်တဲ့ မိဘလုပ်တဲ့သူတွေမှာ တကယ့်တိုင်းပြည်ကို ဖက်ဒရယ်ဒီမိုကရေ ခေတ်မှီတိုးတက်အောင် လုပ်ဖို့ ဆန္ဒမရှိဘူးလို့ သုံးသပ်မိတယ်။ တကယ်လို့ အဲလို ဆန္ဒရှိရင် တရုတ်ကို ကြောက်စရာမလိုဘူး။ တရုတ်ကိုယ်တိုင်လည်း အနောက်နိုင်ငံကိုအမှီပြုပြီး အတတ်ပညာယူနေရတာပဲ။ ဥပမာ ကုန်သွယ်ရေး စစ်ပွဲလုပ်ရင် တရုတ်ခံရတယ်။ အနောက်အုပ်စုကစားရင် တရုတ်လည်း မခံနိုင်ဘူး။ ဒါကြောင့် မြန်မာပြည်ကို တကယ်ပြောင်းလဲစေချင်ရင် ဂျပန်နိုင်ငံမှာ တရုတ်အကြွေးတော်တော်ရှိတယ်။ ဂျပန်လျှော်ဖွတ်လိုက်ရင်တော့ မြန်မာပြည်က တရုတ်အကြွေးအားလုံး ကျေနိုင်တယ်။ အမေရိကန်တို့ အီးယူတို့ဆို မပြောနဲ့။ တကယ့် ဒီမိုကရေလုပ်ချင်ရင် သူတို့က ကူညီမှာပဲ။ တရုတ်ကတော့ ပြင်းတောင်ပြင်းသေးတယ်။ ပထုတ်လို့ရတယ်။ တိုင်းပြည်တိုးတက်စေချင်ရင် နိုင်ငံတကာရဲ့ ပါဝင်မှုက အရေးပါတယ်။ တရုတ်တစ်နိုင်ငံတည်းပဲအဆို အစဉ်အလာမကောင်းဘူး။ နိုင်ငံတိုင်းက သူ့အကျိုးစီးပွားသူရှိတယ်။ ဒါပေမယ့် တရုတ်က တော်တော်ကျွန်တော်တို့ဆီ အခြေအနေဆိုးတယ်။ တရုတ်ကို ဘုရားလိုကိုးကွယ်တာ မကောင်းဘူး။

မေး။ ။ ငြိမ်းချမ်းရေး ၇ နှစ်ကျော် ကချင်လူထုတွေပေါ် ဘာတွေပြောင်းလဲနေပြီလို့ သုံးသပ်ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်လျှောက် ကချင်ပြည်နယ် ပြောင်းလဲမှု ဘာတစ်ခုမှ မတွေ့ပါ။ သယံဇာတ လည်း ကုန်တယ်။ လူတွေလည်း စစ်ပြေးဒုက္ခသည်ဖြစ်ကုန်တယ်။ စစ်ရှောင် လယ်ယာမြေလည်း ကုမ္ပဏီတွေ အုပ်စိုးကုန်ပြီ။ ကချင်ပြည်နယ်အတွက်တော့ တော်တော် ထိခိုက်ကုန်တာပေါ။

မေး။ ။ လက်ရှိ ထိတွေ့တိုက်ပွဲတွေက ဒေသတွေမှာ ဘာတွေဖြစ်နေလဲ။

ဖြေ။ ။ ထိတွေ့တိုက်ပွဲတွေက ဒေသခံတွေကို မောင်းထုတ်သလို တိုက်ရိုက်ဖြစ်နေတယ်။ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်လာတဲ့အခါ လက်နက်ကိုင်အဖွဲ့ ကို ပထုတ်သလိုဖြစ်နေပေမယ့် လက်တွေ့မှာတော့ ဒေသခံတွေကို မောင်းထုတ်နေတာ။ ပြီတော့ အဲဒေသတွေက သယံဇာတတွေကို မောင်ပိုင်စီးတယ်။

မေး။ ။ တစ်ခုတည်းသော တပ်မတော်ဖွဲ့စည်းရေး။ တပ်မတော်မှ မခွဲထွက်ရေး ကိစ္စအပေါ်ဘယ်လို နားလည်ပါသလဲ။။

ဖြေ။ ။ တစ်ခုတည်းသော တပ်မတော်ဖြစ်ရေးဆိုတာ လက်ခံတယ်။ ဒါပေမယ့် မြန်မာနိုင်ငံလို ဗမာတွေပဲ ပါဝင်ဖွဲ့စည်းထားတာ မဟုတ်ဘဲ နိုင်ငံတကာလို အချိုးချ ဖြစ်သင့်ပါတယ်။ ဖက်ဒရယ်တပ်မတော်ဖြစ်ဖို့ အရေးကြီးတယ်။ ကိုယ့်ဟာကိုယ်ဖွဲ့စည်းထားတဲ့ ဗမာ့တပ်မတော်မဟုတ်ဘဲ cofounder share ထည့်ရမယ်။ ကချင်ပြည်နယ်လုံခြုံရေး ကချင်တပ်မတော် ဖြစ်ရမယ်။ ပြည်ထောင်စုအနေနဲ့က တစ်ခုတည်း ဖြစ်ရမယ်။ အခုအခြေအနေက မကောင်းဘူး။

ခွဲမထွက်ရဆိုတာက တပ်မတော်ပြောရမယ့်စကားမဟုတ်ဘူး။ တိုင်းရင်းသားတွေ cofounder တွေပြောရမယ့်ဟာဖြစ်တယ်။ တပ်မတော်က လျှာရှည်ပြီး ပြောနေတာ။ ကမ္ဘာမှာ မပြိုကွဲသော အင်ပါယာမရှိဘူး။ ဗမာစကားက ဥမကွဲ သိုက်မပျက် ရှိတယ်။ တကယ်တော့ ဥဆိုတာ ကွဲချိန်တန်ရင် ကွဲရမယ်။ အသိုက်လည်း ပျက်ချိန်တန်ရင် ပျက်ရမယ်။ ဒါက အခွင့်အရေးပဲ။ ကိုယ်က ဖွံ့ဖြိုးတိုးတက်ရင် ဥကွဲရမယ်။ သိုက်ဖျက်ရမယ်။ ဗမာစကစားက အလာကားစကားပဲ ဖြစ်လိမ့်မယ်။ မိသားစုမှာ သားကြီး၊ သားလတ်၊ သားငယ် ရှိရင် အချိန်တန်ရင် မိဘက တားလို့မရဘူး။ ခွဲထွက်လိမ့်မယ်။ သူ့ခြေထောက်ပေါ် ရပ်တည်နိုင်ရင် ဘယ်တော့မှ မပေါင်းဘူး။ ဥမကွဲ သိုက်မပျက်ဆိုတာ ကျွန်တော်လက်မခံဘူး။ ဒါက တပ်မတော် စိုးရိမ်မှုနဲ့ သူ့အကျိုးစီးပွားအတွက် ပြောနေတာ။

မေး။ ။ ၂၀၂၀ မှာ တပ်မတော်က ငြိမ်းချမ်းရေး ရအောင်လုပ်မယ်ဆိုတဲ့အပေါ်ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ တပ်မတော်ပြောတဲ့ ငြိမ်းချမ်းရေးကို အယုံအကြည်မရှိဘူး။ အပစ်အခတ်ရပ်စဲရေးကို အတင်းအဓမ္မလက်နက်ဖျက်သိမ်းရေးမှ ငြိမ်းချမ်းရေးလို့ ထင်နေတယ်။ ၂၀၂၀ မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး မရနိုင်ဘူး။ ဘာကြောင့်ဆိုသော် အခုထိ မူဘောင်မပြင်သေးဘူး။ ၂၀၀၈ အောက် ဘာအခွင့်အရေးမှ မရှိဘဲ ငြိမ်းချမ်းရေး မဖြစ်နိုင်ဘူး။ တိုင်းရင်းသားတွေ အင်အားချည့်နဲ့သွားလို့ ယာယီ အပစ်ရပ်သွားတာတော့ဖြစ်နိုင်တယ်။ ဒါပေမယ့် တစ်နေ့နေ့ တစ်ချိန်ချိန် အင်အားရှိရင် အခုအဖွဲ့တွေ ရပ်ရင်လည်း နောက်အဖွဲ့အသစ်တွေ ထပ်ထွက်မှာဘဲ။ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေးအတွက်က အစိုးရကိုယ်တိုင်ဦးဆောင်ပြီး လုပ်ရမယ်။ တပ်မတော်ဦးဆောင်ပြီး ငါပြောသလိုလုပ်ဆို ဘယ်တော့မှ မရဘူး။

LEAVE A REPLY

Please enter your comment!
Please enter your name here