RCSSနှင့် TNLA တိုက်ပွဲကြောင့် ရှမ်းမြောက်စစ်ဘေး‌ရှောင် ၇၀၀ကျော် စောင်နှင့်အနွေးထည်များ လိုအပ်နေ

0
219

၅ ဇန်နဝါရီ ၂၀၂၁

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် တအန်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) တို့အကြားက တိုက်ပွဲများကြောင့် ဒေသခံ ၇၀၀ ကျော်စစ်ဘေးတိန်းရှောင်နေရပြီး၊ စောင်နှင့် အနွေးထည်များ လိုအပ်နေသည်။

ခရစ္စမတ်နေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့က စတင်ပြီး ဖြစ်ပွားနေသည့် နှစ်ဖက်ကြားက တိုက်ပွဲများနှင့် စစ်ရေး တင်းမာမှုများကြောင့် အနီးအနားကျေးရွာ ၇ ရွာက ဒေသခံ ၇၀၀ ကျော်သည် ယခုခါ ကျောက်မဲမြို့ပေါ်ရှိ ဘုန်း တော်ကြီးကျောင်းများတွင် စစ်ဘေးတိန်းရှောင်လာကြသည်ဟု ဒေသခံများနှင့် အကူအညီပေးနေသူများက ပြောသည်။

စစ်ရှောင်အမျိုးသမီးတစ်ဦး က “ဖြစ်တာက နီးနေတာ။ အခုလည်း တအားဖြစ်နေတာ။ မိနစ် ၂၀ လောက်ပဲ ကွာ တဲ့နေရာမှာ ဖြစ်နေတာ။ ကျမတို့ ကောင်းခါးရွာမှာ။ ပန်မခံနဲ့ပန်လော့ကြားမှာလည်း ဖြစ်တယ်။ ကိုယ်ကလည်း နီးလာတော့ စိတ်မချတော့ဘူး။ ကြောက်လို့ ထွက်ပြေးလာတာ။ အိုမ်တမာဝ်အဖွဲ့ က လာကြိုပေးတာ။ ကျေးရွာ ဥက္ကဋ္ဌတွေကလည်း ပစ္စည်းတွေပြင်ထားပေါ့၊ လာကြိုပေးကြမယ်ပေါ့၊ အဲ့ဒါနဲ့ ထွက်ပြေးလာတာ။ အစ်မတို့က ဈေးရောင်းတော့ ပစ္စည်းတွေကလည်း အများကြီးလေ။ လက်နက်ကြီးတွေလည်း တအားပဲ။ အခုလည်း မနေရဲ တော့ဘူးလေ။ RC တွေက ရွာထဲမှာ ရှိတယ်။ အများကြီးပဲ၊ ကားနဲ့လာတာ။ လက်နက်တွေဘာတွေတင်လာ တာ” ဟု ပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့(ယနေ့)တွင်လည်း ထပ်မံရောက်ရှိလာမည့်သူများ ရှိနေသေးသည်ဟု ကျောက်မဲမြို့နယ် အိုမ်တမာဝ် လူမှုကူညီရေးအသင်းက မိုင်းဆမဲင်ရိူန်းက ပြောသည်။

“ဒီနေ့လည်း ထပ်ရောက်မယ့်လူတွေရှိတယ်။ အခုလက်ရှိက ၇၀၀ ကျော်တယ်ပေါ့။ ရွာအားလုံးပေါင်း ၇ ရွာရှိ တယ်။ အားလုံးနီးပါးထွက်ပြေးလာတာ။ တို်က်ပွဲအခြေအနေကတော့ ဒီနေ့ ထပ်ရောက်မယ့် ရွာသားတွေကို မေးမှပဲ သိမယ်” ဟု မိုင်းဆမဲင်ရိူန်း က ပြောသည်။

ကျောက်မဲမြို့ပေါ်သို့ စစ်ဘေးတိန်းရှောင်လာကြသည့် စစ်ရှောင်များအတွက် အစားအသောက်များ လှူဒါန်းပေး မည့်သူများရှိနေသော်လည်း ယခုခါ စောင်နှင့် အိပ်ယာခင်းများ အရေးပေါ်လိုအပ်နေသည်ဟု အကူအညီပေးနေ သူများက ပြောသည်။

“အခုရောက်နေတဲ့လူတွေအတွက်က နေရာထိုင်ခင်း၊ စောင်၊ အိပ်ယာလိပ်တွေ လိုအပ်တယ်။ အဓိကတော့ အိပ်ယာလိပ်နဲ့စောင့်ပေါ့။ အခင်းတွေပေါ့။ စားစာရတော့ လှူမယ့်လူတွေရှိတယ်။ ဒါပေမယ့် ရက်ရှည်သွားရင် တော့ မလွယ်ဘူး။ ပြေးလာတဲ့လူတွေက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့လာတယ်ဆိုတော့ အဝတ်အစားတွေ၊ စောင်တွေလိုနေတာပေါ့” ဟု မိုင်းဆမဲင်ရိူန်း က ဆက်ပြောသည်။

ကျောက်မဲမြို့ ရှိ ပိန္နဲကုန်းကျေးရွာ ဝါဆိုကျောင်းတွင် တစ်နေရာ၊ ပိန္နဲကုန်းကျေးရွာ မန်းကောင်းမူးစာသင်ကျောင်း တွင် တစ်နေရာ၊ သန္တိသုခဓမ္မာရုံတွင် တစ်နေရာ၊ အောင်မင်္ဂလာကျောင်းတွင် တစ်နေရာ စစ်ရှောင်များအတွက် နေရာထိုင်ခင်းများ ပြင်ဆင်ပေးထားရသည်ဟု အိုမ်တမာဝ် လူမှုကူညီရေးအသင်းက မိုင်းဆမဲင်ရိူန်း က ပြော သည်။

“ကလေးတွေနဲ့ အသက်ကြီးရွယ်အိုတွေက များတယ်။ ယောက်ကျားလေးတွေကတော့ သုံးချိုးတစ်ချိုးလောက် ပဲ ပါတယ်။ ဘာလို့လဲဆိုတော့ အိမ်စောင့်ကျန်ခဲ့တဲ့လူက စောင့်ခဲ့တယ်။ ရွာစောင့်တဲ့လူစောင့်ပေါ့။ တစ်အိမ်မှာ တစ်ယောက်လောက်တော့ စောင့်တယ်။ ကျန်တဲ့ဟာတွေက ကလေးအမေတွ၊ ကလေးတွေနဲ့ အဘိုးအဘွား တွေပေါ့။ မန်စပ်ရွာ၊ ပန်လော့ရွာ၊ ပန်မခမ်းရွာ၊ ကုန်းသာရွာ၊ ကောင်းခါးရွာ၊ ခုံငင်း၊ လွယ်အံရွာပေါ့၊ အဲ့ကလေး တွေပေါ့၊ ၇ ရွာလုံးကလူတွေပါ၊ အားလုံးက တအာင်းလူမျိုးတွေပါ။”

နှစ်ဖက်တိုက်ပွဲဲအခြေအနေနှင့် ပတ်သက်၍ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက် ကျော် က “ဒီနေ့နဲ့ မနေ့ကတော့ မရှိဘူး။ တိုက်ပွဲက ၂၅၊ ၂၆၊ ၂၇ သုံးရက်ပေါ့ ဖြစ်တာ။ ရွာသားတွေအဓိက ထွက်ပြေးတာက ရွာထဲမှာ RCSS က ရောက်လာ တယ်။ ကတုတ်ကျင်းတွေတူးတယ်၊ ခြိမ်းခြောက်တာ တွေ ရှိတယ်လို့ပြောတယ်။ ရွာထဲမှာတော့ တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ တိုက်ပွဲဖြစ်ရတာက ကျနော်တို့ ရှိတဲ့တော တွင်းစခန်းထဲကို စစ်ကြောင်း နှစ်ကြောင်း သုံးကြောင်းလောက် ထိုးစစ်တက်လာတယ်။ အဲ့ဒါကြောင့် တိုက်ပွဲ ဖြစ်ပွားတာဖြစ်တယ်” ဟု ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်နိုင်ရန်အတွက် နှှစ်ဖက်တပ်များက တွေ့ ဆုံဆွေးနွေးရန် လမ်း ဖွင့်ထားသကဲ့သို့ တွေ့ဆုံဆွေးနွေးရန်လည်း အသင့်ရှိသည်ဟု နှစ်ဖက် ပြောရေးဆိုခွင့်ရှိသူများက ပြောဆိုထား ကြသည်။

သို့သော် ယနေ့အချိန်ထိ ထိုတွေ့ဆုံဆွေးနွေးမှုများမှာ ဖြစ်ပေါ်လာခြင်း မရှိသေးပဲ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူ၊ ကျောက်မဲမြို့နယ်များအတွင်း ယခုလထဲတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

“TNLA ကနေပြီး တော့ စပြီးတော့ လာလာ တိုက်နေရင်တော့ မလွဲသာ မရှောင်သာ ပြန်ခုခံရတယ်။ အဲလိုမျိုး ပြီးတော့ TNLA က တော့ သူတို့ အဆင်ပြေရင် ပြေသလို အားရင်အားသလို RCSS တပ်ဖွဲ့ရှိတဲ့နေရာ သူတို့ သတင်းရတိုင်း အလစ်ဝင်တိုက်တယ် အဲလိုမျိုးဖြစ်နေတော့ တိုက်ပွဲက ဆက်ဖြစ်မလား ငြိမ်သွားမလား ဆိုတာ ကတော့ TNLA ဖက်ပဲ မူတည်တယ်နော်” ဟု RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒု-ဗိုလ်မှူးကြီး စိုင်းအုပ်ခေး က သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ဒီဇင်ဘာလ ၂၅ ရက်နေ့ ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်း (၁၀) ဖွဲ့ နှင့် အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေး ထိုးထားသည့် အဖွဲ့ဖြစ်ပြီး တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် PSLF/TNLA မှာ အပစ်ရပ်စာ ချုပ် လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်များထဲက တစ်ဖွဲ့ ဖြစ်သည်။

PSLF/TNLA အပါအဝင် ULA/AA၊ KIO/KIA၊ MNTJP/MNDAA (ကိုးကန့်) စသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ဝင် ၄ ဖွဲ့မှာ ပဏာမ အပစ်ရပ်စာချုပ် Bilateral လက်မှတ်ရေးထိုးနိုင်ရန် အတွက် အစိုးရ၊ တပ်မတော်နှင့် ညှိနှိုင်းနေဆဲဖြစ်သည့် အဖွဲ့အစည်းများဖြစ်သည်။

အားမီ(NMG)-ရေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here