၂၀၂၀ ရွေးကောက်ပွဲအလွန် ကချင်ပြည်နယ်အတွင်း ဖြစ်လာဖွယ်ရှိသော စီမံကိန်းကြီးများအား စောင့်ကြည့်ရန် လိုအပ်နေကြောင်း CSO များတိုက်တွန်း

0
178

ဒီဇင်ဘာလ ၂၄ ရက်။ ၂၀၂၀ ခုနှစ်။

ကချင်ပြည်နယ်အတွင်း အထူးစီးပွားရေးစက်မှုဇုန်၊ အကြီးစားရေအားလျပ်စစ်၊ အကြီးစားစိုက်ပျိုးရေးလုပ်ငန်း များ နှင့် မြေဧကပေါင်းများစွာပေါ်တွင် လုပ်မည့် သတ္တုတူးဖော်ခြင်းစသည့် ရင်းနှီးမြုပ်နှံမှု စီမံကိန်းများရှိနေပြီး ၂၀၂၀ ရွေးကောက်ပွဲအလွန်တက်လာမည့် အစိုးရသစ်လက်ထက်တွင် ဆက်လက်စောင့်ကြည့်သွားရန် လို သည်ဟု ဒေသအတွင်းက အရပ်ဘက်အဖွဲ့အစည်းများက ပြောသည်။

၂၀၂၀ ရွေးကောက်ပွဲတွက် တက်လာမည့် NLD အစိုးရလက်ထက်တွင် ပြည်နယ်အတွင်း စောင့်ကြည့်ရမည့် စီမံကိန်းများမှာ ဆယ်ခုထက်မနည်းရှိနေသည်ဟု အရပ်ဘက်အဖွဲ့အစည်းအချို့ နှင့် နိုင်ငံရေး လေ့လာစောင့် ကြည့်သူများ က ပြောသည်။

နို်င်ငံရေးလေ့လာသုံးသပ်သူ Lanung Tu က “နံပါတ်တစ်က တရုတ်ရဲ့ BRI ပရောဂျက်ပေါ့နော်။ မြန်မာပြည် မှာကျတော့ Border economics Zone ဆို ပြီးတော့ သုံးနေရာ သူတို့စီမံထားတာရှိတယ်။ နှစ်နေရာကျတော့ ရှမ်းပြည်နယ်ပေါ့နော်။ မူဆယ်ရယ်၊ နောက်ပြီးတော့ ကိုးကန့်ဒေသပေါ့နော်။ နောက်တစ်ခုက ကချင်ပြည်နယ် ပေ့ါနော်။ ဆိုတော့ ဒီကချင်ပြည် နယ်ဆိုတဲ့ နေ ရာမှာ ကန်ပိုင်တီ၊ ကန်ပိုင်တီ Border economics Zone ပေါ့ နော်၊ ဒါပေမယ့် အခုသူတို့ ကန်ပိုင်တီ business park ဆိုပြီးတော့ ၂၂.၄ မီလီယံ ပရောဂျက်ပေါ့နော်၊ ဒါတစ်ခု နောက်တစ်ခုက BRI ပရောဂျက်နဲ့ ဆက်စပ်နေတဲ့ နန်ကျင်စီးပွားရေးဇုံပေါ့၊ ၂၀၁၈ မှာ MOU ထိုးထားတာတွေ ရှိတယ်။ အခုကတော့ အဲ့ ဒီ MOU ကျတော့ သက်တမ်းကုန်သွားပြီပေါ့နော်။ ဒါလည်းပဲ လုပ်လာနိုင်လားဆိုတဲ့ ဟာပေါ့၊ ဒါက ဒေါ်လာ သန်းပေါင်း ၄၀၀ အဲ့လောက်ရှိတဲ့ ပရောဂျက်ကြီးပေါ့နော်။ ဒါလည်းပဲ စောင့်ကြည့်ရမယ့် ဟာပေါ့” ဟု ပြောသည်။

“နောက် တစ်ခုက ဖော်ကျူနာကုမ္ပဏီက ခေါင်လန်ဖူး၊ ဆော့လော်၊ နောင်မွန်းဘက်မှာ သတၳုတူးမယ့် စမ်းသပ် ရေး ပေါ့နော်၊ သူတို့က လိုင်စင်ရထားပြီးပြီဆိုတော့ ဧကပေါင်းက ၅ သိန်းကျော်ပေါ့နော် နေရာလေးခုမှာပေါ့။ ဒါ လည်းပဲ အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာကျတော့ ပရောဂျက်ကို ရပ်ပြီလို့တော့ ပြောတယ်။ ဒါပေမယ့် တစ်စုံတစ် ရာ ကုမ္ပဏီတုန့်ပြန်မှုတော့ မရှိသေးဘူးပေါ့နော်။ ဒါလည်း တစ်ခုစောင့်ကြည့်ရမယ်။” ဟု Lanung Tu က ဆက်ပြောသည်။

ထိုစီမံကိန်းကြီးများ အပါအဝင် ပြည်နယ်အတွင်း လုပ်ဆောင်မည့် လမ်းဖောက်လုပ်ရေးစီမံကိန်းများနှင့် အခြား သော စီမံကိန်းအချို့ လည်း ရှိနေသေးသည်ဟု Lanung Tu က ဆက်ပြောသည်။

“နောက်တခုက ဒီ ဟိုင်းဝေးလမ်း တရုတ်ပြည်နယ်နဲ့ ဒီဘက်ဆက်စပ်တဲ့လမ်းပေါ့၊ လွယ်ဂျယ် ဆိုတာ ဒီတရုတ် နယ်စပ်ပေါ့ အဲ့ဒါနဲ့ ဒီမိုးမောက်၊ ဗန်းမော်လမ်းပေါ့နော်၊ ဟိုင်းဝေးလမ်း ဒါလည်းပဲ မြန်မာ့ရင်း နှီးမြှုပ်နှံမှုကော်မရှင် ကို တင်ထားတယ်လို့ ကြားရတယ်။ ဆိုတော့ဒါလည်းပဲ မီလီယံ ပရောဂျက်ပေါ့နော်။ ကျနော်ထင်သလောက် တော့ ၆၀ ဝန်းကျင်လောက် ရှိတဲ့ဟာပေါ့နော်။ US ဒေါ်လာမီလီယံပေါ့။ ဒါလည်း စောင့်ကြည့်ရမယ့်ဟာ။ ဘာလို့ လဲဆိုတော့ ဗန်းမော်မှာ ဆိပ်ကမ်းရှိတာကိုး။ ဒီလိုမျိုးပရောဂျက်တွေလည်း ရှိတယ်ဆိုတော့။ နောက်တစ်ခုက မိုးကောင်း-ဖားကန့် လမ်းပေါ့နော်။ ဒါလည်းပဲ မီလီယံပရောဂျက်ပေါ့။ ဒါလည်း နောက်နှစ်ဆိုရင် လုပ်ရတော့ မယ်။ နောက်တစ်ခုက တခြား ၅ မီလီယံပရောဂျက် တွေလည်းရှိတယ်။ ပြည်နယ်ကနေဆုံးဖြတ်ပိုင်ခွင့် ဥပမာ လွယ်ဂျယ် ကားဂိတ်ပေါ့နော်၊ တခြားသေးသေး လေးတွေလည်းရှိတယ်။ နောက်ဆုံးက မြစ်ဆုံစီမံကိန်းပေါ့နော်။ မြစ်ဆုံစီမံကိန်းရပ်သွားရင်တောင်မှ တဘက်မှာရှိတဲ့ သူတို့လျာထားတဲ့ ရေကာတာတွေ အဲ့ဒါတွေက ပြန်ပြီးမှ လုပ်လာနိုင်တယ်ပေါ့။ ဆိုတော့ အကြီးစားက အဲ့လောက်ပေါ့။ ဒါက အစိုးရသစ်သက်တမ်းမှာ စောင့်ကြည့်ရမယ့် အထဲမှာပါတယ်ပေါ့။”

ပြည်နယ်အတွင်း လုပ်ဆောင်မည့် စီမံကိန်းအများစုနှင့် ပတ်သက်၍ ဒေသခံပြည်သူများမှာတစ်စုံတစ်ရာ သိရှိ ခြင်း၊ သဘောထားရယူခြင်းနှင့် စီမံကိန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက် ရယူပိုင်ခွင့်များ ဆုံးရှုံးနေရ သည်ဟုလည်း ဒေသခံများက ပြောသည်။

“မြစ်ကြီးနားမှာ လုပ်လာတဲ့ ပရောဂျက်တွေ အကုန်လုံးက များသောအားဖြင့် ဗဟိုကနေပဲ ချတယ်။ ပြောမယ်ဆို ရင်တော့ အောက်ခြေကို အရင်မဆွေးနွေးဘူး။ မဆွေးနွေးပဲနဲ့ ဝန်ကြီးဌာနတွေကနေပဲ ချလေ့ရှိတယ်။ ပြောရ မယ် ဆိုရင်တော့ ကျနော်တို့က လုပ်မယ်ဟေ့ဆိုတဲ့အချိန်ကြမှ သိလာတာ။ ကိုယ့်ဆီမှာ ဘာလုပ်မှန်း ဘာလုပ်ဖို့ စဉ်းစားထားသလဲဆိုတာ ကျနော်တို့က မသိနိုင်တဲ့ အနေအထားမျိုးဖြစ်နေတယ်။ ပြောမယ်ဆိုရင် ကျနော်တို့ မြစ်ကြီးနားမှာ လုပ်မယ့် နန်ကျင်စက်မှုဇုံကိစ္စတို့ ဘာတို့ဆိုရင် မြစ်ကြီးနားသားတွေက လုပ်မယ့်ဟေ့ ဝန်ကြီး လာသွားတယ် ဒါလုပ်ဖို့ အစီအစဉ်ရှိတယ်ဆိုမှ ထပြီးလေ့လာတာမျိုးပေါ့၊ အကုန်လုံးက ကမန်းက တန်းထပြီး ဘယ်လိုလုပ်မှာလဲဆိုတဲ့ဟာမျိုးပေါ့၊ အမှန်က ဒီကနေ သွားရမှာ။ ဖက်ဒရယ်စနစ်ကိုသွားမယ် ဆိုရင် ဖက်ဒရယ် စနစ်ကို ကြိုတင်ပြင်ဆင်ပြီးတော့ ဖက်ဒရယ်မူအတိုင်းသွားမယ်ဆိုရင် အောက်ခြေကနေ အရင်သွားရမှာ” ဟု လွတ်လက်သော သုတေသီ (Independent Researcher) ဦးခလမ်တူးခေါင် က ပြောသည်။

လာမည့်အစိုးရသက်တမ်းအတွင်း ဖော်ဆောင်နိုင်ချေရှိသည့် ရင်းနှီးမြုပ်နှံမှုစီမံကိန်းများနှင့် ပတ်သက်၍ အချက်အလက်နှင့် အကြောင်းအရာများ ရရှိနိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့ မှ တာဝန်ရှိသူအချို့အား ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

နည်းစနစ်နှင့် စည်းမျဉ်းစည်းများ၊ ဥပဒေနှင်အညီဆောင်ရွက်ခြင်း၊ ဒေသခံများအား ပွင့်လင်းမြင်သာစွာချပြခြင်း၊ သဘောထားကောက်ယူခြင်းမျာ မရှိသည့် ရင်းနှီးမြုပ်နှံမှုနှင့် အကြီးစားသယံဇာတတူးဖော်မှုများကြောင့် ကချင်ပြည်တစ်ရပ်လုံးက ဖွ့ံဖြိုးရေးစီမံကိန်းမှန်သမျှကို ကန့်ကွက်နေကြပြီး အမျိုးသမီးများပေါ်သက်ရောက်မှုနှင့် လူမှုရေးဆိုင်ရာ ဆိုးကျိုးများလည်း ရှိနေသည်ဟု Htoi Gender and Development Foundation ၏ ဒေါ်နန်ပူ က ပြောသည်။

“မြစ်ဆုံစီမံကိန်းလုပ်ဆောင်ဖို့ရန်အတွက် အတင်း အဓမ္မ ရွှေ့ပြောင်းခံလိုက်ရတဲ့ ရွာတွေက အများကြီးပဲ။ အဲ့ဒီ ရွာသူရွာသားတွေရဲ့ အခက်အခဲက ဒီနေ့အချိန်ထိ သက်ရောက်မှုဆိုးကျိုးတွေက အများကြီးပဲ ဖြစ်နေတယ်။ သူ တို့ ရဲ့ ခြံတွေ၊ နွားတွေကို ပစ်ထားရတော့ ဒီမြစ်ဆုံဘက်က ရွာတွေက အမျိုးသမီးတွေ၊ အထူးသဖြင့် သူတို့ကြုံ တွေ့ရတဲ့ အချက်တွေက ဘာလဲဆိုရင် သူတို့ ရဲ့ ဆုံးရှုံးတဲ့အခြေအနေတွေကို ပြန်ပြီးတော့မှ တောင်းဆိုတဲ့အခါ မှာ အမျိုးသမီးကို အလေးထားမှု သိပ်မရှိဘူးဆိုတာမျိုး အများကြီးတွေ့ရတယ်။ ငှက်ပျောစိုက်ခင်း တွေဘက်မှာ လည်း ခွဲခြားဖိနှိပ်မှုတွေ၊ လုပ်ခတွေ ခွဲခြားပေးတာတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အဓမ္မပြုကျင့်ခံရ တာတွေ၊ ပြောရင် အလုပ်ထုတ်ပစ် မယ်ဆိုတဲ့ဟာမျိုးတွေ ခြိမ်းခြောက်တာ အများကြီး ရှိတယ်။ အမျိုးသမီးတွေ အပေါ် သက်ရောက်မှုတွေက လည်း အများကြီးပါ။ နောက်ဖားကန့်ပေါ့နော် လက်ရှိဖြစ်နေတဲ့ သဘာဝ သယံ ဇာတနဲ့ ပတ်သက်ပြီးတော့ သက်ရောက်မှု ဆိုးကျိူးက အများကြီးပဲ ဖြစ်တယ်။ စားဝတ်နေရေး၊ ကလေး ပညာ ရေး အားလုံးက မျှော်လင့်ချက်မဲ့ကုန်ပြီ။”

အဆိုပါ စီမံကိန်းကြီးများက တစ်ဆင့်ဖြစ်ပေါ်လာမည့် လူမှုရေး၊ စီးပွားရေးနှင့် သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ ဆိုးကျိုးကောင်းကျိုးများကို ဖြေရှင်းနိုင်ရန်အတွက် လာမယ့် အစိုးရသစ် အနေဖြင့် ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း ကို စတင်အကောင်အထည်ဖော်ပြီး ပြည်နယ်နှင့် တိုင်းဒေကြီးများအား လုပ်ပိုင်ခွင့်ပေးရန် လိုအပ်သည်ဟု ဦးခလမ်တူးခေါင် က ဆက်ပြောသည်။

လွတ်လက်သော သုတေသီ (Independent Researcher) ဦးခလမ်တူးခေါင် က “ကချင်ပြည်နယ်အစိုးရကနေ အရင်ဆွေးနွေးပြီးတော့မှ အထက်ကို တင်ရမှာလေ။ ကချင်ပြည်နယ်အစိုးရရဲ့ တင်ပြချက်ပေါ်မူတည်ပြီးတော့ မှ ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် အပေါ်ကနေ သဘောတူပြီးမှ လုပ်မယ်ဆိုသည့်တိုင် အောက်ကနေ အရင်တက်လာတဲ့ ပရိုပိုဇယ်မျိုး ဖြစ်စေချင်တာပေါ့။ အဲ့ခါကြမှပဲ ဖက်ဒရယ်ရ့ဲ သွားရာလမ်းကြောင်းက အဲ့ဘက်ကိုသွားမှာ။ အခုက အပေါ်ကနေ လုပ်တဲ့စီမံကိန်းတွေကြီးပဲ အဲ့လိုမျိုးဖြစ်နေတဲ့အခါကြတော့ အခုမြစ်ဆုံစီမံကိန်းလည်း ကျနော်တို့ စိုးရိမ်တာက အထက်ပိုင်းပဲ လုပ်လုပ်၊ အောက်ပိုင်းပဲလုပ်လုပ် ကျနော်ကချင်ပြည်သူတစ်ယောက်အနေနဲ့ သဘောမတူပါဘူး။ ဗဟိုကနေလုပ်တဲ့ ပရောဂျက်မှန်သမျှပေါ့နော်” ဟု ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ဖော် ဆောင်မည့် အမျိုးသား ညီညွှတ်ရေး အစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏နိုင်ငံရေး စီးပွားရေး လူမှုဖွံ့ဖြိုးရေး သဘာ၀ သယံဇာတ အရင်းအမြစ်နှင့် စီးပွားရေး ရင်းနှီးမြုပ်နှံမှုဆိုင်ရာ စီမံခန့်ခွဲခြင်းများတွင် ဖက်ဒရယ် စနစ်ကို ဦးတည်လာနိုင်မည်လားဆိုသည့် စဉ်းစားချက်များလည်းရှိသည်ဟု ကချင်ပြည်နယ်က အရပ်ဘက်အဖွဲ့ အစည်း အချို့က ပြောသည်။

အားမီ(NMG)-ရေးသည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here