စစ်ရှောင် တက္ကသိုလ်ဝင်တန်းကျောင်းသားများကို ၈ တန်းစာပြန်ဖြေရမည်ဟု သတင်းအပေါ် ကျောင်းသားများ စိုးရိမ်း

0
219

တိုက်ပွဲများကြောင့် KIO ပညာရေး ကျောင်း မှ ရွေ့ပြောင်းလာသော တက္ကသိုလ်ဝင် တန်းဖြေဆိုမည့် ကျောင်းသား များကို ၈ တန်းအဆင့်မှသာ ပြန်လည်ဖြေဆို ရမည်ဟူသော သတင်းကြောင့့်် ကျောင်းသား များနှင့် မိဘများ က အလွန် စိုးရိမ်ပူပန် ကြောင်း ပြောပါသည်။

ဇွန်လ ၁၈ ရက်နေ့တွင် ပညာရေးဝန်ထမ်းတစ်ချို့က တက္ကသိုလ်ဝင်တန်း တက်ရောက်နေသော စစ်ရှောင် ကျောင်းသားများကို ၈တန်း မှ ပြန်လည်ဖြေဆိုရမည် ပြောဆိုခဲ့ကြောင်း ကျောင်းသားများထံမှသိရသည်။

ထို့ကြောင့် ဇွန်လ ၁၉ ရက်နေ့ ကချင်ပြည်နယ် ပညာရေး ဒုတိယညွန်ကြားရေးမှူး နှင့့့်မြစ်ကြီးနားပညာရေးမှူးများ ၊ အင်ဂျန့်ယန် လွတ် တော်ကိုယ်စားလှယ် တို့ တွေ့ ဆုံဆွေးနွေးခဲ့ပြီး ဖြစ်ပါသည်။

တွေ့ဆုံမှုအရ ယခုလ အတွင်း အတန်းစဉ်အလိုက် ၁၀ တန်း ဖြေဆိုရမည့် ကျောင်းသားသည် ၉ တန်းဖြေဆိုရမည်ဖြစ်ပြီး၊ ၉တန်းဖြေဆိုရမည့်ကျောင်းသားသည် ၈တန်းမှ ဖြေဆိုရမည်ဖြစ်ကြောင်း နှင့် မေးခွန်းများကို ပြည်နယ်မှ ထုတ်ဖြေ စီစစ်သွားမည်ဖြစ်ကြောင်းသိရသည်။

သို့သော်လည်း တိုက်ပွဲကြောင့် စိုးရိမ်ထိတ်လန့်စွာ အဖြစ်ဆိုးကြုံတွေ့ခဲ့ရသော ကျောင်သားများအနေဖြင့် ယခင်နှစ် ပညာသင်နှစ်အတွင်း ကျက်မှတ်ထားသော သင်ခန်းစာများကို မေ့လျှော့သွားမည်ကို မိဘများက စိုးရိမ်နေကြပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here