ကချင်လူငယ်ဆန္ဒပြ ဦးဆောင်သူ ၃ ဦးအမှု ဇူလိုင် ၂ ရက်နေ့ ထပ်မံ ရုံးချိန်း

0
237

ပိတ်မိ ပြည်သူများ လွတ်မြောက်ရေး ကချင်လူငယ် ဆန္ဒပြ ဦးဆောင်သူ ၃ ဦး ၏အမှုကို ဇူလိုင် ၂ ရက် ထပ်မံ စစ်ဆေးရန် မြို့နယ်တရားရုံးမှ ချိန်းဆို လိုက်သည်။

စွပ်စွဲခံထားရသော ဆန္ဒပြခေါင်းဆောင် ဦးလွမ်းဇောင်း၊ ဦးဇော်ဂျတ် နှင့် ဒေါ်နန်ပူတို့ ၃ ဦး အမှု ကို မြို့နယ် တရားရုံးတွင် စစ်ဆေးရာ အမှု နှင့်ပက်သက်၍ သက်သေ ခိုင်လုံမှု မရှိ သဖြင့် ပြည်နယ် တရားလွတ်တော်ရုံးသို့ လျှောက်တင်ထားကြောင်း သိရသည်။

ဧပြီလ ၃၀ ရက်နေ့မှ စတင်ပြုလုပ်သည့် ပိတ်မိပြည်သူများ လွတ်မြောက်ရေး ကချင်လူငယ် များ ဆန္ဒပြရာ ဦးဆောင်သူ ၃ ဦးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပခ မှ ဒုတိယ ဗိုလ်မှုးကြီး မျိုးမင်းဦး က တရား စွဲဆို ထား ခြင်းဖြစ်သည်။

အမှု စစ်ဆေးခြင်းကို မေလ ၁၆ ရက်နေ့ တွင် ပထမဆုံး အကြိမ် ပြုလုပ်ခဲ့ပြီး ယနေ့ ဇွန်လ ၁၈ နေ့တွင် ၅ ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here